part 38 deception

734 32 2
                                    

Zawgyi

လှည့်စားမှုတွေ ကျွန်တော်တို့်တွေက တစ်ခါတစ်ရံ မှာ လှည့်စားမှုတွေ အရူးလုပ်ခံရတာတွေ ခနခနကြံဖူးကြမှာပါ။ သာမန်သူတွေလုပ်တာ ဘာမှမထူးဆန်းပေမယ့် ချစ်ရတဲ့သူတွေ လှည့်စားရင်ရော ပြောမပြတတ်အောင်နာကျင်ရတယ်လေ။

                Pinky

---------------------------------------------------------

မိုးခ ဟန်မပျက်စည်သူခန့်ရဲ့ ကုတင်ပေါ်တွင်သာယာစွာလှဲနေရင်း အခန်းရဲ့ မှန်ပြတင်းပေါက်မှ တစ်ဆင့် အပြင် တစ်ခြားအခန်းများကို ငေးမောကြည့်ရှုရင်း စိတ်မတိုအောင် ထိန်းချုပ်ဖို့ကြိုးစားနေခဲ့ပေသည်။

ရာသီဥတုက နေ့ဘက်ဆို ပူလွန်းပေမယ် ချွင်းချက်အဖြစ် ထိုနေ့က နေသိပ်မပူခဲ့ပါ။ စည်သူခန့် တစ်ယောက် တိုက်ခန်းတံခါးဖွင့်ဝင်လာခဲ့သည်။ ဖိနပ်စင်ကိုကြည့်လိုက်တော့ မိုးခ ဖိနပ်လေး သူ့ ချစ်ရသူရောက်နေပြီ ဆိုတာ သိ၍ ပြုံးမိပြီး အရမ်းပျော်ရွှင်သွားမိသည်။ ချက်ချင်း အိပ်ခန်းတံခါးစီသို့ လျောက်သွားလိုက်သည်။

အိပ်ခန်းတံခါးကို ဖွင့်လိုက်တော့ ပြတင်းပေါက်ဘက်ကို ကျောပေးပြီး လှဲနေတဲ့ မိုးခ ခန္ဓာကိုယ်လုံးလုံးလေး။ သူသိပ်ချစ်ခဲ့ရသည့် ချစ်သူ မိုးခ သူ့အိပ်ရာပေါ်မှာ လှဲလျောင်းနေပေသည်။ သို့်သော် မိုးခ စည်သူခန့်ကို လုံးဝလှည့်မကြည့်ပါ။ စည်သူခန့် ကတော့ မိုးခ စီ လျောက်သွားပြီး မိုးခကျောနောက်က နေရာလွတ်လေးမှာ ဝင်လှဲလိုက်ပြီး မိုးခ ခါးလေးကို ဖက်လိုက်သည်။ မိုးခ ဘာမျှ မတုံပြန်ပါ။ ထိုမှ တစ်ဆင့် မိုးခ လည်တိုင်ကျော့ကျော့လေးတွေ ကို နှုတ်ခမ်းဖြင့် စုတ်ယူနမ်းရှုပ်လိုက်သည်။ မိုးခ ဘာမှ မတုံပြန်ပါ။ မိုးခ ဘာမှ မတုံပြန်သဖြင့် ကြောက်စိတ်နှင့်အတူ စိတ်မလုံခြုံသည့် ခံစားချက်များ စည်သူခန့်တွင်ဖြစ်ပေါ့လာခဲ့ပေလေသည်။ သူ မိုးခ ကိုယ်ပေါ်ကနေ မိုးပြီး မိုးခ ကိုကြည့်လိုက်သည်။ လှပနီမြန်းနေတဲ့ မျက်ခွံအောက်မှ နတ်ပြည်၏ ပုလဲအလား တောက်ပနေသည့် မျက်ရည်လုံးလေးတွေ တွေ့ရတော့သူစိတ်ပူသွားသည်။ မိုးခ နောက်ကျောကိုဆွဲ ထူလိုက်ပြီး ရင်ဘက်ထဲ ထည့်ထားပြီး ပါးလေးကို နမ်းပြီး နားနားကပ်ကာ တိုးတိုးလေးမေးသည်။

ပြည့်​တန်​ဆာ ဆန်​သောညများ(zawgyi + Unicode)Where stories live. Discover now