Part 27 အမုန်းရဲ့နောက်ကွယ်

1.2K 48 0
                                    

Zawgyi

Author note:

အမုန်းဆိုတာ အချစ်က စတင်လာတာတဲ့။ လူတစ်ယောက်က သင့်ကိုအကြောင်းမဲ့ မုန်းပြီဆိုတာနဲ့ သူက သင့်အပေါ် တစ်နည်းနည်းနဲ့မေတ္တာ ရှိနေပြီး သူက သင့်ဆီက တန်ပြန်မေတ္တာမရလို့မုန်းတာတဲ့။ ကဲ ဇာတ်လမ်းလေးဆီပြန်ဆက်ကြရအောင်။

---------------------------------------------------------

လမ်းမကြီးရဲ့ ဘေး တံတားတစ်ခုခြားမှ ရောကျတဲ့ ဘီယာဆိုင်လေးမှာ စည်သူခန့်တစ်ယောက် သူငယ်ချင်းတစ်အုပ်နဲ့ အမူးသောက်နေမိသည်။ The whole king ရ၍ပျော်နေလို့သောက်နေသည်ဟု အများကထင်ကြလိမ့်မည်။ အမှန်က ဝမ်းနည်းနေ၍ ဖြစ်သည်။ ရင်ထဲမှာတော့ မီးတွေလောင်မြိုက်နေသည်။ မိမိ တစ်သက်လုံးမုန်းသည်ဟုထင်လာခဲ့၍ နှိပ်စက်လာခဲ့သော မိုးခ မှာရည်းစားရှိနေပြီဟု၍ သိလိုက်ရသောကြောင့်ဖြစ်သည်။ မိုးခကို ကလဲ့စားချေချင်သည်။ ချေလည်းချေခဲ့သည်။ ဒါမဲ့ အခုဘာလို့ ကိုယ်ခံစားချက်ကိုယ်နညးမလည်နိုင်အောင်စည်သူခန့်တစ်ယောက်ဖြစ်နေသည်။ ဘာပဲဖြစ်ဖြစ် ဆက်ပိုင်လက်ထဲ စည်သူခန့်ကို သူမအပ်နိုင်ပါ။ သူ့အပိုင်ရအောင်ဘယ်နည်းနဲ့ လိုချင်သည်။ သူစိတ်ရင်းအမှန်ပဲ။

သူအသေသောက်သည်။ မုန်းတဲ့စိတ်တွေလည်းအပြည့်ရှိနေပေမယ့် လက်လွှတ်ဆုံးရှုံးနိုင်စွမ်းသူ့မှာမရှိပါ။

သူတို့သူငယ်ချင်းတစ်ဖွဲ့လုံးအကုန်မူးအောင်သောက်ကြသည်။ အကုန်မူးတော့ အချိန်က ၈ခွဲနေပြီ ပွဲက ၇ နာရီလောက်မှာပြီးတာဆိုတော့ သူတို့သောက်တာ တစ်နာရီခွဲကျော်ပြီ။ မိုးခ ကိုကျောင်းမှာဒီလောက်နောက်ကျတဲ့အထိစောင့်ခိုင်းထားသည်ကို သတိရသွားသည်။

စည်သူခန့်စိတ်ပူသွားက သောက်နေရာမှ "ဟေ့ကောင်တွေ ငါမစောင့်နဲ့တော့ ကိုယ်ဟာကိုယ်ပြန်လိုက်ကြတော့ ငါသွားပြီ" အကုန်မူးပြဲနေ၍ စည်သူခန့်ကို သိပ်မနှုတ်ဆက်နိုင်ကြရှာ။

Click ဘီး အမည်းရောင်ကို စက်နိုးပြီး မူးနေပေမဲ့ သူဆိုင်ကယ်မောင်းထွက်လာပြီး ေကျာင်းအနောက်ဘက်သုံးထပ်ဆောင်အောက်မှာ ရပ်လိုက်ပြီး မိုးခကို သုံးထပ်ဆောင်အောက် တိုင်လုံးဖြူဖြူလေးတွေအောက်မှာ သူလိုက်ရှာလိုက်သည်။

ပြည့်​တန်​ဆာ ဆန်​သောညများ(zawgyi + Unicode)Where stories live. Discover now