Zawgyi
ယွန်းပိုးရေ ငါတို့ကျောင်းရောက်တာ သုံးလ ပြည့်တော့မယ် ဘဲလည်းမရသေးဘူး။ ပြောကြတော့ တက္ကသိုလ်ရောက်ရင်ရည်းစားရမည်ဆို ဘယ်အဆင်မှလည်းငါတို့ကို လာမကြိုက်ပါဘူးဟယ်။
အေးဟယ် ဘဝ ကြီးကဆိုးလိုက်တာ ပြောမနေနဲ့။ အတံလိုချင်တယ်။ မြတ်နိုးရယ်။ အာ့မှငါ uke လေးတွေကို ချစ်လို့ရမှာဟိဟိ။ ကျောင်းလှေကားပေါ်မှာ မုန့်ထိုင်စားရင်း ကျောင်းဆင်းချိန်တွေကို ကောင်လေးတွေ ငေးရင်းကုန်ဆုံးနေသော fujoshi မများပင်ဖြစ်သည်။
မြတ်နိုးမရယ် ကောင်လေးတွေကြည့်စမ်း အချမ်းတို့ မိုးခ တိုကိုကြည့်စမ်း ကျောင်းရောက်တာ ဘယ်လောက်မှ မကြာသေးဘူး မိုးခကလည်း The whole king စည်သူခန့်နဲ့ ချမ်းကလည်း အညိုစင်လေး မိုးသောက်နဲ့။ ငါမှာတော့ စည်သူခန့်ကြီးကို The whole king ဆိုပြီး မှန်းပြီးမှ ရှပါလေရော။ ဘဝကြီးက အဆင်ပြေမနေဘူး မြတ်နိုးမရေ။
ငါကတော့gay လိုက်တော့မယ် ယွန်းပိုးမရေ။ ယောကျာ်းလည်းမရမဲ့ တူတူ မမတို့ ညီမလေးတို့ကို ပြောင်းကြံတော့မယ်။
"ကောင်မ အကြံပက်စက် လိုက်တာ ၊ ငါလည်း လုပ်ရင်ကောင်းမလားစဉ်းစားနေတာ။ ကိုကြီး တွေက ငါ့ကို ဆွဲထားနေလို့။ နင့်ကိုကြိုက်တဲ့ အကိုကြီးလည်း မရှိပါဘူးဟယ်။
ယွန်းပိုးနာရီကိုကြည့်လိုက်တော့ 4 နာရီထိုးနေပြီ။
" ကောင်မရေ ferry ရောက်နေပြီ ထင်တယ်။ငါသွားတော့မယ် သိပ်လည်းငမ်းမနေနဲ့ဦး။"
ယွန်းပိုးတစ်ယောက်စာအုပ်က လက်ထဲတစ်ဖက်ကိုင်ပြီး TU တွေရဲ့ တိုင်လုံးတွေကြားဆင်းပြီး ပျောက်ကွယ်သွားတော့သည်။
မြတ်နိုးကမူ EP မေဂျာက ဖယ်ရီကားတူ ေကာင်မလေးများကိုစောင့်ရဦးမည်။ EP နှင့် EC တို့ lab ခန်းဝင်ပြီဆို ကျောင်းဆင်းချိန်ထက် ၁ နာရီကျော်မှ ပြီးသည်။ မြတ်နိုးတို့ တစ်ခြားမေဂျာတွေက စောပြီးလဲ သူတို့ကို စောင့်ရသည်။
မြတ်နိုး မပြန်သေးဘူးလား။ တစ်ခြားမေဂျာမှ အသိကောင်မလေးများက လှမ်းနှုတ်ဆက်ကြသည်။ ခင်စန္ဒီမတို့က ပြီးမှာ မဟုတ်သေးဘူး။ သူတို့် role ကနောက်မှာဆိုတော့ကြာဦမှာ။

YOU ARE READING
ပြည့်တန်ဆာ ဆန်သောညများ(zawgyi + Unicode)
RomanceZawgyi ကျောင်းသားတွေအားလုံးထဲမှ အချောဆုံး၊ အရှုပ်ဆုံးနဲ့ ကိုမှ ချစ်မိခဲ့တဲ့ မိုးခ။ စည်သူခန့်ရဲ့ မာယာကျော့ကွင်းထဲမှ ရုန်းထွက်နိုင်ပါ့မလား။ တော်ဝင်မျိုးနွယ်ပြီပြီ ကြင်နာတတ်ပေမယ့် ရက်စက် သွေးအေး ပြတ်သားတတ်တဲ့ ချမ်း၊ အရမ်းချစ်တတ်ပြီး ပြီးပြည့်စုံတဲ့ စော...