part 40 love is not like the lust

901 33 3
                                    

Zawgyi

မိုးသောက်တစ်ယောက် ချမ်းကိုလွမ်းနေခဲ့သည်။ ချမ်းတစ်ယောက် မိသားစုနှင့် ခရီးထွက်သွားသည်ဆို၍ အနည်းငယ်တော့စိတ်အေးရသေးသည်။ ဘာပဲ ဖြစ်ဖြစ်။ ဖုန်းခေါ်လို့မရတာတော့ အနည်းငယ်စိုးရိမ်မိသော်လည်း အဝေးပြေးလမ်းမပေါ်မှာဆို လိုင်းမမိတတ်လို့ဖြစ်ရင်ဖြစ်မှာပေါ့ စိတ်အေးအေးထားဖို့သူကြိုးစားကြည့်ဖြစ်သည်။ ဘာပဲဖြစ်နေဖြစ်နေ ချမ်းကို သူယုံကြည်သည်။ ချမ်းက မိုးသောက်အတွက်ဆို တကယ်ချစ်တဲ့စိတ်တစ်ခုထဲနဲ့ ခင်တွယ်မိခဲ့သူပေါ့။ သူ့မှာ ရည်းစားမပြောနှင့် သူငယ်ချင်းအပေါင်းအသင်းဆိုတာတောင် သိပ်ရှိခဲ့သူမဟုတ်တော့ သူချမ်းကို ခုံမင်သည်။ ချမ်းကို ပိုတွယ်တာသည်။ နယ်မှာ အသိမရှိတစ်ဦးတည်းရောက်နေရာက နေ အချစ်ကော အားကိုးရာရော ချမ်းကဖြစ်ခဲ့သည်။ သူကာကွယ်ချင်မိသော ကောင်လေးတစ်ယောက်လည်းဖြစ်ခဲ့သည်။ သူမသိသမျှကို ချမ်းက အစစအရာရာ သင်ပေးခဲ့သူဖြစ်သည်။

ချမ်းနဲ့ မိုးသောက်ဆိုတာ မိုးနှင့်မြေလိုအဆင့်ချင်းကွာခြားမှန်းသူသိပါသည်။ ချမ်းဆိုတာ ဆွေကြီးမျိုးကြီးက ဆင်းသက်လာသူဖြစ်သည့်အပြင် ချမ်းသာသော သူဖြစ်သောကြောင့် သူနဲ့မတန်မှန်းသူသိပါသည်။

ရေးနေကြ ဒိုင်ယာရီလေးထဲမှာမိုးသောက်ချရေးလိုက်သည်။

"ကျွန်တော်က သာမန်မိသားစုက ဆင်းသက်လာသူပါ ချမ်းဆိုတဲ့ ကြွေရုပ်လေးနဲ့ မထိုက်တန်ပါဘူး။ "

ချမ်းနဲ့ ဆက်သွယ်လို့မရတာက မိုးသောက်ကို ရူးသွပ်စေခဲ့သည်။ သွားတဲ့နေ့ကစလို့ သူအမျိုးမျိုး သတိမရဖို့ကြိုးစာနေခဲ့ပါသည်။ FB မှာလည်း ချမ်းကိုမတွေ့နဲ့။

"အော်ဒီကောင်လေးဘာများလုပ်နေပါလိမ့်"
သူတမ်းတမိပြီး ညဘက်ထားဝယ်လပြာရောင် ဖျော့ဖျော့လေးငေးရင်း သူဒီညလေးကို ကုန်ဆုံးခဲ့ရရှာပါတယ်။

နောက်တစ်နေ့ နံနက်

Pullman hotel တွင် ဒီနေ့တော့ထူးဆန်းစွာ ချမ်းက အစောကြီးနိုးနေခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် စိုင်းလုံက မနေ့က တစ်ညလုံးပုံပြင် ပုံတင်ရင်းနဲ့ပင်မအားသောကြောင့်ပင်ဖြစ်သည်။ ချမ်းနိုးလာတာနဲ့ အိပ်နေတဲ့ စိုင်းလုံရဲ့ချောမောတဲ့ မျက်နှာနဲ့ နှုတ်ခမ်း လေးတွေကို မနမ်းပဲ မနေနိုင်ပါ။ ချမ်း စိုင်းလုံမနိုးအောင် စတော်ဘယ်ရီ၊ စီးကရက်တို့နှင့် အရသာနှင့်တူသော အနမ်းတစ်ခုကို စက္ကန့်ပိုင်းမျှ ခံစားလိုက်ရသည်။ အပေါ်ပိုင်း အကျီ မရှိဘဲအိပ်နေတဲ့ စိုင်းလုံရဲ့ ပုံစံလေးက နတ်သား တစ်ပါးအလား။ ထိုနတ်သားလေးကို သူ မနိုးစေချင်သေးပါ။ စိုင်းလုံရဲ့ ခန္ဓာကိုယ်ကို စောင်အဖြူလေးနှင့် လွှမ်းခြုံပေးထားလိုက်လေသည်။

ပြည့်​တန်​ဆာ ဆန်​သောညများ(zawgyi + Unicode)Where stories live. Discover now