part 53 they all coming to yangon

351 23 1
                                    

Zawgyi

ကမ္ဘာပျက်နေရင်တောင် ထွက်ပေါက်ရှိသေးတယ်တဲ့။ သို့သော် အမှားတွေကို အချိန်မှန် မပြင်ဆင်နိုင်ခဲ့ရင် ရော။

ချမ်းအိပ်မက်ဆိုး မက်တာတွေ ဆက်ဖြစ်နေတုန်းပဲ။ ဒါကြောင့် သူ ရှမ်းပြည်က နေ ရန်ကုန် ကို အမြန်လာဖို့ ဆုံးဖြတ်ချက်ချ လိုက်ရတော့တယ်။ ချမ်းအခြေအနေက ပြဿနာကို သိပေမယ့် ရှမ်းပြည်မှာကုသဖို့ မဖြစ်နိုင်ဘူးလေ။ ပြခဲ့တဲ့ စိတ်ရောဂါကု ဆရာလေးက ဆေးပေးထားလို့တော်သေးသည်။ အိပ်မက်ဆိုးတွေ မက်နေပေမယ့် အရမ်းကြီး မပြင်းထန်။

သူနှစ်ရက်လောက်ရှမ်းပြည်မှာနေပြီး ရန်ကုန် ကိုလေယာဉ်နဲ့ပဲသွားလိုက်တော့တယ်။ အရင်လို အရမ်းပြင်ပြင်ဆင်ဆင် ချမ်းမပြင်လာပါ။ သာမန် အနောက်တိုင်းဝတ်စုံ အနက်လေးဝတ် စီးမေကျ ရူးဖိနပ် အနက်ရောင်၊ ခရီးဆောင်အိတ် တစ်လုံးနဲ့ သူ ကျိုင်းတုံလေဆိပ်ကနေ လျှို့ဝှက် စွာ ရန်ကုန်ကို လေယာဉ်နဲ့ လာခဲ့တော့တယ်။

သူတစ်ယောက်ထဲပါပဲ ဘယ်သူမှခေါ်မလာတော့ပါဘူး။ သူရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ရောက်လာတော့လည်း လာကြိုမဲ့သူမရှိပါ။ ချမ်း အနက်ရောင်အနောက်တိုင်းဝတ်စုံ ရှုးဖိနပ်တို့ဖြင့် ကျက်သရေရှိစွာ လေဆိပ်လျောက်လမ်းတွေကို တစ်လှမ်းချင်းလှမ်းလျောက်လာခဲ့တော့သည်။ လေဆိပ်အတွင်းမို့ သိပ်မသိသာသလိုရှိပေမယ့် ေလဆိပ်အပြင်ရောက်သည်နှင့် ရန်ကုန်လေပူတို့က ချမ်းကို နွေးထွေးစွာကြိုဆိုလိုက်လေသည်။ တွေ့ရာ taxi တစ်စီးကို တားလိုက်ပြီး ဆူးလေဘုရားနား မဟာဗန္ဓုလပန်းခြံ ရှေ့ရှိ ယခင်တည်းနေကြ Pullman hotel ကိုသာ မောင်းခိုင်းလိုက်သည်။

လေဆိပ်ကတရာလမ်းမှာကနေ ခေတ်မှီအဆောက်အအုံများ သစ်ပင်ကြီးများစွာဝန်းရံနေသော လမ်းများကို ချမ်း taxi ပြတင်းပေါက်မှ လှမ်းမျှော်ကြည့်ရှုခဲ့ပေသည်။ ရန်ကုန်သည်အရောင်အသွေးစုံသောမြို့ပါလား သူကောက်ချက်ချမိလေသည်။

မကြာမီ pullman hotel ရောက်လာသည်။ ထုံးစံအတိုင်း အခန်းတံခါးကို ဖွင့်ပြီး အကျီချွတ်ကာ ခနတာ အိပ်စက်အနားယူလိုက်တော့လေတော့သည်။

ပြည့်​တန်​ဆာ ဆန်​သောညများ(zawgyi + Unicode)Where stories live. Discover now