Zawgyi
ဘဝကြီးက ကျွန်တော်တို့က ဘာပဲပေးပေး။ ကျွန်တော်တို့ က အကောင်းဆုံးပြုပြင်ကြရမှာမဟုတ်လား။ အုန်းသီးပေးရင် အုန်းရေသောက်ရမယ်။ သံပုရာသီးပေးရင်း သံပုရာဖျော်ရည်သောက်ရမယ်။ လောကကြီးက လူတိုင်းအတွက်မွေးကတည်းက plan တွေ ချထားပေးပြီးသား အရာအားလုံးက စကြဝဋ္ဌာ ကြီးရဲ့ အလိုဆန္ဒအတိုင်းဖြစ်လာတာတွေကြီးပဲ။ ယုံပါ ကျွန်တော်တို့ ထိန်းချုပ်နိုင်တာ ဘာမှ မရှိတဲ့ အခါ ကံတရားကိုသာ ယုံကြည်လိုက်ပါ။
ရန်ကုန်ရှိစိတ်ကျန်းမာရေးဆေးရုံတစ်ခုတွင်
ထိုဆေးရုံလေးသည် စိတ်ကျန်းမာရေးဆေးရုံလို့သာခေါ်တွင်သော်လည်း အရူးတွေကုသည့် အရူးထောင်ပုံစံမဟုတ်ပါ။ သာမန်စိတ်ကိုဆွေးနွေးကုသပေးသည့် centre လေးပင်ဖြစ်၏။ ချမ်းကုသနေတာတစ်ပတ်လောက်ပင်ရှိတော့မည်ဖြစ်သည်။ သို့သော်လည်းချမ်းအခြေအနေမှာ ထူးထူးခြားခြားပြောင်းလဲသွားတာမျိုးမရှိသေးပေ။
"ချမ်း ဘာကြောင့်အဲ့နေရာကို ထိတာနဲ့ ငိုနေရတယ်လို့ထင်လဲ။
အဟင်း သက်ပင့်ရှိုက်သံနှင့် မျက်ရည်စက်များ တစ်စက်ချင်းစီ ချမ်းဆီကျဆင်းလျက်ရှိနေပေသည်။ ချမ်းအားတင်းကာဆက်ပြောသည်။
အဲ့ကိစ္စလုပ်တဲ့အခါ ကြောက်သလို ခံစားရတယခတယ်။ အရင်ကလို အတင်းအလုပ်ခံရတော့မလားလို့။ ကိုယ်ကိုယ်ကိုယ်ရွံ့ရှာမိတယ်။ စကားများထစ်လျက် ကိုယ့်ကိုယ်ကို မဖြူစင်မိတော့သလို ခံစားရတယ်။ အပြစ်ရှိတဲ့စိတ်ရယ်ကြောက်စိတ်ရယ်ပေါင်းပြီး အဲ့ဒီနေရာကို ထိတဲ့အချိန် စိတ်ကလွတ်လွတ်ထွက်သွားတယ်။
ချမ်းစကားဆုံးခါနီးတွင် အသံတွေပိုအက်ကွဲလာရုံသာမက နောက်ဆုံးတွင် ငိုချမိလိုက်တော့သည်။
ဒေါက်တာက ချမ်းကို တစ်ရူးကမ်းပေးလိုက်သည်။
"အဲ့လိုကိစ္စတွေ ကြုံတွေ့ထားရတော့လွယ်မှာတော့မဟုတ်ဘူး။ အိပ်မရတာကတော့ဆရာပေးထားလို့ရပေမယ်။ စိတ်ကိုစိတ်နဲ့ပဲ ပြန်ကုမှာရမှာ။ ဆရာလမ်းညွှန်တဲ့ အတိုင်းလေ့ကျင့်ခန်းလေးတွေလုပ်မယ်။ ဆရာကို ချမ်းရဲ့ ဘဝအကြောင်းလေးတွေ ပြောပြမယ်။ ဒီလိုပဲ ဖြည်းဖြည်းချင်း ကုယူသွားရမှာပါပဲ။

YOU ARE READING
ပြည့်တန်ဆာ ဆန်သောညများ(zawgyi + Unicode)
RomanceZawgyi ကျောင်းသားတွေအားလုံးထဲမှ အချောဆုံး၊ အရှုပ်ဆုံးနဲ့ ကိုမှ ချစ်မိခဲ့တဲ့ မိုးခ။ စည်သူခန့်ရဲ့ မာယာကျော့ကွင်းထဲမှ ရုန်းထွက်နိုင်ပါ့မလား။ တော်ဝင်မျိုးနွယ်ပြီပြီ ကြင်နာတတ်ပေမယ့် ရက်စက် သွေးအေး ပြတ်သားတတ်တဲ့ ချမ်း၊ အရမ်းချစ်တတ်ပြီး ပြီးပြည့်စုံတဲ့ စော...