part 23 အချစ်များနှင့်ထုံလွှမ်းသော

1.4K 48 0
                                    

Zawgyi
ချမ်းစီမှ အဖြေရလိုက်တာကြောင့် မိုးသောက်အရမ်းကို ပျော်နေမိသည်။ မိုးသောက်ဘဝမှ လိုချင်တဲ့လူတိုင်းစီက အဖြေရဖူးသည်။ ချမ်းစီက အဖြေရတာကမှ သူအပျော်ဆုံး။ ချမ်းကို မူရာမာယာ သုံးခဲ့တာကိုတော့ သူဝန်ခံသည်။ ချမ်းမှာအရမ်းချစ်ရသူရှိမှန်းလည်း သူသိသည်။ ဒါပေမယ့် ရယ်လို့ သူအသနားခံ ချစ်သဝဏ်လွှာ လေးသည်လည်း အပြစ်ရှိသည်ဟု သူမခံယူပါ အချစ်နှင့်စစ်သည် မတရားတာ မရှိဟု ခံယူသော မိုးသောက်ပင်။

ချမ်းအဖြေ ပေးသည့် တစ်ညလုံးမိုးခ အိပ်မရ။ ချမ်းကိုတွေ့ရင် ဘယ်လို ချစ်စကားတွေပြောမလဲ။ ဘယ်လို ချစ်ဖို့ကောင်းအောင်ပြောမလဲ။ ချမ်းဒီထက် ပိုချစ်လာအောင်ဘယ်လိုလုပ်ရမလဲ။ ချမ်းလက်ကလေးနဲ့ ပါးလေးတွေကို သူကိုင်ရနမ်းရအောင် ဘယ်လိုလုပ်မလဲ တွေးရင်းနဲ့ ရင်ခုန်ရင်းအိပ်မရပဲ ဖြစ်နေသည်။

ချမ်းကမှု အဖြေပေးပြီးပြီးချင်း မိုးသောက်ဆီ ဘာမှ မပို့တော့။

ချမ်း ကတော့ ဒီတိုင်းလိုအပ်နေတဲ့ ကလေးတစ်ယောက်ကို မုန့်ခန ကျွေးသလိုသဘောထားသည်။ စျောဘှားမြိုးတှရေဲ့ ထုံးစံအတိုင်းကြင်နာတတ်သလောက်သွေးအေးတဲ့နေရာသွေးအေးသည်။ စကားလည်းဆက်ပြောချင်စိတ်၊ သူဆီကလည်း ချစ်စကားတွေ မကြားချင်တာမို့ အသာလေး သူလိုင်းပိတ်လိုက်ပြီး ဆရာမ ဆုချည်ကို စာအုပ်ကိုသာ သူဖတ်နေလိုက်သည်။ ဆရာမ ဆုချည်ကို ၏ bl စာအုပ်များသည် အကောင်းဆုံးဖြစ်ရုံသာမက နာမည်ကြီးသည်မဟုတ်ပါလား။ ချမ်းကတော့ စာအုပ်ဖတ်ပြီးရှေ့ရေးကို တွေးမပူပဲ အေးဆေးအိပ်သည်။ သူခံယူထားတဲ့ တစ်ဦးတည်းသော ချစ်သူက စိုင်းလုံ မိုးသောက်က ခန ကယ်တင်ထားသူ။ မိုးသောက်အခြေအနေကောင်းပြီး ဆက်ဆံရေးအေးစက်လာသည်နှင့် သူဖြတ်ပစ်မည်စိတ်ကူးထားသည်။ မိုးသောက်ကို သူချစ်သည်မဟုတ်ပါ။ နောက်ပိုင်းတွင်ချစ်လာမည်လားလည်း သူမသိ ဆက်လည်း မစဉ်းစားချင်သည်မှာအမှန်ပင်။

သောကြာနေ့နံနက်၉ နာရီတိတိ ဖြစ်သည်။

ဒီနေ့သည် မိုးခ၊ ချမ်း၊ ဆက်ပိုင် ယွန်းပိုးတို့၏ နောက်ဆုံး dance training ဖြစ်သည်။ မိုးခ လည်း စည်သူခန့်ကို မတွေ့တာတော်တော်ကြာပြီ။ သူသတိမရချင်ယောင်ဆောင်သော်လည်း စည်သူခန့်ကို သတိရနေသည်ကို သူဝန်ခံသည်။ သူအေးဆေး ဆက်ပိုင်နှင့် classic ဆော့နေလိုက်သည်။ မိုးခက mage role ပဲဆော့တတ်သည်။ ဆက်ပိုင်က MM player ဖြစ်သော်လည်း မိုးခ အတွက် tank ကိုင်ကာဆော့ပေးသည်။ အပြင်လောက မှာ စုံတွဲအစစ်မဟုတ်ပေမယ့် Ml ထဲမှာ johnson odette စုံတဲဖြစ်ရရုံနှင့် ဆက်ပိုင်ကျေနပ်သည်။ ဆက်ပိုင်အတွက် မိုးခဆိုတာ ငေးကြည့်စရာ အရုပ်ကလေးတစ်ယောက်ပါပင်။ ငယ်ငယ်တုန်းက ဈေးကြီးတဲ့ အရုပ်လေးကို မဝယ်နိုင်သောကြောင့်ကြည့်နေရရုံနှင့် ကျေနပ်နေသော ဆက်ပိုင်၏ အချစ်ပင်။ မည်သို့ပင် အနားပင်နေရနေရ မိုးခပျော်လျှင်သူပျော်သည်။

ပြည့်​တန်​ဆာ ဆန်​သောညများ(zawgyi + Unicode)Where stories live. Discover now