Zawgyi
ချမ်း မိုးသောက်ရဲ့ လက်မောင်းပေါ်မှာ လူးလွန့်ရင်း နိုးထလာခဲ့သည်။ သူနိုးထလိုက်တာနဲ့ ကလေးဆန်ပြီး မရင့်ကျက်သေးတဲ့ မိုးသောက်ကို ကြည့်ပြီး ပြုံးလိုက်မိသည်။ စိုင်းလုံလို အကိုကြီး တစ်ယောက်လို အားကိုးရာ သူလုပ်သမျှ ခွင့်လွှတ်မည့် သူမဟုတ်မှန်း သူအစကတည်းက သိပါသည်။
သူဂရုစိုက်ပေးရမည့်အချိန်ရောက်ပြီလေ။
ချမ်း ဟော်တယ်အောက်ဘက်လ၂၃ လမ်းဘက်ကို လမ်းလျောက်သွားလိုက်သည်။ မနက် ခုနှစ်နာရီ ထိုးပြီးစ အချိန်ဆိုတော့ ဆူးလေဘုရားတစ်ဝိုက်တော့ တိတ်ဆိတ်နေပေသည်။ ဆူလေနားက Caf Amazon က မိုးသောက်ကြိုက်တဲ့ Americano iced တစ်ခွက်ဝယ်လိုက်သည်။ ချမ်းမျက်နှာမှာ အပြုံးတွေဝေဆာစွာ လမ်းလျောက်လာခဲ့သည်။ မိုးသောက်ဆိုသော စိတ်တိုပြီး ကမူးကရူး လုပ်တတ်တဲ့ကောင်လေး ေကာ်ဖီပျော်ရွှင်စွာ သောက်နေတဲ့ ပုံလေးကိုကြည့်ပြီး သူပြုံးနေမိခြင်းဖြစ်သည်။သူအတွက်တော့ ဟိုတယ်က ပင်လယ်စာခေါ်ကဆွဲ မှာစားလိုက်မည်ဟုစိတ်ကူးထားလိုက်သည်။ သူ pullman hotel ကို ပြန်လာလိုက်ပြီး reception ကို sandwich နဲ့ သူ့အတွက်ပင်လယ်စာခေါက်ဆွဲမှာလိုက်ပြီး ရိုးမ ကဒ်နှင့် တစ်ခါတည်းငွေရှင်းလာခဲ့လိုက်သည်။ ဘယ်လောက်ကုန်သလဲ ဆိုတာ မိုးသောက်သိသွားရင် သိမ်ငယ်စေမှာ စိုးသောကြောင့်ပင်ဖြစ်သည်။
အခန်းထဲ ပြန်ဝင်လာသော်လည်း အပေါ်ပိုင်း ဗလ ဖြင့် ချစ်စရာကောင်းအောင်အိပ်မောကျနေသော ကောင်လေးကိုနှိုးရဦးမည်။ မနိုးခင် သူ ရေချိုးလိုက်ပြီး စားဖို့ စားပွဲလေးကို သူပြင်ထားလိုက်သည်။ မကြာခင် room service ရောက်လာသောကြောင့် ချမ်း bell boy ကောင်လေးကို tips တစ်သောင်းခွဲ ပေးလိုက်ပြီး တစ်နာရီကြာမှ လှည်းရော ဟင်းပွဲတွေကို လာယူဖို့မှာလိုက်သည်။
ချမ်း ဟင်းပွဲတွေကို စိတ်တိုင်းကျ လှည်းထဲက ပန်းကန်တွေကို သုံးပြီး မိုးသောက် စားဖို့ရော သူစားဖို့အတွက် ပြင်ထားလိုက်သည်။ ပြင်ထားပြီးမှသာ ကုတင်ဘေးနား မှန်တံခါးပေါက် နားက လိုက်ကာတွေကိုဖယ်ထုတ်လိုက်သည်။ နေရောင်ခြည် အလင်းတန်လေးများ မိုးသောက် မျက်နှာပေါ်ကို ထိုးကျလာတော့ ထိုချစ်စရာကောင်လေးက မျက်လုံးကို ပွတ်ပြီး ဘေးက ခေါင်းအုံး ကို လက်ဖြင့် ယူပြီးကာလိုက်သည်။ ချမ်း ထိုကောင်လေးရဲ့ ခေါင်းအုံးကို လုယူလိုက်ပြီး အိပ်ရာပေါ်လူးလိန့်နေတဲ့ ကောင်လေးရဲ့ ကျောကနေ မလိုက်ပြီး ထူလိုက်သည်။ နှုတ်ခမ်လေးဆူနေသော ထိုကောင်လေးရဲ့ ပါးနှစ်ဖက် ကို ချမ်း ယုယစွာကိုယ်လိုက်ပြီိး
YOU ARE READING
ပြည့်တန်ဆာ ဆန်သောညများ(zawgyi + Unicode)
عاطفيةZawgyi ကျောင်းသားတွေအားလုံးထဲမှ အချောဆုံး၊ အရှုပ်ဆုံးနဲ့ ကိုမှ ချစ်မိခဲ့တဲ့ မိုးခ။ စည်သူခန့်ရဲ့ မာယာကျော့ကွင်းထဲမှ ရုန်းထွက်နိုင်ပါ့မလား။ တော်ဝင်မျိုးနွယ်ပြီပြီ ကြင်နာတတ်ပေမယ့် ရက်စက် သွေးအေး ပြတ်သားတတ်တဲ့ ချမ်း၊ အရမ်းချစ်တတ်ပြီး ပြီးပြည့်စုံတဲ့ စော...