>199<[Zawgyi & Unicode]

2.9K 281 0
                                    

[Zawgyi]

ချက်စ်ကစားနည်း

"..."

ရှမေလင်း၏ ဖြစ်နေသောအမူအရာကြောင့် နောက်ဆုံးတွင် လုရီဖုန်း ခပ်ဖျော့ဖျော့သာရယ်လိုက်ပြီး "နောက်နေတာ"

ရှမေလင်း မျက်ခုံးနှစ်ခုတို့ထိသွားသည်အထိ ကျုံ့လိုက်သလို နှဖူးတွင်လည်း အရေးကြောင်းတို့ပေါ်လာကာ သူ့ရင်ဘတ်အား ခပ်နာနာရိုက်လျက် "ဒါကရယ်စရာ မဟုတ်ဘူးနော်! ခက်ခက်ခဲခဲ ကလေးမွေးပေးရတဲ့သူက  ကျွန်မပဲဆိုတာကို ရှင်သိသားနဲ့!"

"အရင်တုန်းက ဘော်လီဘောတစ်သင်းစာလောက် မွေးပေးမယ်လို့မင်းပဲ ပြောခဲ့တာမဟုတ်ဘူးလား?" ကျီစယ်စွာသာ ရယ်လိုက်ပြီးနောက် ရေချိုးခန်းထဲဝင်လိုက်ကာ သူမကိုအောက်သို့ချပေးလိုက်၏။

"အရင်ကဟာက ကျွန်မနောက်နေတာ" သူမ လက်ပိုက်လိုက်ပြီး နှုတ်ခမ်းဆူလေသည်။

သူပြုံးလိုက်ပြီး "ကိုယ်သိပါတယ်။ ကိုယ်လည်း မင်းကို နောက်တခါကိုယ်ဝန်ဆောင်ရအောင် မလုပ်ချင်ပါဘူး" အမွှာလေးတွေ မွေးတုန်းက ရှမေလင်းဘယ်လောက်ထိ ဆိုးဝါးတဲ့ နာကျင်မှုကိုဖြတ်ကျော်ခဲ့ရလဲဆိုတာ လုရီဖုန်း မျက်မြင်ကိုယ်တွေ့မြင်ပြီးသားမို့ ဇနီးဖြစ်သူကို ထိုကဲ့သို့ထပ်ဖြစ်စေအောင် လုပ်မှာ မဟုတ်တော့။ "သားကြော သွားဖြတ်လိုက်ရင်ရော?"

"ကိုယ်ဝန်မဆောင်ချင်ဘူး ပြောတယ်ဆိုတာနဲ့ပဲ အနာဂတ်မှာ ကလေးထပ်မယူတော့ဘူးလို့ ဆိုလိုချင်တာမဟုတ်ဘူး" သူမ လက်ပိုက်လိုက်လေ၏။

"ကိုယ်တို့မှာ ကလေးသုံးယောက်တောင် ရှ်ိနေပြီလေ ဒီလောက်က လုံလောက်ပါတယ်။ ထပ်ပြီး မယူပဲနေကြရအောင် အိုကေ?" သူမအား စည်းရုံးလေသည်။ သူမကိုထပ်ပြီး ကလေးမွေးတဲ့နာကျင်မှု ထပ်မခံစားစေချင်တော့။ သူ့မိန်းမရဲ့နာကျင်မှုကို တွေ့ရဲ့သားနဲ့ ဘာမှမလုပ်ပေးနိုင်ဘဲ ကြည့်နေတဲ့ဆရာဝန်တွေကို အပြစ်မပေးနိုင်ဘဲ ထိန်းချုပ်ထားရတာလည်း သူ့အတွက် ခက်ခဲ၏။ ဒီတခေါက် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ရင်ရော? ဆရာဝန်တွေပဲ ပျက်စီးသွားမှာ မဟုတ်လောက်ဘူး ဆေးရုံတစ်ရုံလုံး ချေမွခံရလိမ့်မယ်!

BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေးWhere stories live. Discover now