part 28 အမုန်း၏စေရာ

1.1K 35 0
                                    

Zawgyi

ထိုကာလ မိုးခရဲ့အတွေးထဲသို့ တစ်စစ ထိုအဖြစ်အပျက်များဝင်ရောက်လာသည်။

လွန်ခဲ့သော ေခြာက်နှစ်ခန့်

"ကျွန်တော်နာမည်မိုးခပါ။ မိုးခငါးတန်းအရွယ် အဖြူရောင် ရှုပ်အကျီနှင့် အစိမ်uးရောင်ဘောင်းဘီတိုနှင့် နှုတ်ဆက်နေသော သူကိုယ်သူ။ ပါးဖောင်းဖောင်း ဆံပင်တိုတို တစ်ကိုယ်လုံးနီပြီး အရပ်ပုပု နှင့်သူသည် နှုတ်ဆက်အပြီး လေးယောက်တစ်တန်းထိုင်ရသော ထိုင်ခုံလေးတွင် ဝင်ထိုင်သည်။ သူဘေးတွင်ထိုင်နေသူက အရပ်ရှည်ရှည် ဆံပင်အမည်းရောင်နဲ့ မြန်မာဆန်ဆန် ပုဆိုးနဲ့နေတတ်သူ ကောင်လေးတစ်ယောက်။

မိုးခ အပြုံးတစ်ပွင့်သူ့ကိုပေးပြီး သူ့ဘေးကို ဆရာမက ညွှန်ပြလိုက်သဖြင့် သူပျော်သွားပြီး သွားထိုင်လိုက်သည်။ သပ်သပ်ရပ်ရပ်မြန်မာဆန်ဆန်ကောင်လေးက သူ့ကို စကားသိပ်မပြောပါ။ သူပဲ အမြဲ ခဲတံတွေယူသုံးလိုက် အနားကိုကပ် ကာ ထိုကောင်လေးကို စလိုက်နှင့် မိုးခပျော်နေသည်။ တဖြည်းဖြည်းထိုကောင်လေးက မိုးခကို စကားပြန်ပြောလာသည်။ သူနာမည်က ခန့်မင်းပိုင်တဲ့။ မိုးခ သေချာမှတ်မိနေသေးတယ် ယခုအချိန်ထိ။

ခန့်မင်းပိုင်နှင့်ခြောက်တန်းမှာသူငယ်ချင်းဖြစ်သွားကြသည်။ မင်းပိုင်ကရုပ်ချောသည်။ ရည်မွန်သည်။ စာလည်းအသင့်အသင့်တော်သည်။ မိုးခ ခန့်မင်းပိုင်ရဲ့ မိသားစု အကြောင်းတွေလည်းမသိပါ။ သိလည်းမသိချင်ပါ။ အဓိက က ခန့်မင်းပိုင်ဆိုသော စကားဖော်ကစားဖက်သူငယ်ချင်း ရှိသောကြောင့်ဖြစ်သည်။ သို့သော်လည်း ခုနစ်တန်းနှစ်ကုန်ခါနီးတွင် သူတို့၏ အဖြူရောင်သူငယ်ချင်းသံယောဇဉ် သည် အရောင်ပြောင်းလာခဲ့သည်။ ကျန်တာတွေ ဆက်စဉ်းစား မိလျှင် မိုးခ သက်သေ ချင်လောက်အောင်နာကျင်လာရမည်ဖြစ်သော ကြောင့် မစဉ်းစားတော့ဖြစ်တော့ပါ။

စည်သူခန့်၏ ရင်ခွင်ကျယ်ကြီးထဲ ဝင်ပြီးသာ သူအိပ်လိုက်သည်။ ဒီလိုနှင့်ဒီနေ့ညကို စည်သူခန့်နှင့်အတူ ကျောင်းဝန်းထဲမှာပဲ ကုန်ဆုံးလိုက်ရလေသည်။

တနဂ်နွနေံနက် ၁၀ နာရီမှာ မိုးခ နိုးလာသည်။ စည်သူခန့်ကတော့ အဝတ်ဗလာနှင့် အိပ်မောကျနေဆဲ။ သူစည်သူခန့်မျက်နှာကို တစ်ချက်နမ်းလိုက်သည်။ ချစ်ဖို့ကောင်းနေလို့လေ။ ဆံပင်ရွှေရောင်နဲ့ ဗလတောင်တောင့်ကောင်လေး ကိုယ်နားတင် ချစ်စရာကောင်းစွာနဲ့ အိပ်မောကျနေတာကို တောင့်ခံနိုင်တဲ့သူရှိမှာလားလို့။ ဒါအပြင် သူက တစ်ကျောင်းလုံးရဲ့ ကင်းဇိုးလေးလေ။ မိုးခ မနေ့က ရှုပ်အကျီနှင့်ဘောင်းဘီကို ဝတ်လိုက်ပြီး ကျောင်းကန်တင်းသွားပြီး စည်သူခန့်နှင့်တူတူစားဖို့ လက်ဖက်ထမင်းကြက်ဥ ကြော် ကို သွားဝယ်လိုက်သည်။

ပြည့်​တန်​ဆာ ဆန်​သောညများ(zawgyi + Unicode)Where stories live. Discover now