>193<[Zawgyi & Unicode]

2.9K 287 0
                                    

[Zawgyi]

အပြင်ကိုလိုက်ခဲ့

သူမတွင်ရှိနေသည့် အမည်းစက်တွေ မကောင်းတဲ့အကျင့်ဆိုးတွေကိုတောင် လုရီဖုန်းသည် ချစ်ပေးခဲ့သည် ထို့ကြောင့်ပင် မပြည့်စုံသောသူမအား ပြည့်စုံစွာချစ်ပေးခဲ့ယောက်ျားအား ချစ်ခဲ့မိသည်။

သူ့တွင်လည်း မကောင်းသည့်အရာတွေ အများကြီးရှိနေရင်တောင်မှ ရှမေလင်း မျက်လုံးထဲတွင်တော့ လုရီဖုန်းသည် အရာအားလုံးပြီးပြည့်စုံသောသူဖြစ်၏။

ထိုနေ့မှစ၍ သူမတို့ကြားဆက်ဆံရေးသည် ပိုမိုခိုင်မာလာခဲ့သည်။ အတိတ်တွေက သူမတို့ကို ထပ်မံပြီးမရစ်နှောင်တော့ပြီမို့ လုရီဖုန်းနှင့်ရှမေလင်းတို့၏ ခံစားချက်တွေသည် ယခင်ကထက် ပိုမိုနီးစပ်လာခဲ့ပြီဖြစ်လေ၏။

သူ့မိသားစု လီပင်းပင်းနှင့်ရှစစ်နျန်တို့ရှိရာဆီ သွားသောအခါ လုရီဖုန်းသည်လည်း လိုက်သွားခဲ့သည်။

နေရာရောက်သည်နှင့် ကြိုဆိုလာသူက မျက်တွင်းတို့ကျနေသော လီပင်းပင်းဖြစ်လေ၏။

သူမ ဆံပင်တွေသည် ရှုပ်ပွနေသလို ရက်အနည်းငယ် အိပ်ရေးပျက်ထားသည်ကို သိသာလှစွာ ညိုမည်းနေသော မျက်အိတ်နှစ်ခုသည်လည်း အထင်းသားဖြစ်နေလေသည်။

ရှမေလင်းအားမြင်လိုက်ရသည့်အခါ အသက်ကယ်တင်မည့်သူအား တွေ့သည့်နှယ် လီပင်းပင်းမျက်လုံးတွေသည် တောက်ပလာပြီး "မေ့မေ့!"

ခုန်ကာ သူငယ်ချင်းဖြစ်သူအား ဖက်ရန်လုပ်လိုက်ပေမယ့် ရှမေလင်းတစ်ခုခုကိုချီထားသည်ကို နားလည်လိုက်သည့်အခါ....ရပ်သွားလေသည်။

သူမလက်မောင်းထဲမှ ကြယ်လေးအား မြင်လိုက်ရင်း လီပင်းပင်းမျက်လုံးတွေသည် ကြောက်စရာကိုမြင်ရသည့်နှယ် အကြောက်တရားတို့ပြည့်နှက်သွားကာ "စောက်ကျိုးနဲ! နင့်မှာလည်း မကောင်းဆိုးဝါးလေးရှ်ိနေတာပဲ!"

သူမ စကားကြောင့် ရှမေလင်း မျက်လုံးတို့မှေးကျဉ်းလိုက်ပြီး "စကားကိုကြည့်ပြောပါ အမကြီးရေ"

ရှမေလင်း သူမအား စူးရဲစွာကြည့်လာသည်မို့ လီပင်းပင်းတစ်ယောက် နောက်ကျောတစ်ခုလုံးစိမ့်သလိုပင် ခံစားရလာ၏။ သူမပါးစပ်အား လက်ဖြင့်ပိတ်ကာ ခေါင်းငြိမ့်လိုက်ပြီးနောက် သူတို့ဝင်လာရန် ပြောသည့်အလား လမ်းဖယ်ပေးလိုက်လေတော့သည်။

BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေးWo Geschichten leben. Entdecke jetzt