part 52 what is hell?

379 26 0
                                    

Zawgyi

ချမ်း တစ်ယောက် စိတ်ရောဂါ ဆရာဝန်ဆီက ပြန်ရောက်လာကတည်းက သူစိတ်တွေအဆင်မပြေတော့။

သူ ထိုအိပ်စက်လိုက်တိုင်း ထိုအိပ်မက် တွေစမက်လာသည်။

"ဦးလေး ကျွန်တော်ကိုလွှတ်ပါ ကျွန်တော်မကစားချင်တော့ဘူး

ချမ်း ကို ထိုလူက ကုတင်စောင်းမှာ လက်နှစ်ဖက်ချုပ်ထားသည်။ ချမ်းအားကုန်သုံးပြီးရုန်းကန်သော်လည်း ထိုလူ၏ အားကြောင့် ချမ်းရုန်းထွက်လို့မရဖြစ်နေသည်။

"လွှတ်ပါ။ တောင်းပန်ပါတယ်။ ချမ်းမျက်ရည်များကျလာလေသည်။

ထိုသူကို ရတဲ့ အားနဲ့ ကန်ပစ်သည်။ သို့သော် သူ၏ သေးငယ်လှသော ခန္ဓာကိုယ်က ထိုလူ၏ ခန္ဓာကိုယ်အား ဘာများလုပ်နိုင်ပါမည်နည်း။ ထိုလူက ချုပ်ထားရင်း ချမ်းရဲ့ အကျီတွေကို ချွတ်ဖို့ ကြိုးစားနေပေလေသည်။

ချမ်းအော်ဟစ်ရင်း ေဟာ်နန်းအတွင်းရှိ ရွှေနန်းဆောင်တော်ရဲ့ ရွှေကုတင်ပေါ်မှ လန့်နိုးသွားလေသည်။ ဘေးဘီကို ေချွးပြန်စွာကြည့်မိတော့ ဘယ်သူမှလည်းမရှိ။ အိပ်မက်ဆိုးမက်နေပြန်ပြီ ။ ထို အိပ်မက်သည် စိတ်ရောဂါဆရာဝန် ၏ အိပ်ငွေ့ချကုထုံးတုန်းက သူမြင်တွေ့ခဲ့ ရသော ဖြစ်ရပ်ဖြစ်သည်။ သူဘာမှ မစဉ်းစားချင်ပါ။

သို့သော် သူဒီစိတ်ရောဂါကိုလည်း သူကုရဦးမယ်။ သူတစ်ဖန် အိပ်မက်မမက်အောင် ရတနာသုံးပါးကိုအာရုံ ပြုပြီး အိပ်စက်လိုက်တော့သည်။

မည်သို့ပင်ဖြစ်စေ သန်းခေါင်ထက်တော့ညမနက်နိုင်ပါ။

မိုးကုတ်မြို့ ရတနာတွင်းတစ်နေရာ။

စည်သူခန့် တစ်ယောက် company ပိုင်ရတနာတွင်းတွေကို လှည့်လည်စစ်ဆေးနေပေသည်။ company က ဝန်ထမ်း များက စက်ယန္တရားများနှင့်တူးနေသည့် အပြင် အာမခံလည်းထားပေးထားတာကြောင့် ရတနာတွင်းက စိတ်ပူစရာမရှိပေ။ စည်သူခန့် တို့ company သည် အမြတ်အစွန်းအရဆုံး company မဟုတ်သော်လည်း ဝန်ထမ်း စောင့်ရှောက်မှုတွင် အသာဆုံး company တစ်ခုဖြစ်သည်။ စည်သူခန့်အဖေသည် အောက်ခြေဘဝမှ အခုလို company ပိုင်ရှင် ဖြစ်လာတာကြောင့် အလုပ်သမားတွေကိုနားလည်သည်။ အလုပ်သမားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးထားသည်။

ပြည့်​တန်​ဆာ ဆန်​သောညများ(zawgyi + Unicode)Where stories live. Discover now