part 21 friendship or love

1.3K 39 2
                                    


Zawgyi

မိုးခ တစ်ယောက်တော်တော်လေးကို စိတ်ပူနေရော။ သူ ဆက်ပိုင်ဆီကို အဆက်အသွယ်မရကျောင်းမှာလည်းမတွေ့နဲ့။ အသစ်ပြောင်းလာတဲ့ မိုးသောက်နဲ့တောင် FB မှာအပ်လည်း အပ်ပြီးပြီ စကားတွေလည်းပြောပြီးပြီ။ တော်တော်လေးကို ခင်နေပြီလို့ပြောရမယ်လေ။ ဒါမဲ့ မိုးခတွေးတာက လူတစ်ယောက်အကြောင်းရင်းရင်းနှီးနှီး မသိဘဲနဲ့ လျှို့ဝှက်ချက် တွေပြောပြပြီး မပေါင်းသင့်ဘူးမဟုတ်လား။ မိုးသောက် က ရုပ်မချောပေမယ့် စွဲဆောင်မှုရှိတာ သိပ်သိသာလွန်းတယ်လေ။ မိုးခလည်း စတွေ့တော့ စိတ်လှုပ်ရှားချင်သလိုလိုဖြစ်သွားရတာတော့ သူဝန်ခံရမည်သာဖြစ်သည်။

မနက် ၈ နာရီ

မိုးခဖယ်ရီကားပေါ် ပြေးတက်လိုက်သည်။ ဖယ်ရီပေါ်မှာ မိတ်ကပ်လိမ်နေတဲ့ EC. က မမတွေက တစ်ဖွဲ့။ မဲမဲသဲသဲ EP မေဂျာက မမတွေ က အတင်းတုတ်နေရော။ Civil က စာတော်တဲ့ ဂျပုအဖွဲ့ ကတော့ စာတွေပဲ ကြိုတ်လို့နေရော။ သူများတွေ မိန်းကလေးရှိပေမယ့် အမ ဆိုလို့ နှစ်ယောက်ပဲ ရှိတဲ့ mechanical က ကို ကို များကတော့ Anime ကောင်မလေးပုံတွေ ကြည့်ရင်း သူ့ဘဝတွေထဲ ပျော်နေကြလေရဲ့။ မိုးခကတော့ နားကြပ်တပ် Kacey musgraves ရဲ့ golden hour ရွှေရောင်အချိန်များ country album လေးကို နားထောင်ပြီး အေးဆေးလေးလိုက်လာလေသည်။ ကားရပ်တာနဲ့ မိုးခ စတိုင်နဲ့ အမည်းရောင် scholl ဖိနပ်ကို ဟန်ပါပါ လျောက်ပြီး တစ်လှမ်းခြင်းစီ လှေကားပေါ်က ချေမိုးပြီး အက အဖွဲ့စီကို သွားသည်။ အက က ရာမှာမို့ ဝတ်ထားတဲ့ နက်ပြာပုဆိုးနဲ့တော့ အဆင်မပြေ သူ အဆင်သင့်ယူလာတဲ့ Gym သုံးဘောင်းဘီလေး ကို အိမ်သာထဲမှာသွားလဲ လိုက်သည်။ ထားဝယ်နည်းပညာတက္ကသိုလ်က အိမ်သာတွေက သန့်ရှင်းသည်။ တစ်ခြားခေတ်မမှီတဲ့ကျောင်းတွေနဲ့ မတူဘဲ ဗိုလ်ထိုင် အိမ်သာတွေသာ သုံးထားတာကြောင့် သန့်ရှင်းပေလေသည်။
ကျောင်းမှာ ဆေးလိပ်အရက် ခိုးသောက်လိုလျှင် အိမ်သာထဲ သွားချရသည်မဟုတ်ပါလား။ ကျောင်းသားဘဝ လူဖြစ်ကာစကို။ တစ်ခါတစ်လေ ရေချိန်လွန်ကာ လစ်နေသူများလည်း အိမ်သာထဲတွင် အိပ်နေတတ်သေးသည်။

မိုးခက အားကစားဘောင်းဘီတိုနှင့် အရမ်းလိုက်သည်။ ပေါင်လေးတွေက မိန်းကလေးလိုသွယ်သည်။ အားကစားဘောင်းဘီက boomerအလိုင်းကလည်း သာမန်ထက်ကြီးနေကာ မြင်ရသူယောကျာ်းမိန်းမ အဖို့ရင်ဖိုစေသည် မဟုတ်ပါလား။" မိုးခ ရောက်ပြီလား"မိုးသောက် က လာပြောရှာသည်။ မိုးသောက်ကို တစ်ရင်းတစ်နှီးတည်းစကားပြောသည်။ မိုးသောက် ချမ်းကို တစ်ချက်တစ်ချက် လေ့ကျင့်နေရင်း ခိုးခိုးကြည့်၏။ ချမ်းက အရမ်းလှပသူမဟုတ်သော်လည်း သူ့ကို ကြည့်လျှငိ ပြီးပြည့်စုံသူ ဟု ထင်ရစေသည်။ မာနကြီးသူဟုလည်း နာမည်ကြီးတာကြောင့် တော်ရုံ ယောကျာ်းမိန်းမ အနားမကပ်ရဲပေ။ မိုးသောက်က လက်ရဲဇက်ရဲ ရှိသူဖြစ်တာကတစ်ကြောင်း လူတွေပြောသလို တော်ကီ ကျွမ်းတာကြောင့်တစ်ကြောင်း ချမ်းတော့ မိုးသောက်သားကောင်ဖြစ်တော့မယ်ဆိုတာ မိုးခ ရိပ်မိတစ်လိုလို ရှိသော်လည်းစိုင်းလုံ ကြောင့် ချမ်းဖောက်ပြန်လိမ့်မည်ဟု မိုးခ မထင်ခဲ့ပါ။

ပြည့်​တန်​ဆာ ဆန်​သောညများ(zawgyi + Unicode)Where stories live. Discover now