ချမ်း စိုင်းလုံကိုတွေ့တွေ့ချင်း ပြေးဖက်လိုက်ပြီး လက်တစ်ဖက်က ချမ်းဖေဖေ ပြင်သစ်က ယူလာတဲ့ whiskey ကို မသိမသာ ခါပြလိုက်တယ်။ အစောင့်တွေကိုတောင်အောက်မှာ ထားခဲ့ပြီး တောင်ပေါ်ကို ဖြေးဖြေးချင်းတက်သွားလိုက်တယ်။ တောင်စောင်းပေါ်က တဲလေးပေါ်မှာ သူတို့ တူတူထိုင်နေကြရတာပေါ့ မိုးကောင်းကင်ကလည်း တိမ်တွေဖုန်းပြီ အလင်းရောင်မှိမ့်ပြပြလေးသာ ရှိနေတဲ့ အချိန်ပေါ့။ သူတို့ အကြာ ကြီး တစ်ယောက်နဲ့ တစ်ယောက်ဘာမှမလုပ်ဘဲပတ်ဝန်းကျင်ကတောင်တန်းလေးတွေ သာငေး ကြည့်နေခဲ့ ကြတယ်။ အချိန်အတန်ကြာတော့ စိုင်းလုံက whisky ပုလင်းကိုမော့ချလိုက်တယ်။ သူနှုတ်ဖျားဖူးဖူးလေးတွေ ကနေပြီး "ငါ အင်္ဂလန်ကို ပညာတော်သင်သွားရတော့မယ်ချမ်း" ငါ့အဖေ မိုးမိတ်စော်ဘွားက သူနေရာကို ဆက်ခံစေချင်နေပြီချမ်း။ စိုင်းရဲ့ စကားကို ကြားကြားချင်း ချမ်း မျက်လုံးကစိုစွတ်လာပြီး စိုင်းလုံးရဲ့ မျက်နှာလေးကို ချစ်သူတစ်ယောက်ရဲ့ လွမ်းဆွေးဖို့ကောင်းတဲ့ မျက်ဝန်းလေးနဲ့ လှမ်း ကြည့်လိုက်တယ်။ စိုင်းလုံ ရဲ့ စိတ်ရှုပ်ထွေးနေပြီး မခွဲနိုင်တဲ့ မျက်ဝန်း ချမ်းရဲ့ အချစ်မျက်ဝန်းတို့ဟာ တစ်ဖြည်းဖြည်းနီးကပ်သွားပြီး နှုတ်ခမ်းတွေအပေါ်နွေးထွေးတဲ့ ခံစားမှုတွေ ကျရောက်သွားချိန် မျက်ဝန်းနှစ်ခုကလည်းမှိတ် ချမ်းရဲ့ ပါးပြင်လေးပေါ် ငြင်သာစွာ ထိထားတဲ့ စိုင်းလုံရဲ့လက်။ အနမ်းတွေ ပိုမိုပြင်းထန်လာသလို ရာသီဥတုကလည်း မိုးသည်းလေးရွာချလိုက်ပါတော့တယ်။ အနမ်းတွေ ပြီးဆုံးချိန် မိုးရေ အနမ်းငယ်ရွဲနေတဲ့ စိုင်းလုံရဲ့ ရင်ခွင်ထဲကို ခောင်းစိုက်ကာ စိုင်းလုံကို ချမ်းပိုပိုဖက်ထားလိုက်လေသည်။ စိုင်းလုံက '' ချမ်း ကိုမင်းကို သိပ်ချစ်တယ် ကိုယ် ကို ကိုယ်တောင်သေချာမသိလိုက်ခင်မှာ မင်းက ကိုယ်ရင်ထဲရောက်နှင့်နေပြီချမ်း ကိုယ်မင်းနဲ့ ကိုယ်ကြားက သူငယ်ချင်းစည်းကြောင့်ကိုယ်မပြောနိုင်တာ ချမ်း။ ထပ်ပြောရရင်ကို မင်းကို သိပ်ချစ်တယ်။ ချမ်းလည်း ရင်ခွင်ကြားကနေ စိုင်းရဲ့ နှုတ်ခမ်းလေးကို စုတ်ယူလိုက်ပြီး ''တို့ စိုင်းကို သိပ်ချစ်တာပေါ့ တို့စိုင်းကို