[Zawgyi]
ရှမေလင်း နင်ရူးသွားတာလား?
ရှမေလင်း လိုချင်သည့်အတိုင်း လုရီဖုန်းနှင့်ရှမေလင်းတို့သည် လက်ထပ်ပွဲကို စတင်ပြင်ဆင်ကြသလို သူတို့သိသည့် လူအနည်းငယ်....အတိအကျပြောရပါက လူအယောက်၃၀လောက်သာ ဖိတ်ခဲ့သည်။
လက်ထပ်ပွဲကို အကြာကြီးအချိန်မဆွဲချင်သည့်အလျောက် ထိုနေ့ည လက်ထပ်ပွဲအကြောင်း ပြောပြီးပြီးချင်း ၂ပတ်အကြာတွင် ကျင်းပမည်ဆုံးဖြတ်လိုက်ကြသည်။
ရှမေလင်းနှင့်လုရီဖုန်းတို့၏ မင်္ဂလာဆောင်ပွဲအား အီတလီနိုင်ငံ ravelloရှိ အကောင်းစားကြယ်ငါးပွင့် ဇိမ်ခံဟော်တယ်တွင် ကျင်းပခဲ့သည်။ Carusoဟော်တယ်သည် ravelloမြို့၏ အကောင်းဆုံး မြင်ကွင်းရှိသော နေရာဖြစ်ပြီး ၁၁ရာစုကအဆောက်အဦးကြီးအတိုင်း တည်ဆောက်ထားလေသည်။ အဆောက်အဦး အရှေ့ဘက်နှင့် ခန်းမတစ်လျှောက်လုံးတွင် ပန်းများနှင့်ပြည့်နှက်နေ၏။ ရှမေလင်းအပါအဝင် မိန်းကလေးတိုင်း၏ အိမ်မက်သည် လှပသော သတို့သမီးဝတ်စုံအား ဝတ်ဆင်ပြီး ထိုဟော်တယ်တွင် မင်္ဂလာဆောင်ရခြင်း ဖြစ်သည်။
ဟော်တယ်တွင် ပင်လယ်မြင်ကွင်းအား ကောင်းကောင်းမြင်နိုင်သည့် ဧည့်သည်ခန်းစုစုပေါင်း ငါးဆယ်ရှိလေသည်။ တောင်ထိပ်တွင် တည်ဆောက်ထားမှုကြောင့် လှပပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော ပင်လယ်မြင်ကွင်းကို မြင်နိုင်လေသည်။
ဒါ့အပြင် ဖိတ်ထားသည့် ကန့်သတ်ထားသော ဧည့်သည်များအတွက်ပါ ဝန်ထမ်းတွေသည် ဓာတ်ပုံရိုက်ပေးခြင်း၊ အဝတ်အစားပြင်ဆင်ပေးခြင်းနှင့် မိတ်ကပ်များပါ ပြင်ပေးလေသည်။
မင်္ဂလာခန်းမအတွင်းတွင် ရှမေလင်းသည် သူမ၏ သေးသွယ်သော ကိုယ်ခန္ဓာပေါ်တွင် ပခုံးကြိုးမပါသော အဖြူရောင် ဝတ်စုံရှည်အားဝတ်ဆင်ထားသည်။ ဝတ်စုံရှည်သည် ကြမ်းပြင်ပေါ်သို့ ခန့်သားစွာ ကျဆင်းနေ၏။ ဝတ်စုံသည် ကိုယ်ပိုင်ဒီဇိုင်းဖြင့် မှာထားသော ဝတ်စုံဖြစ်သလို ဒေါ်လာသန်းအနည်းငယ် သုံးထားပြီး rosariumမှ ကန့်သတ်ထုတ်ကုန်ဖြစ်၏။ ရှမေလင်းသည် T&Vတံဆိပ်မှ နားကပ်နှင့်ဆွဲကြိုးကို ဝတ်ဆင်ထားသည်။ နောက်ဆုံးအရာဖြစ်သော ဖိနပ်သည် ဖန်ဖြင့်ပြုလုပ်ထားသည့် ဒေါက်ဖြစ်ပြီး ထိပ်နားတွင် ဖဲပြားဖြင့် တန်ဆာဆင်ထားလေသည်။

YOU ARE READING
BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေး
Romanceသူ့ကို အသက်ရှင်နေတဲ့လူသားနတ်ဆိုး တစ်ယောက်လို့ သူမအမြဲတွေးခဲ့တယ်။ ထိုသူကျူးလွန်ခဲ့တဲ့အရာတွေအပေါ် သူမခံစားလိုက်ရတာက သူမ သူ့ကိုကြောက်တယ် မုန်းခဲ့တယ် သို့ပေမယ့် သူဟာ သူမအတွက် သူ့ကိုယ်သူ ကြိုးစားပြောင်းလဲနေခဲ့တယ်။ သူမ ထိုသူ့ရဲ့ အမှန်တရားတွေကို သိပြီးနောက...