>217<[Zawgyi & Unicode]

3.3K 310 4
                                    

[Zawgyi]

ဒိတ်လုပ်ရအောင်

"မင်းကို  ဒီလိုပုံစံနဲ့မြင်ရင် ရှစစ်နျန်ပါ ပျော်မယ်လို့ထင်နေတာလား?"

လုရှန်းယွီအား သေစေနိုင်လောက်သည့်အကြည့်တို့ဖြင့် လီပင်းပင်းသည် စူးရဲစွာကြည့်လျက် "ရှင် ကျွန်မကို ဒီလိုမျိုးပြောလည်း အသုံးမဝင်ဘူး"

"မုန့်ကျယ်က မင်းရဲ့သမီးဘဲ။ မင်းအနေနဲ့ ငါ့ကိုဆက်မုန်းလို့ရပေမယ့် မုန့်ကျယ်အပေါ်ကိုတော့ အဲ့လိုမဆက်ဆံနဲ့။ သူက မင်းမွေးထားတဲ့သမီးလေ"

လီပင်းပင်းသည် လက်သီးအားတင်းတင်းဆုပ်ပြီး  ခေါင်းငုံ့လိုက်ကာ "ကျွန်မသူ့ကို မမုန်းဘူး"

သူမကို ဘယ်လိုမုန်းလို့ရမှာလဲ? လုမုန့်ကျယ်အား ရှစစ်နျန်နှင့်သူမသည် အတူတူပျိုးထောင်ခဲ့သည် သို့ပေမယ့်....သူမတို့ကလေးရဲ့ အဖေက ရှစစ်နျန်မဟုတ်ဘူးဆိုတာ သိပြီးနောက်တွင် ယူကျုံးမရဖြစ်ခဲ့ရ၏။

"သူမက ကိုယ့်သမီးဖြစ်နေလို့လား?" လုရှန်းယွီသည် ဝမ်းနည်းစွာသာ ပြုံးရင်း မေးလိုက်သည်။

လီပင်းပင်းထံမှ အဖြေမကြားရသောကြောင့် ကလေးအားယခုလို ဆက်ဆံနေရသည့်အကြောင်းရင်းသည် သူကဖခင်ဖြစ်နေလို့ဆိုတာ လုရှန်းယွီ သဘောပေါက်လိုက်သည်။

"ကျွန်မက တခြားမိခင်တွေ လုပ်သလိုလိုက်မလုပ်နိုင်လို့ အမေဖြစ်ဖို့ မထိုက်တန်ပါဘူး။ ကျွန်မက ကပျက်ကချော်နိုင်ပြီး တာဝန်ယူမှုလည်းမရှိဘူး။ ကျွန်မက-"

"အဲ့တာ မင်းအတွေးလေ" လုရှန်းယွီ ဖြတ်ပြောလိုက်သည်။ သူမရှေ့တွင် ဒူးထောက်ချလိုက်ပြီးနောက် သူမလက်အား ကိုင်လိုက်ကာ "မင်းကြိုက်တာ အကောင်းဆုံးလုပ်ပါ ဒါပေမယ့် မင်းကို ကိုယ်တောင်းဆိုချင်တာ တစ်ခုက...ကလေးတွေကို မျှမျှတတနဲ့ဆက်ဆံပေးဖို့ပါ။ အထူးသဖြင့် မုန့်ကျယ်လေးအတွက်။ သူမကို ပစ်မထားပါနဲ့။ သူမက ကိုယ့်သမီးဖြစ်နေရင်တောင် မင်းရဲ့သမီးလေးပဲလေ။ မုန့်ကျယ်က သူ့သမီးအရင်းမဟုတ်ဘူးဆိုတာ ရှစစ်နျန် သိသွားတဲ့အချိန်တုန်းကရော....ကလေးကို မုန်းခဲ့ဖူးလား?"

BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေးWhere stories live. Discover now