Zawgyi
မိုးခ စည်သူခန့် ကို ဝတ်ပေးလိုက်ပြီးတဲ့နောက်။
တစ်ဖက် ဆက်ပိုင်ကလည်းမိုးခ ကိုလိုက်ရှာနေသည်။ ဆက်ပိုင်တော်တော်လေးရှာလိုက်ရသည်။ သို့သော် မိုးခ ကိုရှာမတွေ့သေး။ နောက် ဆုံး မလှမ်းမကမ်းက အခန်းတံခါးတစ်ခု ပိတ်ထားသည်ကိုတွေ့၍ တံခါးမှန်မှ တစ်ဆင့်ကြည့်လိုက်သည်။ သေချာ ကြည့်သော်လည်း လိုက်ကာများ ကာရံထားသည်က တစ်ကြောင်း မိုးခတို့ရှိနေသော်လည်း မမြင်ရပါ။ နောက်မှ သေချာကြည့်တော့မှ မိုးခ ကို တွေ့ရသည်။ သူမိုးခကို ဖြတ်ခနဲ တွေ့လိုက်သဖြင့် တံခါးကို အဆက်မပြတ် ထုရိုက်လိုက်သည်။ "မိုးခ၊ မိုးခ ငါဆက်ပိုင်ပါ မင်းအဆင်ပြေရဲ့လား"
မိုးခ တံခါးသွားဖွင့်မည်အလုပ် စည်သူခန့်က rolex နာရီဝတ်ထားသော လက်ဖြင့် မတ်တပ်ရပ်လိုက်သော မိုးခ ကို ဆွဲလိုက်ပြီး ရင်ခွင်ထဲ ထည့်လိုက်သည်။ မိုးခ ပြန်ရုန်းတော့ "ငါတို့ အခုပဲ ထွက်မယ် မိန်းမက ငြိမ်ငြိမ်နေ"
မိုးခကို လွှတ်လိုက်ပြီး ရှေ့က နေ စည်သူခန့်က မျက်နှာထား ခပ်တည်တည်နဲ့ တံခါးချက်ကို ဖွင့်လိုက်သည်။ ဆက်ပိုင်ကို တိုက်လိုက်သည်။ ပြီးမှ မိုးခ ထွက်လာတာစောင့်ပြီး မိုးခ နားကိုကပ်ပြီး "ငါပြောတာတွေ မင်းမေ့ရင် အကျိုးဆက်တွေမင်းသိမှာပေါ့"
ဆက်ပိုင် သူတို့ပြောနေတာကြည့်ပြီး သူတစ်ခုခု လုပ်ရတော့မယ်လို့ သူစိတ်ကူးထဲေ တွးနေမိရင်း စည်သူခန့်ပြောပြီး မျက်နှာကို မိုးခစီမှ ဖယ်လိုက်သည်နှင့်
မိုးခမျက်နှာကို အနားကို ဆွဲတိုးပြီး နှုတ်ခမ်းပါးပါးလေးကို အနမ်းပေးလိုက်သည်။ပြီးမှ မိုးခကိုဖက်လိုက်ပြီး စည်သူခန့်ကို လေသံမာမာဖြင့်ပြောလိုက်သည်။ " မင်းငါ့ရည်းစားဘေးက ထွက်သွားလိုက်ရင်ကောင်းမယ် မင်းနှောင့်ယှက်နေတာတွေ ရပ်လိုက်တော့၊ သူက ငါ့အပိုင် နောက်တစ်ခါဒီလိုဆို ငါ့ကို အဆိုးမဆိုနဲ့ ။"
စည်သူခန့်တောက်တစ်ချက်ခေါက်လိုက်ပြီး "မင်းငါ့အကြောင်းသိနေရမယ် ဆက်ပိုင် " လို့ပြောလိုက်ပြီး King Queen အတွက်သီးသန့်လုပ်ထားတဲ့အဆောင်ကိုသွားသည်။
စည်သူခန့်သွားတော့မှာ မိုးခ ဆက်ပိုင်လက်ကို ဖယ်လိုက်ပြီး စိုးရိမ်နေတဲ့လေသံလေးဖြင့် "မင်းတကယ်ဆို ဒီလောက်ထိ လုပ်ဖို့မလိုဘူးလေ၊ ငါအဆင်ပြေပါတယ်၊ ထပ်မလုပ်နဲ့တော့အခုလို "သူ နမ်းတာကို ဆိုလိုပြီးဆက်ပိုင်ကို ပြောလိုက်သည်။

YOU ARE READING
ပြည့်တန်ဆာ ဆန်သောညများ(zawgyi + Unicode)
RomansaZawgyi ကျောင်းသားတွေအားလုံးထဲမှ အချောဆုံး၊ အရှုပ်ဆုံးနဲ့ ကိုမှ ချစ်မိခဲ့တဲ့ မိုးခ။ စည်သူခန့်ရဲ့ မာယာကျော့ကွင်းထဲမှ ရုန်းထွက်နိုင်ပါ့မလား။ တော်ဝင်မျိုးနွယ်ပြီပြီ ကြင်နာတတ်ပေမယ့် ရက်စက် သွေးအေး ပြတ်သားတတ်တဲ့ ချမ်း၊ အရမ်းချစ်တတ်ပြီး ပြီးပြည့်စုံတဲ့ စော...