>214<[Zawgyi & Unicode]

2.9K 268 0
                                    

[Zawgyi]

ကျေးဇူးပြုပြီး သူမကိုပျော်ရွှင်အောင် ထားပေးပါ

လုရီဖုန်း စကားလုံးတွေကို နားထောင်နေရင်း မျက်ရည်တွေသည် ရှမေလင်း ပါးပြင်ပေါ်ကျဆင်းလာလေ၏။ မိတ်ကပ်ဆရာက ရေစိုခံမိတ်ကပ်အသုံးပြုပေးလိုက်တာ ကောင်းသည်ဟုပြောရမည်။

ကတိကဝတ်စကားနှင့် လက်စွပ်အား အပြန်အလှန်လဲဝတ်ပေးပြီးနောက် ဘုန်းတော်ကြီးသည် ကြေငြာရန် နှုတ်ခမ်းတို့ကို ဖွင့်ဟလိုက်သည်။ "အခုကစပြီး အကောင်းဆုံးသော အရာတွေကို အပြန်အလှန်မျှဝေရင်း ကမ္ဘာကြီးမှာ နှစ်ယောက်သား ပျော်ရွှင်စွာအတူတူ နေထိုင်သွားနိုင်ပါပြီ။ ယခုမှစ အကြင်လင်မယားအရာ တရားဝင်ဖြစ်မြောက်သွားပါပြီ။ သတို့သားကလည်း သတို့သမီးကိုနမ်းလို့ရပါပြီ"

ရှမေလင်း မျက်နှာပေါ်မှ စိုစွတ်နေသော မျက်ရည်တို့အား ချစ်စိတ်တို့ဖြင့် ကြည့်ရင်းမှ လုရီဖုန်းသည် ခြောက်အောင် သုတ်ပေးလိုက်သည်။ သူမခါးတွင် လက်တစ်ဖက် နေရာယူကာ ဖက်ထားလိုက်ပြီးနောက် သူ့အနားသို့တိုးစေကာ ကျန်လက်တဖက်ဖြင့် သူမမေးစေ့အား ကိုင်မော့လိုက်ပြီး "ကိုယ် မင်းကိုချစ်တယ်"

ရှမေလင်းသည်လည်း ချိုသာစွာပြုံးလိုက်ပြီး သူ့ပုခုံးပေါ် သူမလက်တို့တင်လျက် "ကျွန်မ ရောပဲ အချစ်"

သူတို့ကတိကဝတ်စကားအား အနမ်းဖြင့် ပိတ်သိမ်းလိုက်သည်။ သူတို့နမ်းလိုက်သည်နှင့် ဧည့်သည်များသည်လည်း လက်ခုပ်သြော်ဘာ ချီးမြှင့်ကြလေ၏။

အဖြူရောင်ဝတ်စုံဝတ်ထားသော ဖရဲသီးလေးသည်လည်း မိဘတွေဆီအပြေးရောက်လာကာ လုရီဖုန်း ခြေထောက်အား ဖက်လျက် "ဂုဏ်ပြုပါတယ်! မာမား! ဒါဒါ!"

ဖရဲသီးလေးအားကြည့်ရင်း ရှမေလင်း ပြုံးလိုက်ပြီး "ကျေးဇူးပါပဲ အမေ့ရဲ့မင်းသားလေး" သူမကိုယ်ကိုင်းလိုက်ပြီး ဖရဲသီးလေးနှုတ်ခမ်းအား ဖြတ်ကနဲနမ်းလိုက်သည်။

ထိုအချိန် သူမတို့ကိုကြည့်နေသော နျန်ကျယ်ကျန်းသည် သေးငယ်သော အပြုံးတစ်ခုအားတပ်ဆင်ထားပြီးနောက် သူမဘေးတွင်ရပ်နေသည့် ရန်ရှီယွမ်အား ကြည့်လိုက်သည်။

BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေးWhere stories live. Discover now