[Zawgyi]
မောင်းတော့ မဟုတ်ရင် ပစ်မယ်
"ရောမမြို့မှာ အလုပ်ရှိနေလို့ ဒီိကို၂ရက်လောက် သူမ ပြန်လာဖြစ်မှာမဟုတ်ဘူး" ခုံနောက်တွင် မှီလိုက်ရင်း ရှမေလင်း ပြောလေသည်။
သူမ ပြောလိုက်သည့်စကား ကြားရသည့်အခါ ရန်ရှီယွမ် နှဖူးတွင် အရေးကြောင်းတို့ပေါ်လာပြီး "ရောမမြို့?"
သူတို့နှစ်ယောက်လုံး ထိုနေရာကိုကားဖြင့်သွားမည်ဆိုပါက အများဆုံး ၇နာရီလောက်အချိန်ယူမောင်းရမည် ဖြစ်၏။ အကယ်၍ ရထားဖြင့်သွားပါက အများဆုံး ၄နာရီအချိန်ယူရမည်ဖြစ်သည်။
နျန်ကျယ်ကျန်းတယောက် အလုပ်ကိုစတင်တာဝန်ယူပြီးတည်းက ရောမတွင်နေမည်ဖြစ်သလို ပြီးဆုံးသွားမှ မီလန်ကိုပြန်လာမည်ဖြစ်သောကြောင့် သူမ မရှိစဉ်ကာလအတွင်း ရှမေလင်းအား သူမ မိဘအိမ်တွင် အပ်ထားချင်ရသည့်အကြောင်းအရင်းဖြစ်လေ၏။
"ဟုတ်တယ်။ သူမရဲ့အမေကတော့ ငါ့ကိုဂရုစိုက်ပေးဖို့ ဒီနေ့ပဲရောက်လာလိမ့်မယ်" သူမပြောရင်း သက်ပြင်းချကာ "နင်တကယ်လို့ သူ့နောက်လိုက်သွားချင်ရင်တောင် ငါတော့လိုက်နိုင်မှာမဟုတ်ဘူး။ နျန်ကျယ်ကျန်းအမေက ဒီနေ့ရောက်လာမှာမို့ သူမနဲ့အတူရှိနေပေးဖို့ လိုအပ်တယ်"
လက်ကိုင်ဘီးအား တင်းကျပ်စွာဆုပ်ကိုင်းလိုက်ရင်း ရန်ရှီယွမ် ခေါင်းငုံ့လိုက်၏။ သူ ဘာလုပ်သင့်လဲ? သူမ နောက်ကို ဆက်လိုက်သင့်လား? သူတို့ကိုယ်ပိုင်အလုပ်ကြောင့် သူတို့ရဲ့ဆက်ဆံရေးက လွယ်ကူမှာမဟုတ်ဘူးလို့ သူမ ပြောခဲ့တယ်လေ။ သူမအတွက် သူ့ဘက်က အချိန်ပေးခဲ့ရင်တောင် သူမကရော သူ့အတွက် အချိန်ပေးနိုင်မှာတဲ့လား?
"နင် သူမကိုကြိုက်လား?" ဗုံးကြဲလိုက်သလို ရုတ်တရက်ဆန်စွာ ရှမေလင်း မေးလာလေ၏။
"မယ်....နင်က အရမ်းတည့်တိုးဆန်တာပဲ" သူ အနည်းငယ် ရယ်လိုက်ပြီး "အတည်ပေါက်ကြီး အခုလိုမေးလာမယ်ဆိုရင်လည်း အနည်းဆုံးတော့ သတိလေးပေးသင့်ပါတယ်"
သူမ မျက်လုံးသာလှိမ့်ကာ ပုခုံးတွန့််လိုက်၏။ သူမစိတ်ထဲတွင် တစ်စုံတခုပေါ် သိချင်စိတ်ပြင်းပြလာသည့်အခါတိုင်း မေးချင်သည့်အခါ ရှမေလင်းတွင် တုံ့ဆိုင်းမှုမရှိတတ်။ "အဲ့တော့ နင်သူမကိုကြိုက်လားလို့?"

YOU ARE READING
BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေး
Romanceသူ့ကို အသက်ရှင်နေတဲ့လူသားနတ်ဆိုး တစ်ယောက်လို့ သူမအမြဲတွေးခဲ့တယ်။ ထိုသူကျူးလွန်ခဲ့တဲ့အရာတွေအပေါ် သူမခံစားလိုက်ရတာက သူမ သူ့ကိုကြောက်တယ် မုန်းခဲ့တယ် သို့ပေမယ့် သူဟာ သူမအတွက် သူ့ကိုယ်သူ ကြိုးစားပြောင်းလဲနေခဲ့တယ်။ သူမ ထိုသူ့ရဲ့ အမှန်တရားတွေကို သိပြီးနောက...