part 56 Thingyan pre time

380 22 0
                                    

Zawgyi

မိုးခ။ မိုးခ။

ဟင်။ မိုးခ ပတ်ဝန်းကျင်ကိုမေ့နေရာမှ ဘေးက ကောင်မလေးက လာသတိပေးမှ သတိဝင်လာသည်။

"ဟဲ့နင်တစ်နေ့ကုန် စိတ်လွတ်နေတယ်နော်။ နင်ဘာတွေ အတွေးလွန်နေတာတုန်း။ "

"ဘာမှမတွေးပါဘူးဟ"

"ပြီးရော သင်ခန်းစာလွတ်ရင်ငါပြန်လာမသင်ခိုင်းနဲ့တော့ ငါတောင်မရဘူး" ထိုကောင်မလေးကစနောက်နေသေးသည်။

သင်တန်းဆင်းတော့ မိုးခ bus ကားပေါ်မှာလည်း သင်တန်းမှာကဲ့သို့ပင်တွေးတောနေမိပြန်သည်။သူတွေးနေသည်မှာတစ်ခြားမဟုတ် စည်သူခန့်မိဘတွေနှင့်သွားတွေ့ဖို့ကို သူ သဘောတူလိုက်သည့် ကိစ္စပင်ဖြစ်သည်။

အိပ်ရာပေါ် မှာ မို့ အလေးအနက်သိပ်စဉ်းစားမနေဘဲ လင်တော်မောင်ပျော်ရင် ပြီးပြီဆိုသော အတွေးနှင့်ပေါ့ပေါ့သာ တွေးခဲ့သော်လည်း အခုတော့ ငြင်းဆန်၍ မရတော့။

ဖြစ်လာမည့်အရေးပြေးတွေ့ရုံကလွဲလို့ပြောစရာမရှိ။ သေချာတာက စည်သူခန့်၏ အဖေနှင့်အမေ သည် သူ့ကိုမုန်းလောက်သည်။ စည်သူခန့်တို့မိသားစု မြို့က ထွက်သွားလိုက်ရတာရော။ စည်သူခန့် နာမည်အရင်းကို ပြောင်းပြီး စည်သူခန့်လို့ပြောင်းလိုက်တာရော။ သူတို့မိသားစုကို ငွေဟူသောအရာကို ဖိနှိပ်ဖို့အတွက် သုံးခဲ့တာ သူတို့မိသားစု ကပဲလေ။ မိုးခမေမေ ဘက်က ကာကွယ်ပြောတာမဟုတ်ပေမယ့် မေမေ က မိုးခကို ကာကွယ်ဖို့အတွက် ပြင်းထန်တဲ့ နည်းလမ်းတွေ သုံးခဲ့တာ ဝန်ခံပါတယ်။

စည်သူခန့်မေမေနဲ့ ဖေဖေဘယ်လိုတုံ့ပြန်မလဲမသိ။ သူတွေးရင်စိတ်တွေမောလာသည်။ YBS စီးနေရင်းပင် သက်ပြင်းချမိတော့၏။

နောက်ရက်အနည်းငယ်အကြာ။
-----------------------------------------

မိုးခ အိမ်ကို သူငယ်ချင်း တွေနဲ့ မိုးကုတ်ကိုခရီးထွက်မည်ဟု လိမ်ရာမကျအောင်လိမ်လိုက်သည်။ အမှန်က မိုးကုတ်ကို ခရီးထွက်မည်မှာမှန်သည်။ သို့သော်သူငယ်ချင်းနှင့်သွားမည်ဆိုတာမဟုတ်ဘဲ ချစ်သူကောင်လေး စည်သူခန့် နှင့်ဆွေပြမျိုးပြသွားချင်းဖြစ်ပေလေသည်။

ပြည့်​တန်​ဆာ ဆန်​သောညများ(zawgyi + Unicode)Where stories live. Discover now