part 20 mysterious one

1.4K 38 2
                                    

Zawgyi
သူတို့ mechanical major အကအဖွဲ့ က ကရတဲ့အက က စုံတွဲအကပေါ့။ သူတို့အားလုံးအကတိုက်ကြတဲ့နေရာက Mechanical မေဂျာ အထပ်က နောကျဘကျလှကေားလမျးက မြေနေရာအကျယ်ကြီးမှာလေ။ လူနည်းရင်တော့ 5BE အခန်းကို သုံးတယ်လေ။ မိုးခ နဲ့ ယွန်းပိုးတို့တစ်ဖွဲ့လုံးကတော့ မနက်၉ နာရီ ဖယ်ရီဆိုက်ပြီဆိုတာနဲ့ ဒုတိယထပ် Mechanical major အထပ်ကို ပြေးတက် 5 BE ခန်းမှာထိုင်စောင့်နေရတော့တာပဲ။ စီနီယာတွေ ကသဘောကောင်းပါတယ်။ တစ်ခါတစ်ရံနှိပ်စက်တာလေးက လွဲလို့ပါ။ The whole welcome က အက က တစ်ခြား ပွဲတွေထက် ပြိုင်ဆိုင်မှုပိုကြီးတယ်လေ။ မေဂျာအချင်းချင်းကလည်း သူနိုင်ငါနိုင်အပြိုင်နေရာတစ်ကာ ပြိုင်နေကြပဲ။ အနုပညာပိုင်းဆိုရင် EC ၊ EP ကအများအားဖြင့် Top ပဲ။ ခွန်အားနဲ့ အားကစားဆိုရင်တော့ အားကောင်းမောင်းသန်ယောကျာ်းလေးအများစုရှိတဲ့ Mechanical နဲ့ Civil မေဂျာ တို့က ထိပ်တန်းပဲ။

မိုးခတို့အဖွဲ့ကို အကသင်ပေးတာက မစိုးစန္ဒာပဲ။ မမ စိုးစန္ဒာက ငါးနှစ်မြောက်ဆိုတော့ 5 BE ကျောင်းသူလို့ခေါ်တယ်လေ။ BE က အင်ဂျင်နီယာဘွဲ့ကို အတိုခေါက်ခေါ်တာလေ။ မိုးခတို့ အကတိုက်တာက အဖွဲ့က လူသာ ခွဲထားတာ အတွဲကတော့ လူလိုတဲ့ အတွဲကလိုနဲ့ ဘယ်လိုမှအဆင်မပြေကြဘူး။ "
မောင်လေးတို့ရေ မမတို့ ကတာက သိပ်အဆင်မပြေဘူးရယ်။ မမတို့ လူအသစ်ရှာဖို့လိုဦးမယ် ။ မင်းတို့လည်းကူရှာပေးကြပါကွယ် မမကို။" မစိုးစန္ဒာကပြောပြီး မနက် ၁၂ ကန်တင်းဆင်းချိန်ထိ မရပ်မနားစုံတွဲအကတိုက်ကြသည်။ မိုးခက လုံးဝအကညံပေမယ့် စီနီယာတွေရဲ့ ဆူတစ်လှည့်ချောတစ်လှည့် သင်ပေးမှု မှာ အကောင်းဆုံးကြိုးစားသင်ရှာပါတယ်။

စည်သူခန့်ကတော့ အကအဖွဲ့ထဲမပါဘူးလေ။ သူက King ရွေးထားသူဆိုတော့ အကမပါချင်ဘူးပြောပြီး ထွက်ပြီး model show လျောက်မယ့်ဟာကိုပဲ အားထည့်ထားတယ်လို့ မစိုးစန္ဒာပြောတာကို မိုးခကြားမိသည်။

စီနီယာတွေ လည်းအက တိုက်နေကြတာကြောင့်နေရာအလုံအလောက်မရှိတာကြောင့် မိုးခနဲ့ ယွန်းပိုးတို့အဖွဲ့ကစောစောစီးစီးနားလိုက်ကြပြီး ညနေအတန်းသွားတက်ကြသည်။ မိုးခတို့အတန်းနောက်မှာ မိုးခ အတန်းထဲမှာတစ်ခါမှမမြင်ဖူးသောကောင်လေးတစ်ယောက်ရောက်နေသည်ကို မိုးခတွေ့လိုက်၏။ မိုးခက ထိုကောင်လေးကိုကြည့်ရင်း ချမ်းကို မျက်စိပစ်ပြလေသည်။ ချမ်းကမူ စိုးလုံရှိသည်ဟူသော အကြည့်ဖြင့် ခပ်တည်တည် မိုးခကိုပြန်ကြည့်လိုက်ပြီး ထိုကောင်လေးရှိ အတန်းထဲတွင်ဝင်ထိုင်သည်။ ယွန်းပိုးကတော့ ထိုကောင်လေးကို ခပ်တည်တည်ပြုံးပြပြီး Fujoshi ပြီးပြီ ship ရင် စိတ်ကူးကမ္ဘာထဲရောက်နေပြန်သည်။ ဆက်ပိုင်နှင့် စည်သူခန့်ကမူ အတန်းထဲတွင်ရှာမရှိပါ။ မိုးခ စည်သူခန့်ကို တကူးတက မရှာတော့လည်း သူရှိသောနေရာကို လှမ်းကြည့်မိ၍ ဖြစ်သည်။ ဆက်ပိုင်ကတော့ အထွေအထူး ပြောစရာမလိုပါ မိုးခဘေးတွင်ထိုင်သူမဟုတ်ပါလား။

ပြည့်​တန်​ဆာ ဆန်​သောညများ(zawgyi + Unicode)Where stories live. Discover now