part47 စာမေးပွဲတွင်း

493 27 0
                                    

Zawgyi

ဘာလိုလိုနဲ့ စာမေးပွဲဖြေဖို့ဆယ်ရက်သာလိုတော့တာပေါ့ကွယ်။ စာမေးပွဲ အချိန်စာရင်းကလည်းထွက်နေပြီလေ။

ဒီလိုအချိန်ဆိုနည်းပညာကျောင်းတွေက self study အချိန်ရောက်လာပြီလေ ကျောင်းတက်ဆရာမလိုတော့ဘူးပေါ့။

မိုးခတို့အခန်းလေးလည်း စာသင်တာတွေ ပြတ်ပြီဆိုတော့ မနက်ဖြန်ကစပြီးပိတ်ပြီလေ။
Squard တစ်ခုလုံး သူ့ plan နဲ့သူစာလုပ်နေကြပြီလေ။ fujo ယွန်းပိုးကတော့ ဆုလတ်နဲ့အတူ ကျူရှင်က ပေးတဲ့ စာတွေ လုပ်လိုက်နဲ့ အဆင်ကိုပြေလို့။ ယွန်းပိုးကတော်ပါတယ်။ အတန်းတွေ မတက်တာရော roll ကောင်းချင်တာကြောင့် ကျူရှင်တက်တာလေ။ (လောဘကြီးတယ်လို့ တွေးနေကြပြီမလား😁)

ဆုလတ်မကတော့ စာဆိုလုံးဝကို မလုပ်တော့ သူသာ ကျူရှင်မတက်ရင် ကျမှာလေ အာကြောင့်တက်ရတာ။ ဆက်ပိုင်နဲ့ ခင်စန္ဒီ ကနည်းနည်းတော့လောင်နေပေမယ့် ဟိုလူပေးတဲ့ spot လိုက်၊ ဒီလူပေးတဲ့ spot လိုက်နဲ့ spot လိုက်ကျက်ကြမဲ့သူတွေပေါ့။

အတွဲတွေကတော့

"ကို တို့နဲ့တူတူစာလုပ်မယ်လေ။ စာမေးပွဲက ဆယ်ရက်ပဲလိုတော့တာ။ တို့အဆောင်ကိုလာပြီးစာပြပေးပါလားဟင်။ အင်းအင်းအင်း"

ကလေးသေးသေးလေးလို စာတော်တဲ့စည်သူခန့်ကို မိုးခတစ်ယောက်ချွဲနေပေတော့သည်။

"မအားဘူးကွာ"

စည်သူခန့် အသံတည်တည်နဲ့ စချင်လို့ ပြောလိုက်လေသည်။

"ဟာအဲ့လိုနော်။ ကို မှ မပြရင် ဒီက မိုးမိုးလေးကို။ ဘယ်သူကပြမှာလဲလို့။ မချစ်တော့ဘူးကွာ။." မိုးခ သူကိုယ်သူတောင် မေ့ပြီး ဘယတွေ ပြောလို့ပြောမိမှန်းမသိ စည်သူခန့်ဘေးတွင်ထိုင်ပြီး ချွဲ့နွှဲ့ကာပြောနေမိတော့သည်။

"ဒီလိုတော့မလုပ်ပါနဲ့ဗျာ။ ကိုယ်စာပြပေးပါမယ်။ ညဘက်ကြရင်တော့ပြန်ပြပေးပေါ့"

ရဲကြဲကြဲနဲ့ အကြံအစည်ဆိုးကြီးကို ကြံနေသော မြေခွေးမျက်လုံးပမာ မိုးခကိုကြည့်လိုက်သည်။

မိုးခ စည်သူခန့်ရဲ့ အကြံဆိုးကြီးကို မျက်လုံးကတစ်ဆင့် ရော စကားလုံးကတစ်ဆင့်ရော ရိပ်မိသွားတာကြောင့် ပါးလေးတွေရဲနေပေသည်။

ပြည့်​တန်​ဆာ ဆန်​သောညများ(zawgyi + Unicode)Where stories live. Discover now