part 29 ချိုမြန်သောကလဲ့စား

1.2K 40 0
                                    

Zawgyi

စုတ်လိုက်တဲ့အိမ်။ ဒေါ်သက်ထား ရေရွတ်လိုက်ပြီး ခန့်မင်းပိုင်တို့အိမ်ထဲဝင်သွားလိုက်သည်။

ခန့်မင်းပိုင်အဖေ မျက်နှာကိုတည့်တည့်ကြည့်ပြီး

"ရှင်တို့သားဘယ်သိုက်ကိုတူးတူး ကျွန်မစိတ်မဝင်စားဘူး။
ရှင်တို့သားအခြောက်က ကျမသားကို အိမ်ပေါ်ထိတက်မြူစွယ်တာက ကျွန်မကိုစော်ကားရာကျသွားပြီ ဦးမင်းခေါင်

ခင်ဗျားအထင်လွှဲနေပြီထင်တယ်။ ဒေါ်သက်ထား။

ဘာမွလြဲစရာမရွိဘူး။တော်တို့ရဲ့သားက ကျုပ်သားကို ဆက်တောင်မပြောရဲဘူး ရွံလို့။ ဒီမှာငွေဆယ်သိန်း။ ကျမအိမ်ကို ခြေရိပ်တောင်မကျစေနဲ့ ။

ခင်ဗျားကျုပ်တို့ကို စော်ကားတာလွန်နေပြီ။ ခင်ဗျားငွေလည်းပြန်ယူသွား။ ခင်ဗျားလည်းကျုပ်တို့အိမ်ကို နောက်ထပ် အရိပ်တောင်ထပ်နင်းဖို့မကြိုးစားပါနဲ့။ ခုချက်ချင်း ကျွန်တော့် အိမ်က ခင်ဗျားထွက်သွားပေး ဒေါ်သက်ထား။

ကောင်းပြီလေ။ ရှင်တို့အောက်တန်းစားသားသာ ကျွန်မတို့သားစီဆီကို မလာပါစေနဲ့။ ခန့်မင်းပိုင်အဖေ ဦးမင်းခေါင်ကို ခပ်မာမာပြောဆိုလိုက်ပြီး

ဲဒေါ်သက်ထား တစ်ယောက် မျက်နှာကိုပြုံးသယောင်လုပ်ပြီး အိမ်ပေါ်ကဆင်းသွားလေသည်။

အဲ့နောက် ဒေါ်သက်ထားက ခန့်မင်းပိုင် နာမည်ပျက်အောင်ကျောင်းအတွင်းရော ရက်ကွက်အတွင်းမှာပါ ပျက်အောင်လုပ်ခဲ့လေသည်။

သူမပိုက်ဆံကို အသုံးပြုကာ ကျောင်းက ကလေကချေ ကျောင်းသားများကို ပိုက်ဆံပေးပြီး "ခန့်မင်းပိုင်ဆိုတဲ့ အခြောက်မ
မိုးခကို မတော်မတရားကြံတာ သူအမေ မိသွားတာကြောင့် မိုးခ ကျောင်းမလာတော့တာဖြစ်ကြောင်း၊ ခန့်မင်းပိုင် ကြောင့် မိုးခကို ကျောင်းထုတ်တော့မည်ဖြစ်ကြောင်း အမျိုးမျိုးသတင်းလွှင့်သည်။ ခန့်မင်းပိုင်တို့ မိသားစု ကလည်း မိုးခကို မြူစွယ်ဖို့ ခန့်မင်းပိုင်ကို လွှတ်ထားသည့် စသဖြင့် သတင်းလွှင့်လိုက်သည်။

မိုးခကို ဒေါ်သက်ထားကျောင်းထုတ်လိုက်ပြီး
တစ်ခြားမြို့နယ်ရှိကျောင်းတစ်ကျောင်းမှာ လျှို့ဝှက်အပ်ထားလိုက်သည်။

ပြည့်​တန်​ဆာ ဆန်​သောညများ(zawgyi + Unicode)Where stories live. Discover now