မိုးခ
ဒီနေ့က ကျွန်တော်ရဲ့ ပထမဆုံး uni တက်တဲ့နေဆိုတော့ စိတ်လှုပ်ရှားနေလေဗျ အာ့ကြောင့်စောစောထပြီး မနက်စာတွေချက် ပြင်ဆင်ပြီး ferry ကားလာတာကို စောစော စောင့်နေမိတယ်
ကျွန်တော်က ရန်ကုန်မှာအောင်ပေမယ့် အမှတ်မမှီတာတော့ ထားဝယ်မှာပဲတက်ရတာပေါ့ဗျာ
နည်းပညာတက္ကသိုလ် ဆိုတော့ နည်းနည်း လူရှိန်တာပေါ့ဗျာကားပေါ်မှာ နှစ်ကြီးတွေရှိပေမယ့် ကျွန်တော်က သိပ်ဖော်ရွေတဲ့ပုံမပေါ်တာကြောင့် ကျွန်တော်ကို သိပ်နှုတ်မဆက်ကြဘူး ဗျ
ကျောင်းရောက်တော့ ကျွန်တော်ဘယ်သွားရမှန်းမသိဘူး ဖြစ်နေတယ် ကျွန်တော် TU ကျောင်းတွေရဲ့ ထုံးစံ အတိုင်းဆောက်ထားတဲ့ Dawei TU ကျောင်းကြီးရဲ့ လှေကားအတိုင်း တစ်ထစ်ပြီးတစ်ထစ် တက်လာလိုက်တယ်ဗျ
ပထမနေ့ဆိုတော့ fresher ကြီးပဲတွေ့နေရတယ် စီနီယာကြီးတွေဆို တွေ့ကို မတွေ့ရတာ အားလုံးက ကိုနေရမဲ့အခန်းရှာနေကြတာဗျ ကျွန်တော်က ကျောင်းအပ်နောက်ကျတော့ compound B မှာ ကျသွားရော
compound မှာကျွန်တော် လွတ်တဲ့ အတန်းတစ်နေရာကို ၀င်ထိုင်လိုက်တာပဲ ကျွန်တော့ဘေးမှာက မျက်မှန်ကြီးတပ်ပြီး အေးဆေး taylor swift သီချင်းတွေနားထောင်နေတဲ့ တစ်ယောက် ရယ် စာတွေကြီးဖတ်နေတယ်တစ်ယောက်ရယ် ထိုင်နေတယ်ဗျ
ကျတော်တို့တစ်ယောက်မှ စကားမပြောဖြစ်သေးဘူး ဆရာမက အတန်းထဲဝင်လာပြီး မြန်မာစာလာသင်တော့ နားကြပ်ဖြုတ်ပြီးတစ်ယောက် က သူ့ကိုသူ မိတ်ဆက်ကော သူ့နာမည်က ချမ်းနွေလင်းဖြစ်ကြောင်း သူ က ထိုင်းမှာနေကြောင်း မြို့ထဲမှာ အိမ်ငှားနေကြောင်းမိတ်ဆက်တယ်ဗျ
ကျွန်တော်ကတော့သူကို ချမ်းလို့ခေါ်တယ် ဗျစာဖတ်နေတဲ့တစ်ယောက်ကတော့ ကျွန်တော်ကို ချေတယ်ဗျ နောက်မှ သူ့စာအုပ်ကို ကြည့်လိုက်မှ နာမည်က ဆက်ပိုင်အောင်တဲ့ဗျ
သူ့ကို ကျွန်တော်က ဆက်လို့ပဲ ခေါ်တယ်ဗျ

YOU ARE READING
ပြည့်တန်ဆာ ဆန်သောညများ(zawgyi + Unicode)
RomanceZawgyi ကျောင်းသားတွေအားလုံးထဲမှ အချောဆုံး၊ အရှုပ်ဆုံးနဲ့ ကိုမှ ချစ်မိခဲ့တဲ့ မိုးခ။ စည်သူခန့်ရဲ့ မာယာကျော့ကွင်းထဲမှ ရုန်းထွက်နိုင်ပါ့မလား။ တော်ဝင်မျိုးနွယ်ပြီပြီ ကြင်နာတတ်ပေမယ့် ရက်စက် သွေးအေး ပြတ်သားတတ်တဲ့ ချမ်း၊ အရမ်းချစ်တတ်ပြီး ပြီးပြည့်စုံတဲ့ စော...