[Zawgyi]
သမီးတို့ကိုဒကာခံ
"ပါး..ဒီနေ့ကဘာနေ့လဲဆိုတာ တကယ်မေ့နေတာလား?" ဓာတ်လှေကားထဲဝင်ရင်းမှ လုရှင်းရန် မေးလိုက်သည်။
သူမမေးခွန်းကြောင့် လုရီဖုန်းသည်လည်း ဒီနေ့ဘာနေ့ဆိုတာ ရပ်ရင်းစဉ်းစားနေလိုက်သည်။ သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့များလား? မဖြစ်နိုင်သေးဘူး...သူတို့ နှစ်ပတ်လည်ရောက်ဖို့က နှစ်လလောက်လိုသေးတယ်။
သူမ မွေးနေ့များလား? မဟုတ်သေးဘူး လွန်ခဲ့တဲ့လေးလလောက်ကမှ မွေးနေ့ကိုကျင်းပထားတာ။ ဒီတော့ ဒီနေ့ကဘာနေ့များလဲ?
လုရီဖုန်း၏ ကြောင်တောင်တောင်ဖြစ်နေသော ပုံစံကိုကြည့်ရင်းမှ ရှမေလင်း သက်ပြင်းသာချလိုက်သည်။ သူ့မွေးနေ့ကိုတောင် ဘယ်လိုမေ့နိုင်ရတာလဲ?!
ကားပါကင်ကို ရောက်သွားသည်နှင့် ခန့်ညားလှသော ယောက်ျားတစ်ယောက်သည် ကမ္ဘာ့အမြန်ဆုံး SUV Lamborghini Urusကားအား မှီရပ်နေလေသည်။ သူသည် အပြာရောင်ဗြောင်ရှပ်ပေါ်မှ ထပ်ကာ နူးညံ့သောကုတ်အား ဝင်ဆင်ထား၏။ လုရီဖုန်း၏ ပုံပန်းသွင်ပြင်တို့ သူ့ထံတွင် ထင်ဟပ်နေသော်ငြား မိခင်ဆီမှ အမွေရရှိသော အသွင်ပြင်ကိုလည်း အလွယ်တကူ မြင်နိုင်လေသည်။
ထိုလူသည် သူတို့အား သတိထားသည့်အခါ သစ်အယ်သီးအရောင် မျက်ဝန်းတို့အား ဖွင့်လှစ်ပြသသည့်နှယ် မျက်မှန်အားချွတ်ကာ လျှောက်သွားလိုက်၏။သူတို့အား တွေ့သည့်အခါ ထိုကောင်လေးသည် ပြုံးမိသွား၏။
"သားကို ဒီထပ်ပိုစောင့်ရအောင် လုပ်မယ်ထင်နေတာ" အမွှာညီမနှစ်ယောက်၏ ဆံပင်တွေအား သူဖွလိုက်ပြီးနောက် မိဘတွေဘက်လှည့်ကာ "အဖေ အမေ"
"ကြည့်ပါဦး ဘယ်လောက်တောင်ခန့်ပြီးချောလာလဲဆိုတာ! သားကိုမတွေ့မိတာ လပိုင်းလေးပဲ ရှိသေးတာတောင် အရင်လိုချောမြဲချောဆဲပါပဲလား"ရှမေလင်း ရယ်လိုက်ရင်း ပြော၏။
အမေဖြစ်သူ၏ မှတ်ချက်ကြောင့် လုမယ်လို ရယ်လိုက်ပြီး "ဒါပေါ့ဒါတွေအကုန်လုံးက အံ့သြစရာ ကောင်းတဲ့ အဖေနဲ့အမေဆီက အမွေရထားတာပဲကို"

ВЫ ЧИТАЕТЕ
BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေး
Любовные романыသူ့ကို အသက်ရှင်နေတဲ့လူသားနတ်ဆိုး တစ်ယောက်လို့ သူမအမြဲတွေးခဲ့တယ်။ ထိုသူကျူးလွန်ခဲ့တဲ့အရာတွေအပေါ် သူမခံစားလိုက်ရတာက သူမ သူ့ကိုကြောက်တယ် မုန်းခဲ့တယ် သို့ပေမယ့် သူဟာ သူမအတွက် သူ့ကိုယ်သူ ကြိုးစားပြောင်းလဲနေခဲ့တယ်။ သူမ ထိုသူ့ရဲ့ အမှန်တရားတွေကို သိပြီးနောက...