ခွဲနိုင်မယ် မထင်ဘူး'' ပြောနေရင်းစကား မဆုံးခင်မှာပင်မျက်ရည်တွေ ကျနေသည်။ စိုင်းလုံ ချမ်းကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ပြီ ''စိတ်ချပါ ကိုယ်ပြန်လာမှာပါ။" ဟုပြောလိုက်ပြီး ချမ်းရဲ့ လက်ကိုစွဲကာ တောင်အောက်သို့ မိုးရေကြားထဲ ဆင်းသက်သွားတော့သည် မိုးရေနှင့် တောင်တန်းကြီးကသာ စိုင်းလုံနှင့် သူတို့ အချစ်ကို သိပေလိမ့်မည်။ ရထားလုံးပေါ်မှာလည်း ချစ်သူရဲ့ လက်မောင်းပေါ်မှီ ကာ စီးနင်းလာကြသည်။ ''မိုးလည်းရွာ ညလည်းနက်ပြီမို့ မိုးမိတ်ဟော်နန်းကို မပြန်ဘဲ သီပေါမှာပဲ အိပ်လိုက်တော့လေ ကို" ချမ်းမရဲတရဲ ဖြင့် စိုင်းလုံကို အသံတိမ်တိမ်လေးဖြင့် ကို ဟူသောနမ်စားကို ခေါ်လိုက်သည်။ စိုင်းလုံ သတိထားမိသွားကာ ''အခုတော့ စိုင်းကို 'ကို' လို့ခေါ်ပြီပေါ့ ချစ်ရယ်''ဟု ကြည်နူးနေသော အသံဖြင့် ပြောလိုက်သည်။ ''သူသိပ်ဆိုးတာပဲဆိုပြီး ချမ်းရဲ့ ရင်ခွင်လေးကို အားထည့်ချင်ယောင်ဆောင်သော လက်သီးဆုပ်ကလေးနဲ့ ထုလိုက်သည်။ သူတို့ ချစ်သူနှစ်ဦးသိပ်ပျော်နေကြသည်။ အချစ် ရထားလုံးလေးက မိုးရေထဲ တအိအိ ရွေ့လျားရင်း မီးဝါ ဖျောဖျော့လေးတွေ ထွန်းထားတဲ့ သီပေါ ဟော်နန်းသို့ရောက်လာသည်။ ယခင်မီးဝါရောင်လေးများသည် ရိုမန့်တစ်ဆန်သည် မထင်ရတော့လည်း အခု တော့ ရိုဆန်သည်ဟု တွေးမိသဖြင့် ရထားလုံးပေါ်မှ လိုက်ကာဖယ်ရင်း ချမ်းခိုးပြူံးမိသေးသည်။ ချစ်သူနှစ်ဦး သီပေါ ဟော်နန်းသို့ လက်ချင်းတွဲရင်း ၀င်ရောက်လာလိုက်ကြသည်။ ကျွန်းပြောင်နေအောင်သုတ်ထားတဲ့ ကြမ်းပြင်ကို ရေစိုစို လက်တွဲလျောက်ရင်း ချမ်းအခန်းထဲသို့ဝင်ရောက်သွားသည်။ ရေစိုနေတာမို့ ချမ်းက စိုင်းလုံကိုရေချိုးခိုင်းလိုက်သည်။ စိုင်းကမချိုးချင်သလို ကလေးလို အမှုအရာလုပ်ပြရင်း ၀င်သွားသည်။ ချမ်းက တစ်ခြားအခန်းက ရေချိုးခန်းထဲမှာသွားချိုးလိုက်သည်။ ချမ်းက ညအကြောင်းကိုတွေးရင် အလွန်အမင်းစိတ်လှုပ်ရှားနေတာကြောင့် ရေချိုးစောစောပြီးပြီ စိုင်းလုံရှိရာ အခန်းသို့ ပြန်လာရင်း အိမ်ထောင်ရှင်မတစ်ယောက်လို ယောကျာ်းအတွက် အင်္ကျီ လေးကိုင်ပြီး ကိုယ်ကို ကို