Zawgyi
နှလုံးသားကပြောတဲ့စကားတွေဟာ တစ်ခါတစ်လေမှာ အမှားတွေ ဖြစ်နေတတ်ပါတယ်။ ဥပမာ- ဒီလူကို ချစ်တယ်ထင်မိပေမယ့် တကယ်တမ်းရသွားမှာ မချစ်တော့တာမျိုးပေါ့။ မှားယွင်းတဲ့ ပုံစံတွေနဲ့ relationship တစ်ခုကို တည်ဆောက်ခဲ့မယ်ဆိုရင် အဆုံးသတ်မှာ အမုန်းတရားနဲ့ နောင်တတွေပဲ ကျန်ခဲ့ပါလိမ့်မယ်။
Don't blame me.lord save me my drugs is my baby Taylor swift ရဲ့ Don't blame me သီချင်းသံကြောင့် ချမ်းနိုးလာခဲ့သည်။ ကြည့်လိုက်တော့ ချမ်းရဲ့ I phone လေးမှ ဖြစ်သည်။ ည၃ နာရီ ရှိပြီဖြစ်သျောလညျး အဲကွန်းကြောင့် တစ်ခန်းလုံးအေးစက်နေပေလေသည်။
Hello ဖုန်းမှ စိုင်းလုံအသံလေးကို ချမ်းပီပီသသကြားလိုက်ရသည်။ မိမိထံသို့ ဆက်သွယ်ခဲ့သူမို့ ဘာကိစ္စများရှိနေသလဲလို့ ချမ်းစိုးရိမ်မိသွားသည်။ ထို့အပြင် hello ဟူသောအသံကို ဒုတိယအကြိမ်ကြားရချိန်တွင် အသံတွင်အက်ကွဲနေသော အသံပါနေသည်ကို ချမ်းသတိထားလိုက်မိသည်။
သူမေးဖို့စကားစမည်ကြံတုန်း စိုင်းလုံကပြောထွက်လာတော့သည်။
"ငါ့အဖေ ကျန်းမာရေးက ကင်ဆာကြောင့် ခြောက်လလောက်ပဲ အချိန်ရတော့မယ်တဲ့ ချမ်း။ "
ဘယ်လိုဖြစ်တာတုန်း။
အခုက ဦးနှောင်ကင်ဆာတဲ့ အရိုးက ကင်ဆာကို အရင်က အမေရိကန်မှာ chemo ရော radiation နဲ့ရောကုထားပေမယ့်။ အခုဦးနှောက်မှာထပ်ဖြစ်တာ။ ခွဲစိတ်လို့မဖြစ်နိုင်ဘူးတဲ့ချမ်း။
ငါဘယ်လိုလုပ်ရမလဲချမ်း။
စိတ်အေးအေးထားပါ ကိုရယ်။ အရာအားလုံးအဆင်ပြေသွားမှာပါ။ အားတင်းထားနော်အရာရာ အဆင်ပြေသွားမှာကိုရယ်။
ချမ်းလေးရော အဆင်ပြေရဲ့လား။ ဘယ်လိုတွေလုပ်နေလဲ။
အခုတော့ ရန်ကုန်မှာ အလည်ခရီးထွက်နေတာ။ ချမ်းဘာမှမဖြစ်ပါဘူးချမ်းကိုစိတ်ပူစရာမလိုဘူး ကိုရယ်။
ချမ်းဘာမှမဖြစ်သလိုဟန်ဆောင်ကလိမ်ညာလိုက်သည်။ သူချမ်းကိုစိတ်ပူမစေချင်သလို ဒီစိတ်ရောဂါ ခံစားနေရတဲ့အကြောင်းကို မသိစေလိုပါ။

YOU ARE READING
ပြည့်တန်ဆာ ဆန်သောညများ(zawgyi + Unicode)
RomanceZawgyi ကျောင်းသားတွေအားလုံးထဲမှ အချောဆုံး၊ အရှုပ်ဆုံးနဲ့ ကိုမှ ချစ်မိခဲ့တဲ့ မိုးခ။ စည်သူခန့်ရဲ့ မာယာကျော့ကွင်းထဲမှ ရုန်းထွက်နိုင်ပါ့မလား။ တော်ဝင်မျိုးနွယ်ပြီပြီ ကြင်နာတတ်ပေမယ့် ရက်စက် သွေးအေး ပြတ်သားတတ်တဲ့ ချမ်း၊ အရမ်းချစ်တတ်ပြီး ပြီးပြည့်စုံတဲ့ စော...