မိုးခ
fresher welcome အပြီးနှစ်ရက်အကြာ။
fresher welcome မှာ လုပ်ခဲ့တဲ့စည်သူလုပ်ရပ်က လူမဟုတ်ဘူး။ သူငါ့ကို ချစ်နေတယ်ဆိုတာ ငါထင်ယောင်ထင်မှားဖြစ်နေတာပဲနေမှာ။ငာအရမ်းပင်ပန်းနေပြီ စည်သူခန့်က ငါကိုချစ်တာမဟုတ်ဘူးဆိုတာ ပိုသေချာနေပါပြီ။ သူငါ့ကို လိင်အတွက်ပဲလိုချင်နေတာ။ ငါ့ကို ပြန်ကြင်နာလာမလားဆိုတဲ့စိတ်နဲ့နေနေရတာပင်ပန်းလာပြီ။မိုးခနှစ်ရက်လုံးလုံး အတွေးတွေကြားထဲနစ်မွန်းနေလေသည်။ သေချာတာတစ်ခုကတော့ သူစည်သူရဲ့လက်ထဲမှလွတ်မြောက်ချင်နေပြီ။ ကိုယ်သေတွင်းကိုယ်တူးခဲ့တဲ့ ယုန်သူငယ်ပင်မဟုတ်ပါလော။
ဒေါက်ဒေါက် တံခားခေါက်သံကြားသဖြင့် အခန်းတံခါးကိုထဖွင့်လိုက်ရာ ချမ်းဖြစ်နေသည်။ ချမ်းက'' ကျောင်းတက်တာမတွေ့လို့စိတ်ပူနေတာရော စာတွေကူးဖို့ စာအုပ်လာပေးတာရော။ ငါမင်း fresher welcome မှာဖြစ်တာတွေ့ငါသိပါတယ်။ မှန်းစမ်း ဒီတစ်ခေါက်လည်းစည်သူခန့်ဆိုတဲ့ အကောင်လက်ချက်မလား။ငါ ကြားတာတော့ သူလာပြီးမှမင်းနေမကောင်းတန်းဖြစ်သွားတာတဲ့။ ဒီတစ်ခေါက်ကောဘာတွေလုပ်ထားပြန်ပြီလဲငါ့ကိုပြောစမ်း မိုးခ။'' စည်သူက ''မင်းစိတ်ပူတာငါသိတယ် ငါပြောလို့မဖြစ်ဘူး။ အပိုတွေပြောမနေနဲ့ ငါတို့သူငယ်ချင်းကြားမှာလျှို့ဝှက်ချက်ဆိုတာမရှိပါဘူး ငါ့ကိုပြောစမ်းမိုးခ။ ငါစည်သူခန့်နဲ့ ဆက်ဆံထားတဲ့ hotel က video file တွေမပြန့်ချင်ရင် ခုချက်ချင်းပြန်လိုက်ဆိုပြီးပြောတာကွာ။ ငါတက်နိုင်သလောက်ကြိုးစားကြည့်ပါသေးတယ် စည်သူခန့်ကပြောပြီးရင်တယ်လုပ်တဲ့ကောင်ဆိုတော့ ငါလည်း အရှက်တကွဲအကျိုးနည်းတွေမဖြစ်ချင်တာနဲ့ အဲလိုတွေလုပ်လိုက်ရပါတယ်။ မင်းဒီလောက်ဆို ဒီကောင်အကြောင်းကောင်းကောင်းသိမယ်ထင်တယ်မိုးခ။ ဒီထက်မဆိုးခင် မင်းသူနဲ့ ဝေးဝေးမှနေသင့်ပြီမိုးခ။''
ချမ်းစာနှစ်နာရီလောက်ရှင်းပြပြီးပြန်သွားသည်။ ညရှစ်နာရီလောက်မှာ တီတီ မိုးခဖုန်းလေးမြည်နေသည်။ ဖုန်း screen ကိုကြည့်လိုက်တော့ ဆက်ပိုင်ဖြစ်နေသည်။''မင်းနေကောင်းရဲ့လားမိုးခရာ'' ကျောင်းတက်တာလည်းမတွေ့တော့ မင်းဘာများဖြစ်နေတာလဲလို့ ဟိုနေကလဲကြသွားတယ်ဆို သက်သာရဲ့လား'' စိတ်ပူသော လေသံဖြင့်မေးနေလေသည်။ အများကြီးမေးနေတော့တာပဲ ငါ အဆင်ပြေပါတယ်။ မနက်ကြ ကျောင်းပြန်တက်မှာ ငါ မင်းကို အကူအညီတောင်းစရာရှိတယ်။ မနက်ဖြန် ၈ခွဲလောက် library မှာစောင့်နေ အဲ့ကြမှအသေးစိတ်ပြောပြမယ် ဆက်ပိုင်'' ဒါပဲနော် မိုးခ ဖုန်းချလိုက်သည်။ ထို့နောက် အိပ်ယာထဲမှထကာ အဆောင်ရှိသီးသန့်ရေချိုးခန်းမှာရေချိုးနေနေလိုက်သည်။ ဖြူဖွေးပြီးနှင်းလိုဥနေသော အသားအရည်ရှိသော ကိုယ်ရဲ့တောက်ပမှုကို တစ်ဘက်တစ်ဖက်တည်းသာ ပတ်ပြီး ရေချိုးခန်းမှထွက်လာလိုက်သည်။ အခန်းထဲရောက်မှ တစ်ကိုယ်လုံးကိုသေချာသုတ်ပြီး သမင်သေးသေးလေးများနှင့်အလှဆင်ထားသော ည၀တ်ဝတ်စုံလေး ၀တ်ပြီး i phone 8 ကို ကိုင်လိုက်ပြီး ml ထဲဝင်လိုက်တော့သည်။ မိုးခအကြိုက်ဆုံး mobile game မှာ ml ဖြစ်ပြီး ငန်းမင်းသမီး odette favorite ဖြစ်သည်။ သူဘယ်သူ့အကြောင်းမှမတွေးတော့ဘဲ ဂိမ်းဆော့ကာ ညလေးကို ဖြတ်ကျော်သွားသည်။

YOU ARE READING
ပြည့်တန်ဆာ ဆန်သောညများ(zawgyi + Unicode)
RomansZawgyi ကျောင်းသားတွေအားလုံးထဲမှ အချောဆုံး၊ အရှုပ်ဆုံးနဲ့ ကိုမှ ချစ်မိခဲ့တဲ့ မိုးခ။ စည်သူခန့်ရဲ့ မာယာကျော့ကွင်းထဲမှ ရုန်းထွက်နိုင်ပါ့မလား။ တော်ဝင်မျိုးနွယ်ပြီပြီ ကြင်နာတတ်ပေမယ့် ရက်စက် သွေးအေး ပြတ်သားတတ်တဲ့ ချမ်း၊ အရမ်းချစ်တတ်ပြီး ပြီးပြည့်စုံတဲ့ စော...