part 36 Winter sadness

875 31 0
                                    

Zawgyi

ထိုအဖြစ်အပျက်အများအပြီး တစ်လခန့်အကြာ။

ကိုကို ဒီနေ့ ချစ်ရဲ့ job တွေ မပြီးသေးဘူး။ ကို အစားထိုးလုပ်ပေးလို့မရဘူးလားဟင် မျက်နှာငယ်လေးဖြင့် မိုးခ စည်သူခန့် လက်ကိုဆွဲကိုင်ထားပြီး ချွဲနေပေလေသည်။ သူတို့နှစ်ယောက်နဲ့အတူ ပထမနှစ် mechanical တွေ တစ်ခန်းလုံး လက်တွေ့ ခန်းတွင် သံပစ္စည်း ပြုလုပ်ရသည့် job များကို ပြုလုပ်နေရခြင်းဖြစ်သည်။ မိုးခသည် mechanical သာ ယူထားရသော်လည်း ဂဟေဆော်ခြင်းကဲ့ သိုသော easy job များပင်မီးပွားများစင်လာမည်ကိုကြောက်တတ်သူဖြစ်ပေသည်။

ကိုယ့်ရဲ့ အသည်းလေးအတွက်ပဲ လုပ်ပေးရမှာပေါ့ ဘာမှ မလုပ်နဲ့တော့ ချစ် လက်ကလေးတွေ ပွန်းကုန်ပါ့မယ်။ ML ပဲဆော့နေလိုက် ကိုယ်လုပ်ပေးထားမယ်။ ပြီးမှ နာမည်တပ်လိုက် အဆိုးလေး မိုးခ ဆံပင်ကို စည်သူခန့် လက်နှင့် ယုယစွာ ဖွလိုက်ပြီ Mechanical tool တွေလုပ်တဲ့ စက်တွေကြား သံထည်များကိုနှစ်ယောက်စာ လုပ်နေကြသည်။

ဘေးမှ မြတ်နိုးနှင့်ယွန်းပိုးကတော့ သူတို့အတွဲ ကိုမျက်စောင်းထိုးကြည့်ပြီး "သူတို့များတော့ လုပ်ပေးမယ့်သူနဲ့ တို့အစစ်မတွေကတော့ ကွကိုလုပ်နေရတုန်း၊ အမလေ အမေစု ကယ်ပါ၊ ဗိုလ်ချုပ်ရေ ထကြည့်ပါဦး ဟာသနှောကာ ပြောနေလိုက်ကြသည်။

တကယ်လည်း စည်သူခန့်က မိုးခ လုပ်ရမယ့် pratical job များကို အချိန်ကုန်ခံ အပင်ပန်းခံလုပ်ပေးပြီး သူကိုယ်တိုင် မိုးခ နာမည်ကို ဂုဏ်ယူစွာထိုးပေးပြီး အပ်နှံပေးလေသည်။

အခုတော့ ကမ္ဘာပေါ်မှာအပျော်ဆုံးသူက မိုးခဖြစ်နေခဲ့ပြီလေ။ စည်သူခန့်အရင်လိုမိုးခကို မရက်စက် တော့ပါ။ အခုဆို ရိုက်နှက်ဖို့မဆိုထားနှင့် လက်နှင့်ပင်ရွယ်ခြင်းမပြုတော့ပါ။
မိုးခကို တန်ဖိုးထားလွန်းသဖြင့် တစ်ကျောင်းလုံးကပင် စည်သူခန့်လိုကောင်လေးရသည့်အတွက် မိုးခ ကံကောင်းသည်ထင်နေကြသည်။

ထိုသူများထဲတွင် ဆက်ပိုင်မပါခဲ့ပါ။ ဆက်ပိုင် စည်သူခန့် နှင့် မိုးခ တွဲလိုက်သည်ဆိုကတည်းက မိုးခ နားမှ လိုအပ်သည်ထက်ပို၍ သူရှိမနေခဲ့တော့ပါ။ မည်မျှ ပင်သူငယ်ချင်းဖြစ်သည်ပြောပါလိမ့်စေ။ သူရဲ့ ခံစားချက်တွေကို မိုးခရော စည်သူခန့်ရော သိထားသည့် အတွက်သူ မဖြစ်သင့်တာမဖြစ်ရအောင် သူရှောင်တိမ်းခဲ့ပေလေသည်။သို့သော်လည်း အခင်အမင်မပကျြ​အောင် ဆက်ပိုင်ကြိုးစားနိုင်ခဲ့သည်ကိုတော့ အားလုံးချီးကျူးထောပနာပြုကြရပေလိမ့်မည်။

ပြည့်​တန်​ဆာ ဆန်​သောညများ(zawgyi + Unicode)Where stories live. Discover now