zawgyi
ကန်တင်းကို မိုးခ ကွန်ကရစ်ခင်းထားတဲ့လမ်းကမသွားဘဲ ပိုက်ကျော်ခြင်းလုံးကွင်းဘက် ဘေးကမြေလမ်းလေးက သွားသည်။ မြေလမ်းလေးသည် သဘာဝဆန်သည်လှသည်။ မြက်ခင်းများ မြေလမ်းဘေးတွင်ဝန်းရံထားကြသည်။ထိုလမ်းသည်သွားရတာလည်းမြန်သည်။မြောင်းအုတ်ခုံသေးသေးလေးလည်းရှိသောကြောင် ကွန်ကရစ်လမ်းလိုစိတ်ရှုပ်စရာလည်းသိပ်မများလှပေ။ အနောက်ဘက်ရှိကန်တင်သုံးခုထဲမှာ မိုးခ က အရသာ အကောင်းဆုံးဖြစ်သော ကန်တင်းသို့ဦးတည်လိုက်သည်။ ၀ါးကန်တင်းပင် ကန်တင်းသုံးခုစလုံးတွင်နာမည်များရှိသော်လည်းကျောင်းသားများက လွယ်လွယ်ကူကူပင်ခေါ်ကြသည်။ ထားဝယ်သူ အသက်ကြီးကြီးရောင်းသော ကန်တင်းကို ထားဝယ်ကန်တင်းဟုလည်းကောင်း၊ လူအထိုင်အများဆုံး အလည်ရှိကန်တင်းကို အလည်ကန်တင်းဟုလည်းကောင်း၊ ၀ါးများဖြင့်အလှဆင်ထားသောကန်တင်းကို ၀ါးကန်တင်းဟု ခေါ်ကြသည်။ မိုးခ၀ါးကန်တင်း သို့သွားနေစဉ် အလည်ကန်တင်းထဲတွင် chan ကိုတွေ့ရသောကြောင့် ချမ်းရှိရာတွင်သာထိုင်ဖို့ဆုံးဖြတ်လိုက်ပြီး အလည်ကန်တင်းသို့ ၀င်လာခဲ့လေသည်။ ချမ်းဘေးရှိစားပွဲမှာကတ်ထိုင်လိုက်ပြီး စားပွဲထိုးအမကြီးအား ထမင်းတစ်ပွဲ မှာလိုက်သည်။ ချမ်းကမှု ဖုန်းကို တစ်ချက်ကြည့်လိုက် ထမင်းစားလိုက် အအေးသောက်လိုက်နှင့်ဗျာများနေပေသည်။ ဟဲ့ ချမ်း စားမှာဖြင့်စားစမ်းပါ စိုင်းလုံ စီက massage ကိုမျှော်နေတုန်းပဲလား။ ချမ်းက စိုင်းလုံကိစ အသေးစိတ်ကို မိုးခ ကိုမပြောပြဖူးသော်လည်း မိုးခလည်းသိသင့်သလောက်တော့သိသည်။" မမျှော်ပာဘူးဟာ မင်းကလည်း။ "ဘာကို မမျှော်ဘူးလည်း ဖုန်းကို အရိပ်တကြည့်ကြည့်နဲ့ ။" ကဲချမ်းပြောပါဦး ဒီနေ့ စိုင်လုံနဲ့ ငါနဲ့ ဖုန်းပြောဖို့ချိန်းထားတာ သူကနိုင်ငံခြားမှာစာသင်နေတာ ဆိုတော့ အလုပ်များရင်း ငာကို ဖုန်းခေါ်ဖို့မေ့နေတယ်ထင်ပါ့။ စိတ်မကောင်းသော လေသံဖြင့် ချမ်းပြော၏။ ကဲပါ နေပါဦး မင်းကငါ့အကြောင်းပဲမေးနေတယ်။ မင်းကကော ဘယ်ရောက်နေလို့ အခုမှပေါ်လာတာတုန်း။ library မှာစာဖတ်နေတာ။ မိုးခ နေဦးမင်း စည်သူခန့်နဲ့ တူတူ ရှိနေတယ်လို့ မပြောနဲ့။ ထင်တော့ ထင်သား ဟိုတစ်ယောက်ကလည်း တစ်ချိန်တည်းထွက်သွားတယ်။ ဒီတစ်ယောက်ကလည်း library သွားတယ်ဆိုတော့။ ဟုတယ်မလားငါပြောတာ"။ ချမ်းကစနောက်က ပြောလိုက်သည်။ ပြောကရတွေချမ်းရာ ငါက ဆက်ပိုင်နဲ့ လာတာ သူက ကိစ ရှိလို့ခနထွက်သွားတာ ကန်တင်းတော့လာမယ်ပြောတာပဲ။ ဒါနဲ့ စကားမဆက် စည်သူခန့်က ငါ့ကို မကောင်းတာတွေပြောသွားတယ်။ ငါ့မှာရန်မဖြစ်ချင်လို့သာ ပြန်လာရတယ်။ သူကိုကမဟုတ်တာ။ မိုးခ ပြောပြီးပြီးချင်း ချမ်းက လှောင်ရီနည်းဖြင့်ရယ်ပြီးသူပဲ ကြိုက်တုန်းက ကြိုက်ပြီးအခု မှာဘာတုန်း။ မိုးခဘာပြောရမှန်း မသိသေးခင်ဆက်ပိုင်ရောက်လာပြီး sorry ပဲကွာ ရန်ကုန်က အိမ်ကဖုန်းဆက်လာလိုသွားလိုက် ရတာ ဟုပြောပြီးဝင်ထိုင်သည်။ ဆက်ပိုင်ကိုလာမှပြီးထိုင်သောက်နေတုန်း can I go where you go ဟူသော taylor swift ရဲ့ lover သီချင်းသံထွက်လာတာကြောင့် ချမ်းလည်းဖုန်းပြောရန်ထထွက်သွားသည်။ ထိုစဉ် မိုးခက library တွင် စည်သူခန့်နဲ့ ဖြစ်ပျက်တာတွေကို ဆက်ပိုင်ကို အကုန်ပြောပြလိုက်သည်။ ဆက်ပိုင်ကြားကြားပြီးချင်း စိတ်တိုလာပြီး ငါသူ့ကိုသွားထိုးမယ်မိုးခ ငါ့ကို မတားနဲ့ ဟု ထိုင်နေရာမှဆက်ခနထလိုက်သည်။ မိုးခက ဆက်ပိုင်လက်ကိုလိုက်ပြီး အတန်းစတော့မယ်လာ ငွေရှင်းရတော့မယ် လာ စားပွဲထိုး အမကိုခေါ်ကာငွေရှင်းလိုက်သည်။ ဆက်ပိုင်စိတ်ထဲမှာတွေးနေတာက သူစည်သူခန့်ကို တစ်ခုခု လုပ်မှဖြစ်မယ် လက်သီးဆုပ်လိုက်လေသည်။ ချမ်းကတော့ ချစ်ရသူစိုင်းလုံနဲ့ ဖုန်းပြောရင်းကျန်ရစ်ခဲ့ပေလေသည်။ မိုးခနှင့်ဆက်ပိုင်ကမှု အခန်းသို့ပြန်သွားသည်။
YOU ARE READING
ပြည့်တန်ဆာ ဆန်သောညများ(zawgyi + Unicode)
RomanceZawgyi ကျောင်းသားတွေအားလုံးထဲမှ အချောဆုံး၊ အရှုပ်ဆုံးနဲ့ ကိုမှ ချစ်မိခဲ့တဲ့ မိုးခ။ စည်သူခန့်ရဲ့ မာယာကျော့ကွင်းထဲမှ ရုန်းထွက်နိုင်ပါ့မလား။ တော်ဝင်မျိုးနွယ်ပြီပြီ ကြင်နာတတ်ပေမယ့် ရက်စက် သွေးအေး ပြတ်သားတတ်တဲ့ ချမ်း၊ အရမ်းချစ်တတ်ပြီး ပြီးပြည့်စုံတဲ့ စော...