part 46 Time for exam

598 17 2
                                    

Zawgyi

ေဆာင်းရာသီလေညင်းလေးတွေ အဆုံးသတ်ပြီး နွရောသီရောက်လာချိန်တန်ပြီလေ။ နွရောသီရောက်လာပြီဆိုတော့ ကတီဖာမြက်စိမ်းရောင်တွေကလည်း နီညိုရောင်ကျောင်းမြေကနေ ဆုတ်ခွာပြေးရပြန်ပြီလေ။

"အမလေးဟယ်။ 1 st sem စာမေးပွဲကလည်း နီးနေပြီဟယ်။ စာအုပ်ထဲမှာစာတစ်လုံးမှလည်းမရှိသေးဘူး။ drawing တွေလည်းမမှတ်နဲ့ဟယ်။ "

" ယွန်းပိုး၊ ညည်းပဲ ညည်းနေလိုက် ညည်းတို့မေဂျာက တစ်ဘာသာ လျော့သေး၊ ငါတို့ EP က တစ်ဘာသာပိုတယ်ဟဲ့။" ခင်စန္ဒီ မက မျက်စောင်းထိုးကာဝင်ပြောတော့သည်။

"တို့ကတော့ တို့ကောင်လေးနဲ့တူတူစာလုပ်မှာ" ချမ်းက အမြင်ကတ်စရာကောင်းလောက်အောင် မိုးသောက်လက်ကို ဆွဲထားပြီးပြောလိုက်သည်။

ဟွန့် squard ထဲရှိ သူငယ်ချင်းတွေအားလုံး ချမ်းကို မျက်စောင်းဝိုင်းထိုးကြတော့သည်။

"တို့ကောင်လေးက စာတော်တော့၊ သူနဲ့တူတူစာလုပ်မှာ။ "

"ဟဲ့နင့်ကိုဘယ်သူက မေးလို့တုန်း"

ယွန်းပိုး fa မ က ခပ်စပ်စပ်ပြောချလိုက်သည်။

"မေးစရာမလိုပါဘူး။ တို့ကောင်လေးကိုကြွားချင်လို့။

မိုးခတစ်ယောက်စည်သူခန့်ပခုံးပေါ်ခေါင်းတင်ထားပြီး ကလေးတစ်ယောက်လို ပွတ်သပ်နေလိုက်သည်။

"ကောင်မတွေ ကန်တင်းရောက်နေတာနော်သတိလေးဘာလေးထားကြဦး။ ပလူးချင်ရင်
Library သွားကြ"

ဆုလတ်မပြောတော့မပဲ ချမ်းရော မိုးခရော ငြိမ်နေတော့သည်။

လင်အကြောင်းတွေတော်ကြတော့

"ဆက်ပိုင်နင်chemistry lab လုပ်တာ တစ်ချိန်ပျက်ထားတယ်မလား။ ဌာနမှာစာကပ်ထားတာ တွေ့တယ် အစားထိုးလုပ်ဖို့။ သွားလုပ်ဦးလေ လက်တွေ့က အမှတ်၄၀ တောင် ရတာရယ်။ နောက် ၁၀မှတ်ဆိုအောင်ပြီကို။

ချမ်း၊ မိုးခ ၊ဆုလတ်၊ မြတ်နိုး ငါတို့က workshop မှာ jobs တွေ လုပ်ရဦးမယ်။ ဆရာပြောနေတာ တံခါးလက်ကိုင်လုပ်ဖို့ ငါတို့လေးယောက်ပဲ ကျန်တော့တယ်တဲ့။

ပြည့်​တန်​ဆာ ဆန်​သောညများ(zawgyi + Unicode)Where stories live. Discover now