[Zawgyi]
အဲ့တာက အစီအစဉ်
"အရူးမ! တကယ်လို့နင်အဲ့လိုသာ လုပ်လိုက်ရင် သူဋ္ဌေးနှလုံးရောဂါ ရသွားမှာ မသိဘူးလား?" 'ကွာရှင်းမည်'ဆိုသောစကားလုံးအား လုရီဖုန်းကြားလိုက်တာနဲ့တင် မကောင်းဆိုးဝါးအသွင် ပြောင်းသွားလိမ့်မည်ဆိုတာ လီပင်းပင်း သေချာသိသည်! တကယ်လို့ မေ့ပါလဲကျသွားရင်ရော!
ရှမေလင်း မျက်နှာပေါ်မှ လူဆိုးပုံစံအပြုံးကိုမြင်လိုက်တော့ လီပင်းပင်းသည်လည်း မနေနိုင်စွာရယ်မိသွားပြီး "တကယ်ကြီးလား?"
"အင်း ဟုတ်တယ်။ အဲ့တာ အစီအစဉ်ပဲ" သိမ်မွေ့ပြီး နတ်ဆိုးဆန်သော ရယ်သံခပ်ဖျော့ဖျော့အား သူမဆီမှ ကြားလိုက်ရပြီးနောက် "သူက အရမ်းငြိမ်ပြီး စိတ်ထိန်းနိုင်လွန်းတာမို့ သူ့ကိုလန့်အောင်လုပ်ချင်တယ်။ ပြီးတော့ ငါ့ရဲ့နောက်ဆုံးရက်က ဧပြီလထဲမှာပဲဆိုတော့ ပိုပြီးနောက်လို့ကောင်းတာပေါ့"
"မိန်းမ အဲ့တာ နင့်အတွေးလား ဒါမှမဟုတ် ဟော်မုန်းဓာတ်တွေကြောင့်လား?" သူမ သူငယ်ချင်းရဲ့ကိုယ်ဝန်က အခုလိုရူးကြောင်ကြောင် အကြံအစည်တွေ တွေးမိအောင် လုပ်လိုက်တာလား? ကြောက်ဖို့ကောင်းလိုက်တာ!
"ငါ ပျင်းတယ်" ရှမေလင်း နှုတ်ခမ်းဆူလေ၏။ "ရှုံ့ဖန်နဲ့ ငါ့ရဲ့ ဓာတ်ပုံအတူရိုက်ဖို့က ဧပြီလထဲရှိနေသေးတယ် ပြီးသွားရင်တော့ အမေတစ်ယောက်ဖြစ်ဖို့ကိုပဲ အာရုံစိုက်တော့မယ်"
မိန်းကလေးများရဲ့ ခက်ခဲသောအချိန်သည် မိခင်ဖြစ်သည့် အချိန်ဖြစ်ပြီး အထူးသဖြင့် အခက်ခဲဆုံးသောအချိန်သည် မွေးခါစကလေးအား ဂရုစိုက်သည့်အချိန်ဖြစ်၏။ ရှမေလင်း အခုလိုအတွေးတွေ ဘယ်လိုတွေးမိလဲဆိုတာ လီပင်းပင်းသိချင်လာ၏။ အထူးသဖြင့် သူမက အခု ဒုတိယကလေးနဲ့ တတိယကလေးကို လွယ်ထားရတဲ့အချိန်မှာပေါ့။
လီပင်းပင်းကတော့ ကလေးကို လုံးလုံးကြီးချစ်တတ်သူ မဟုတ်။ အရိုးသားဆုံးပြောရပါက....နာခံတတ်ပြီး ထိန်းရလွယ်သော ကလေးကို ပိုပြီးသဘောကျသည်...သို့ပေမယ့် မွေးခါစကလေးကိုကျတော့ရော? တစ်ယောက်ကိုတောင် ထိန်းနိုင်ဖို့ လီပင်းပင်း မသေချာချင်။ ထိုအရာတွေကို ဂရုစိုက်ပေးသည့်နေရာတွင် ရှစစ်နျန်က ပိုတော်လေ၏။ ဒါဆို သူတို့ကလေးတွေဆိုရင်ရော ဘယ်လောက်ထိ ဂရုစိုက်ပေးနို်င်မလဲ?
YOU ARE READING
BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေး
Romanceသူ့ကို အသက်ရှင်နေတဲ့လူသားနတ်ဆိုး တစ်ယောက်လို့ သူမအမြဲတွေးခဲ့တယ်။ ထိုသူကျူးလွန်ခဲ့တဲ့အရာတွေအပေါ် သူမခံစားလိုက်ရတာက သူမ သူ့ကိုကြောက်တယ် မုန်းခဲ့တယ် သို့ပေမယ့် သူဟာ သူမအတွက် သူ့ကိုယ်သူ ကြိုးစားပြောင်းလဲနေခဲ့တယ်။ သူမ ထိုသူ့ရဲ့ အမှန်တရားတွေကို သိပြီးနောက...