မသိအောင်ချမ်းအပြုံးကြီး ပြုံးမိလေသည်။ ချမ်းမသိပေမယ့် စိုင်းလည်း ဒီညအတွက်စိတ်လှုပ်ရှားနေမှာသေချာသည်။ စိုင်းလုံ အဖြူတဘက်လေးတစ်ခုသာပတ်ထားရင်း ချမ်းရှေ့ရောက်လာသည်။ ချမ်း စိုင်းလုံရဲ့ ဗလတောင့်တောင့် six packs ထွက်နေတဲ့ ကိုယ်ကို ကြည့်ရင်းမေ့မျောသွားသည်။ သူလည်းမင်းသားတစ်ပါးပေကိုး ချမ်းကတော့ ပိန်ပန်ပါးပါး မိန်းကလေး ရှံးရအောင် သဘာဝအတိုင်း ကြည့်ကောင်းသူကို။ ချမ်းငေးနေစဉ်မှာပင် လက်ထဲက အကျီင်္ကို စိုင်း လှမ်းယူလိုက်ပြီး "ကို့ ကိုယ်အလှမှာနစ်မျောနေတယ်မလားချစ်လို့ပြောပြီး ချမ်းကို လျစ်တပြတ် နှုတ်ခမ်းလေးကို ဖိကပ်နမ်းလိုက်မှ ချမ်းလည်းအသိပြန်ဝင်လာသည်။ နမ်းရင်းနမ်းရင် အနမ်းတွေက ကြမ်းလာလေသည်။ ချမ်းရဲ့ လည်ပင်းတွေ ကို နီရဲနေအောင် ဖမ်းစုပ်ယူလိုက်သည်။ ချမ်းအကျီင်္တွေကို စိုင်းလုံတစ်ဖြည်းဖြည်းစွဲ ချွတ်လိုက်သည်။ ချမ်းရဲ့ ရဲတွက်နေတဲ့ ကိုယ်လေးရယ် ပန်းနီရောင်သမ်းနေတဲ့ နို့တွေ ကို သူ စွဲမက်စွာနမ်းရှိုက်လိုက်သည်။ ထိုမှတစ်ဆင့် ချက်တွေထိ သူနမ်းရှိုက်လိုက်ပြီး ချမ်းရဲ့ ဘောင်းဘီကို စိုင်းလုံကိုင်လိုက်သည်။ ထို့နောက် သူ နမ်းတွေ တာတွေ ရပ် ချမ်းကို ဆွဲထူပြီး ခုတင်စောင်းမှာသူထိုင်လိုက်သည်။ ချမ်းက အကျီင်္ ပြန်ဝတ်လိုက်ပြီး စိုးရိမ်နေတဲ့ မျက်ဝန်းလေးနဲ့ စိုင်းလုံ မေးစိလေးကို ကိုင်ကာ ဖွဖွလေးကိုင်ပြီး " ချမ်းဘာမှားသွားလဲဆိုပြီးမေးလိုက်သည်။'' ချမ်းမမှားပါဘူး တကယ်က ကိုယ် တို့ အဆင့်မကျော်သင့်ဘူးထင်လို့ ရပ်လိုက်တာချစ်ရယ်။ ကိုယ်မင်းဘေးမှာ နေပြီး မင်းကို အပြည့်အ၀ တာဝန်မယူမနိုင်မချင်း မင်းရဲ့ လူပျို ဘ၀ကို ကိုယ်မယူဘူးချမ်း။''

YOU ARE READING
ပြည့်တန်ဆာ ဆန်သောညများ(zawgyi + Unicode)
RomanceZawgyi ကျောင်းသားတွေအားလုံးထဲမှ အချောဆုံး၊ အရှုပ်ဆုံးနဲ့ ကိုမှ ချစ်မိခဲ့တဲ့ မိုးခ။ စည်သူခန့်ရဲ့ မာယာကျော့ကွင်းထဲမှ ရုန်းထွက်နိုင်ပါ့မလား။ တော်ဝင်မျိုးနွယ်ပြီပြီ ကြင်နာတတ်ပေမယ့် ရက်စက် သွေးအေး ပြတ်သားတတ်တဲ့ ချမ်း၊ အရမ်းချစ်တတ်ပြီး ပြီးပြည့်စုံတဲ့ စော...