part 57 သကြန်အချိန်တော်အခါ

567 19 0
                                    

Zawgyi
.
မနက်၆နာရီ မိုးခ သကြန်အတွက်စိတ်လှုပ်ရှားနေမိသည်။ မနက်၆နာရီ ဖြစ်သည့်အတွက်ကြောင့်ကလေးတွေက လွဲ၍ ရေမဆော့သေးပေ။

သူအမေဝယ်ပေးထားသည့် မနက်စာကိုစားလိုက်သည်။ အိမ်ကအမေကိုတော့သူကြိုပြောပြီးသားဖြစ်သည်။ သူဒီနေ့ သူငယ်ချင်း နှင့် TMF မှာ ထိုင်မည်ဆိုသည်ကို။ မိုးခ အိမ်ကရှေးရိုးဆန်သော်လည်းသူငယ်ချင်းလာခေါ်မည်ဆိုသောကြောင့် ခွင့်ပြုထားပေသည်။

ဆင်တူဝယ်ထားတဲ့ အဝါရောင်ပန်းပွင့်ရှုပ်အကျီနဲ့ ဂျင်းဘောင်းဘီ၊ ရူးအနီရောင် စသည်တို့ကို သကြန်နှင့်လိုက်ဖက်အောင် ဝတ်ဆင်ထားလိုက်ပြီး မိုးခစည်သူခန့်ကို စောင့်နေခဲ့လိုက်တော့သည်။

မကြာမီမိုးခ ကားပြာလေးက အိမ်ရှေ့ကနေ ဟွန်းတီးကာအချက်ပေးလိုက်သည်။ မိုးခ ကားပြာလေးကို မြင်တာနှင့် ေပျာ်ရွှင်စွာ ဖိနပ်ကောက်စီးကာ မျက်နှာမှာလည်းအပြုံးတွေဟပ်နေပေသည်။

မိုးခမေမေကတော့ မိုးခ တစ်ခုခုထူးခြားနေတာကို ရိပ်မိ၍ ပြုံးကာ အိမ်ထဲဝင်သွားတော့သည်။ သူတို့လည်းငယ်ရာက ကြီးလာကြတာပဲလေ။ ဒါတွေကိုမသိဘဲနေပါ့မလား။

သကြန်တွင်းမို့ ကားတွေကလည်းပြည့်ကြပ်နေသည်။ မိုးခအိမ်ရှေ့ကို စည်သူခန့်ခုနစ်နာရီအတိရောက်လာတော့ စည်သူခန့် မနက်စာမှ စားပြီးပြီလားဟုစိတ်ပူမိပြန်သည်။

"ကို မနက်စာစားမလာခဲ့ဘူးမလား။ "

စည်သူခန့် ကားမောင်းနေရာကနေ မိုးခ ကို မျက်နှာငယ်လေးနှင့် ခနကြည့်လိုက်ပြီး ကားကို ဆက်မောင်းပြန်သည်။ ဒီလောက်ဆို မပြောလည်း သူသိလိုက်ပြီ။

"ကိုရှေ့မှာတွေ့တဲ့ 24hr စတိုးတစ်ခုမှာရပ်ပေး"

စည်သူခန့်ရပ်လိုက်သည်နှင့်မိုးခ ဆင်းသွားလိုက်သည်။ စည်သူခန့်ထင်သည်က မိုးခ တစ်ခုခု စားချင်တာ ရှိလို့ဆင်းဝယ်တာ ထင်လိုက်သည်။

မိုးခ မုန့်ထုတ်ကြီး ဆွဲပြီးပြန်ရောက်လာပေသည်။

ကားပေါ်ရောက်ရောက်ချင်း pucci ပေါင်မုန့်နှင့် နို့အေးဘူးကို ဖောက်ပြီး စည်သူခန့်ကိုပေးလိုက်သည်။

ပြည့်​တန်​ဆာ ဆန်​သောညများ(zawgyi + Unicode)Where stories live. Discover now