Zawgyi
Part 32 စည်သူခန့်ဖုန်းခေါ်သည့်အခန်းမှပြန်ဆက်သည်။
မင်းအခုကြေနပ်တယ်မလား စည်သူခန့်။ မင်းဖျက်စီလိုက်ပြီ ငါ့ဘဝ ကို ကျေနပ်ရဲ့လား။
ငါရှင်းပြတာနားထောင်ပါဦး မိုးခ။ ဒီ video ကိုတွေကို ငါဖြန့်တာလုံးဝ မဟုတ်ဘူး။ ငါစီက တစ်ယောက်ယောက်ခိုးသွားတာမိုးခ။ ငါ့မျက်နှာကိုဖုံးထားတယ်ဆိုကတည်းက မင်းကို အပုတ်ချနေတဲ့ တစ်ယောက်ယောက်ကလုပ်တာမိုးခ။ ငါ့အမှားအတွက်ငါ တောင်းပန်ပါတယ် မိုးခ။
မင်းတောင်းပန်လည်းမထူးတော့ဘူး စည်သူခန့်။ Video ကလည်းပျံ့တာက ပျံ့ နေပြီ အခုမှ ငါကို မင်းဘာမှ ပြန်လုပ်ပေးလို့မရတော့ဘူး။ ငါ့ ကို ဒီတိုင်းလေးပဲ ပစ်ထားလိုက်ပါတော့ကွာ။ ငါတောင်းပန်ပါတယ်။
ငါ့အမှားအတွက် ငါတာဝန်ယူပါ့မယ်။ မင်းကိုမထိခိုက်စေရဘူး မိုးခ။ ငါ့ကို ဒီညထိ အချိန်ပေးပါ။ ငါဖြေရှင်းပေးပါ့မယ်။
တစ်ဖက်
ယွန်းပိုး နှင့်မြတ်နိုး။
ယွန်းပိုး ရေ မိုးခ ရဲ့ HD တွေ ကျောင်း gp တွေ ထဲမှာ ပလူပြန့်နေတယ်တဲ့ နင်ကြည့်ပြီးပြီလား။
ငါအိပ်နေတာကို။ ကဲပါ နင်လင်းတော့လည်းကြည့်ရမှာပေါ့။ bl မလားဟဲ့ မြတ်နိုး။
ဟိုအကောင်က မျက်နှာဝါးထားတယ်ဟဲ့ မိုးခ မျက်နှာပဲ မြင်ရတယ်ဟဲ့။ seme က အကိတ်ကြီး။ ဟိတ်တော်လိုက်တော့။ ငါ့ဟာငါကြည့်မယ်။
ကျောင်းသားရောက်ဖို့ နာရီဝက်တောင်လိုသေးတယ်။ Fujo မ ပီပီ gay porn ကြည့်တာ စမ်းမှ မစမ်းတာ ဟိဟိ။
လူလစ်မလစ် ယွန်းပိုးအခန်းအပြင်ကို ခေါင်းပြူထွက်ကာကြည့်လိုက်၏။ ဘယ်သူမှ မတွေ့တော့မှ အသာအယာ အခန်းအပြင်ထွက် လှေကားမှ တစ်ဆင့် အောက်ထပ်က အိမ်သာစီကို ဆင်းသွားလိုက်သည်။ အိမ်သာတံခါးကိုဖွင့် ဗိုလ်ထိုင်အိမ်သာ အဖုံးပေါ် ထိုင်လိုက်လေသည်။
အသင့်ပါလာသောနားကြပ်ကို နားထဲ ထိုးထည့်လိုက်ပြီး မြတ်နိုးပေးထားတဲ့ link ထဲကို ဝင်ကြည့်လိုက်သည်။

YOU ARE READING
ပြည့်တန်ဆာ ဆန်သောညများ(zawgyi + Unicode)
RomanceZawgyi ကျောင်းသားတွေအားလုံးထဲမှ အချောဆုံး၊ အရှုပ်ဆုံးနဲ့ ကိုမှ ချစ်မိခဲ့တဲ့ မိုးခ။ စည်သူခန့်ရဲ့ မာယာကျော့ကွင်းထဲမှ ရုန်းထွက်နိုင်ပါ့မလား။ တော်ဝင်မျိုးနွယ်ပြီပြီ ကြင်နာတတ်ပေမယ့် ရက်စက် သွေးအေး ပြတ်သားတတ်တဲ့ ချမ်း၊ အရမ်းချစ်တတ်ပြီး ပြီးပြည့်စုံတဲ့ စော...