part 19 beginning of friendship

1.4K 46 0
                                    

Zawgyi

မိုးခ တစ်နေ့ကုန်အောင် ဆက်ပိုင်စီကိုအခါခါကြိုးစားပြီးဖုန်းဆက်နေသော်လည်းမကိုင်ပေ။ မနေ့ကတည်းကဖုန်းဆက်လို့မရသည်မှာအခုထက်ထိပင်။ မိုးခတော်တော်လေးစိတ်ပူနေသည်မှာအမှန်ပင်။ ကျောင်းရောက်မှဘဲမေးတော့မည်ဟု မိုးခ ဆုံးဖြတ်လိုက်ပြီး ဖယ်ရီနှင့်သာကျောင်းသို့လာခဲ့လေသည်။ ပထမအချိန်က သချာ်ဆရာမချိန်ဖြစ်သည်။ သို့သော်ဆရာမရောက်မလာ၍ တစ်ခန်းလုံး Ml ဆော့သူကဆော့။ Fb သုံးတဲ့သူက သုံးဖြင့် အသံပေါင်းများစွာဆူညံနေပေသည်။ ထိုစဉ် မစိုးစန္ဒာရောက်လာပြီး "ကဲ မောင်လေးတို့တစ်ခန်းလုံး နေ့လည်ထမင်းစားချိန်ကြဘုရားခန်းကိုလာခဲ့ကြပါ။ မတို့ မေဂျာက အကအဖွဲ့ထွက်ဖို့ရှိလို့ အကုန်လုံးပါပေးကြမည်လို့မျှော်လင့်ပါတယ်။ ကဲမမသွားပြီ။" မမစန္ဒထွက်သွားတော့ "ယွန်းပိုးက သား ရေမားတို့အတူကကြမယ်လေ။ တို့ mechanical မေဂျာက မိန်းကလေးနည်းတော့ ကမယ့်သူသိပ်ရှိမှာမဟုတ်လောက်ဘူး။ king ရယ် prince ရယ် selection ပါတဲ့လူတွေလောက်ပဲ။ ကျန်တဲ့သူတွေက ဂိမ်းဆော့တာပဲကြိုက်ကြတာ။ ပါမှာမဟုတ်လောက်ဘူး။" သားမိုးခက ပါကိုပါရမယ်။ ဘာမှလုပ်မနေနဲ့ သားအကြောင်းမားအကုန်သိပြီးပြီ မားလို့သာခေါ်တော့ဟုပြီလား။ ယွန်းပိုး အများကြီးပြောသွားတော့လည်း မိုးခ ဘာမှ ပြန်မပြောနိုင်ရှာ။ ပြောချင်ရာတွေပြောပြီး ယွန်းပိုးပြန်လှည့်သွားသည်။

ထို့နောက်သချာ်ဆရာဝင်လာ၏။ သချာ်ဆရာဝင်ပြီးမှ ဆက်ပိုင် အခန်းရှေ့သို့ရောက်လာသည်။ ဆက်ပိုင်ဆရာဆီမှာဝင်ခွင့်တောင်းပြီး တော့မှ အတန်းထဲကို ဝင်သည်။ ဆက်ပိုင်သည်အရမ်းကြီး ယဉ်ကျေးသူမဟုတ်သောလည်း ရိုင်းသူမဟုတ်ပေ။ သူ့ကိုထိရင်တော့ အဂ်ါဂွိုလျထိ လိုက်သတ်မည့်သူပင်။ ဆရာစာသင်နေသဖြင့် မိုးခ စကားပြောချိန်မရပေ။ ချမ်းကလည်းစာကိုသာစိတ်ဝင်စားနေသောကြောင့်ဖြစ်သည်။ သို့သော်လည်း မိုးခ စိတ်ထိန်းမရသောကြောင့် ဆက်ပိုင်စီကို စာတစ်ဆောင်ပို့လိုက်သည်။ "ဆက်ပိုင်မနေ့က ဘာဖြစ်ကြတာလဲ ငါ့ကိုလည်းပြောပြပါဦး" ဖုန်းခိုးသုံးကာပို့လိုက်လေသည်။ သို့သော်လည်း ဆက်ပိုင်မကြည့်ပါ။ စာကိုသာအာရုံစိုက်ဟန်ပြုနေပေသည်။ မိုးခစိတ်မဝင်စားသော သချာ်ကို အကြာကြီး သင်ပြီးနောက်နေ့လည်စားချိန်ရောက်လာ၏။ အရင်က မိုးခ နှင့် ချမ်းကို အကြာကြီးစောင့်နေတတ်သော ဆက်ပိုင်သည် သူတို့ကို စိတ်ဝင်စားဟန်မပြဘဲ ခပ်သွက်သွက် ဆင်းသည်နှင့် ထွက်သွားပေသည်။ သားရော ချမ်းရော မားတို့နဲ့ တူတူလာစား တို့အားလုံး က တစ်ခန်းထဲသူငယ်ချင်းတွေ ပဲဥစ္စာ၊ နောက်ခြောက်နှစ်တိတိတူတူတက်ရမှာပဲကို ဟုတ်ပြီလား၊ မြတ်နိုးရော မြတ်သင်ဇာကော တူတူ လိုက်ကြမှာ၊ သူတို့လည်းနင်တို့နဲ့သူငယ်ချင်းဖြစ်ချင်နေကြတာ ကဲလာသွားကြမယ်။ " သူတို့အဖွဲ့ထွေရာလေးပါးလျောက်ပြော ရယ်မောကြရင်းကန်တင်းထဲဆင်းကာမုန့်မြန်မြန်စားလိုက်ကြသည်။ ထို့နောက် စီနီယာတွေခေါ်ထားသော ဘုရားခန်းကို တူတူသွားကြသည်။
တူတူပင်ဝိုင်း၍ တတိယထပ်ရှိဘုရားခန်းတွင်ထိုင်လိုက်ကြသည်။ စီနီယာများက တစ်ယောက်ချင်းစီလိုက်၍ အကအဖွဲ့တွင်ပါဖို့စည်းရုန်းကြသည်။ မည်မျှပင်ငြင်းငြင်း စီနီယာအဖွဲ့၏ ဘက်ပေါင်းစုံ ချော့၍သောလည်းကောင်း၊ခြောက်၍သော်လည်းကောင်း စည်းရုံးမှုကြောင့် အကုန်လုံးအကအဖွဲ့သို့ရောက်သွားလေသည်။ အက ကမည်သူများသည် roll call free ရကြသည်။ ဒါကြောင့်လည်းပါဝင်သူများက အဲ့အချက်ကြောင့်အဓိက ပါဝင်ကြခြင်းဖြစ်သည်။

ပြည့်​တန်​ဆာ ဆန်​သောညများ(zawgyi + Unicode)Where stories live. Discover now