part 41 Hunter or being hunted?

752 33 6
                                    

Zawgyi

ချမ်း ကိုယ် ဒီမနက် ၁၂ လေယာဉ်နဲ့ပဲ အဂ်လန်ပြန်တော့မယ်။ ကိုယ်တို့ Thesis ဘယ်လိုပြန်ရေးရမလဲတိုင်ပင်ရတော့မယ်။ တစ်ယောက်က သေသှားတော့။

ချစ်လည်းနက်ဖြန် ညနေကျပြန်လေ။ ဒီတစ်ရက်နှစ်ရက်တော့ pullman မှာနေပြီး ရန်ကုန်မှာ လည်နေလိုက်လေ ကိုမပါလည်။

လာ ကိုယ်ကိုလိုက်ပို့မယ်မလား။ ဝန်ကြီးများရုံးကတစ်ဆင့် ဟော်တယ် ကို သူတို့နှစ်ယောက် တူတူ ပြန်သွားခဲ့လေသည်။

ချမ်းတစ်ယောက် ဘာလုပ်ရမှန်းပင်မသိတော့ အဖြစ်အပျက်တွေက မြန်ဆန်လွန်းလှသည်။ သူရဲ့ သာယာ လှပခဲ့တဲ့ အိမ်မက်လေးက အသားမကျခင်မှာပင်ပျက်စီးသွားပြန်လေပြီ။ စိုင်းလုံရဲ့ ရင်ခွင်နဲ့လက်မောင်းပေါ်မှာ အိပ်ခဲ့တဲ့နေရက်တွေကို သူအမြဲတမ်းလွမ်းနေမှာသေချာသည်။ အနည်းဆုံးတော့ စိုင်းလုံရှေ့တွင် ဟန်ဆောင်နေပြစရာ မလိုပေ။ စိုင်းလုံသည် မိုးသောက်လို ရက်စက်တတ်သူမဟုတ်ဘူး ဟု ချမ်းထင်သည်။

စိုင်းလုံ အထုပ်အပိုးပြင်နေသည်ကို ချမ်းဝိုင်းလည်း မကူပါ။ ဟော်တယ် အိပ်ရာပေါ်မှာထိုင်နေရင်း ငေးမောနေပေလေသည်။ စိုင်းလုံကမူအကြီးပီသရုံသ မက ရင့်ကျက်သူမဟုတ်လို့လားမသိပါ။ ချမ်းငေးမောနေသည်ကို တွေ့လိုက်တော့ ဂရုစိုက်ပေးရမဲ့ ကလေးတစ်ယောက် ဝမ်းနည်းနေသလို စိုင်းလုံခံစားရ၍ ပြုံးမိသည်။ ထို့နောက်အထုပ်အပိုးတွေ ပြီးအောင် စိုင်းလုံထုတ်ပိုးလိုက်ပြီး ငေးမောနေတဲ့ ချမ်းကို ရက်တရက် ခုတင်စောင်းလေးမှာ နှုတ်ခမ်းချင်းထိကပ်၍ ယုယစွာ နမ်းလိုက်ပြီး

"အကိုမင်းအတွက် ပြန်လာမှာပါ ကတိပေးတယ်။"

ဘယ်လောက်ပဲ အနမ်းနဲ့ ကတိတွေက တိုတောင်းပါစေ။ ဒီလောက်နဲ့တင် ချမ်းကျေနပ်ပါသည်။

ချမ်းစိုင်းလုံကိုအားချင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မနက် ၁၂ ထွက်မည့်လေယာဉ်ပေါ်တင်ပေးခဲ့လိုက်သည်။

စိုင်းလုံလေယာဉ် ကောင်းကင်ယံတွင် ပျံဝဲသွားခဲ့သည်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲရှိ မှန်တံခါးမှ တစ်ဆင့် ငေးမောကြည့်ပြီးမှ သူ ဟော်တယ်သို့ပြန်လာခဲ့သည်။

ပြည့်​တန်​ဆာ ဆန်​သောညများ(zawgyi + Unicode)Where stories live. Discover now