part 49 ရိုမန့်တစ် ညလေး 1

1K 30 0
                                    

Zawgyi
အကုန်လုံးက ပြောကြတယ်။ တနသ်ာရီ တိုင်းရဲ့ အကောင်းဆုံး ကမ်းခြေဆို မောင်းမကန်ကိုပဲ လက်ညှိုး ထိုးပြရမှာပါပဲ။

နံနက်၇ နာရီထိုးနေပြီ။ ယွန်းပိုးနှင့်ဆုလတ်ကတော့ ကမ်းခြေမှာရှိုးထုတ်ဖို့သေချာ အလှပြင်ပြင်ဆင်ပြီးပြီ။ ဘုရားသွားဖို့သာ နိုးလို့မရရင် မရမယ် ဒါမျိုး ရွဖို့ဆို သူတို့နှစ်ယောက်က ထိပ်ဆုံးက အတက်ကြွဆုံး ရေကူးရင်လဲ ဖို့ အကျီ်တွေတောင်ရွေးပြီးသား။

မောင်းမကန်မှာ စားသောက်ဆိုင်တွေ ရှိတော့ တကူး တက ထမင်းချိုင့်ထည့်စရာလည်းမလိုဘူးလေ သာသာယာယာ ဝယ်စားရုံပဲ။

နံနက်၈နာရီ

မိုးခကတော့ ရေကူးဘောင်းဘီအကြပ်လေးကို sexy ဆန်ဆန်ဝတ်ထား၏။ သူ၏ မက်မွန်သီး လုံးလုံးလေးမှာ ဘောင်းဘီ အကြပ်ကြောင့် မြင်ရသူတိုင်းအားကျရပေလေသည်။ အကျီ်မှာပေါ့ပေါ့ပါးပါး ကမ်းခြေတွင် ဝတ်လေ့ရှိသော T shirt အဖြူလေးသာ ဝတ်ထား၏။

စည်သူခန့်ကမူ ယောကျာ်းလေးပီပီ ကမ်းခြေစတိုင် အတွင်းက six packs တွေပါဖောက်မြင်ရတဲ့ ကမ်းခြေဝတ်စွပ်ကျယ်တို့ကိုနှင့် ဒူးအထိရှည်သော ဘောင်းဘီ တိုတို့ကိုဝတ်ဆင်ထားပေလေသည်။

ချမ်းနှင့် မိုးသောက်ကမူ

ဆင်တူ ဟာဝါအီပန်းပွင့်ရှပ် ရိုင်ဖယ်သားလေးကို ဝတ်ဆင်ထားပြီး အရောင်ခပ်မွဲမွဲဘောင်းဘီတို့ကိုဝတ်ဆင်ထားသည့်။

မြတ်နိုးကတော့ lesbian ဆိုသည့်အတိုင်းယောကျာ်းဆန်ဆန်ဘောင်းဘီနှင့် T shirt တာဝတ်ထားတော့သည်။

ဆုလတ်နှင့်ယွန်းပိုးတို့က ဂါဝန်ရှည်အဖြူနှင့်အဝါတို့ကိုဝတ်ဆင်ထားသည်။

ရွှေရည်နှင့်ဆက်ပိုင်ကတော့ ထူးခြားစွာဝတ်ဆင်လာလေသည်။

ဆက်ပိုင်ကတော့ ယိုးဒယားကလာတဲ့ ထိုင်းအဆင် ကမ်းခြေသွား fashion နှင့် အတူ ရွှေရည်ကတော့ ထုံးစံအတိုင်းသူ trade mark ဘေးခွဲထားသည့် တောက်ပနေသည့် ဂါဝန်ပိုးထည်ဝတ်လာပေသည်။

ထိုပိုးထည်ကိုကြည့်ပြီးသူမဘယ်လောက်ချမ်းသာလဲဆိုတာ လူတိုင်းပြောနိုင်သည်။ အဲ့လောက်ထိအောင်အရည်အသွေးကောင်းသည့် ပိုးထည်ကိုသာ သူမဝတ်ဆင်ထားခြင်းဖြစ်သည်။

ပြည့်​တန်​ဆာ ဆန်​သောညများ(zawgyi + Unicode)Where stories live. Discover now