Zawgyi
Remeo save me သီချင်းသံလေးက မနက် ၈နာရီ ထားဝယ်မြို့ရဲ့ ဖြူဖွေးနေတဲ့ မြူငွေ့နဲ့ နေရောင်ကြား ထားဝယ်ရိုးရာ အိမ်လေးရဲ့ ပြတင်းပေါက်ဆီမှ ပြန့်လွှင့်လာပေလေသည်။ ချမ်းသလွန်ပေါ်မှ ထလိုက်ပြီး ဖုန်းကိုကောက်ကိုက်လိုက်သည်။
"ချမ်းအခုဘာလုပ်နေလဲ၊ ကိုယ့်ကိုရောသတိရသေးလား။ အသစ်များရနေတာလား။ ကိုယ်ကိုမမေ့သေးဘူးမလား။ "
တစ်ဖက်က အသံကိုကြားကြားချင်းချမ်းလုံးဝ ဆွံအသွားခဲ့သည်။ ထိုအသံပိုင်ရှင်သည် မိုးသောက် မဟုတ်ခဲ့ပါ။ ထိုအသံပိုင်ရှင်သည်
ပညာတော်သင်ထွက်သွားခဲ့ပြီး အဆက်အသွယ်ပြတ်သလိုဖြစ်နေခဲ့ သည့် ချမ်း ရဲ့ အချစ်ဦး စိုင်းလုံပင်။ချမ်း ဆွံအနေတာကို အမှုအရာမပျက်ထိန်းနိုင်လိုက်သည်။ ချမ်းဆိုသည်မှာ ဟန်မဆောင်တတ်သလို ထင်ရပေမယ့် ဟန်ဆောင်ကောင်းတဲ့ ထဲပါသည့် လူမျိုးပင်။
ချမ်းသတိရတာပေါ့ စိုင်းကလည်း၊ မြန်မာပြည်မှာ ခုမှ နေ့ဘက်ပဲ ရှိသေးတာ။အသစ်လား ရချင်ပေမယ့် မရသေးပါဘူး။
သူ မဟုတ်သလို စိုင်းလုံကိုဖုန်းကွယ်လိုက်သည်။အင်းကို မကြာခင် ရန်ကုန် ကိုလာဖြစ်မယ်ထင်တယ်ချမ်း။ ကိုယ်ကမကြာခင် ဘွဲ့ရတော့မှာလေ။ ဘွဲ့ရဖို့အတွက် project နောက်ဆုံးလုပ်ဖို့ကို မြန်မာပြည်ကိုရွေးထားတာ ချမ်းရဲ့။ ကိုယ်ပြန်လာရင်လာတွေ့မယ်မလားချမ်း။
လာတွေ့ရမှာပေါ့ ကိုကလည်း။
ကိုယ်ကိုချစ်လား ချမ်း၊
ထိုမေးခွန်းကိုဖြေဖို့အနည်းငယ်ချမ်းတုံဆိုင်းသွားသော်လည်း
အများကြီးချစ်တယ် ကိုစိုင်း။ ဂရုစိုက်နေနော် ကို။
Bye bye။ ကိုပြန်လာရင်တွေ့မယ် ချမ်း။ အရမ်းချစ်တယ်။ စိုင်းလုံဖုန်းချသွားလေသည်။ ချမ်းအကွက်ရွေ့ရဦးမည်။ သူ မိုးသောက်ကိုရော စိုင်းကိုရော တစ်ယောက်နဲ့တစ်ယောက်တွေ့ပေးလို့မဖြစ်ပါ။ မိုးသောက်က အရင်က ရည်းစားရှိမှန်းသိရဲ့ နဲ့ တွဲတယ့် ဆိုပေမယ့် သူဘက်က မိုးသောက်ကိုပဲ ရှေးပါ့မယျဆိုပွီး သေချာအောင် သူကောင်းကောင်းချုပ်ထားနိုင်ခဲ့သည်သာ။

YOU ARE READING
ပြည့်တန်ဆာ ဆန်သောညများ(zawgyi + Unicode)
RomanceZawgyi ကျောင်းသားတွေအားလုံးထဲမှ အချောဆုံး၊ အရှုပ်ဆုံးနဲ့ ကိုမှ ချစ်မိခဲ့တဲ့ မိုးခ။ စည်သူခန့်ရဲ့ မာယာကျော့ကွင်းထဲမှ ရုန်းထွက်နိုင်ပါ့မလား။ တော်ဝင်မျိုးနွယ်ပြီပြီ ကြင်နာတတ်ပေမယ့် ရက်စက် သွေးအေး ပြတ်သားတတ်တဲ့ ချမ်း၊ အရမ်းချစ်တတ်ပြီး ပြီးပြည့်စုံတဲ့ စော...