[Zawgyi]
ဆယ်နှစ်နောက်ကျသွားပြီ
လုမုန့်ကျယ် တရေးနိုးလာသည့်အခါ မိခင်၏ရင်ခွင်ထဲတွင် ရောက်နေသည်ဆိုတာ သတိပြုမိလိုက်၏။
လုမုန့်ကျယ်၏ ဘေးတွင်အိပ်နေသော ရှလီချင်နှင့်သူမအား တင်းကျပ်စွာဖက်ထားရင်း လီပင်းပင်းသည်အိပ်ပျော်နေသည်။
သူမမိခင်က သူမကို ဖက်ထားတယ်တဲ့....
လုမုန့်ကျယ်၏ မျက်ဝန်းတွေသည် မျက်ရည်တို့ဖြင့် ရစ်ဝိုင်းလာသည့်အခါ မိခင်၏ ရင်ခွင်ထဲပို၍ တိုးဝင်လိုက်သည်။
သူမအင်္ကျီ စိုလာသည်ကို ခံစားရသည့်အခါ လီပင်းပင်းသည် နိုးလာ၏။လုမုန့်ကျယ်အား သူမကြည့်လိုက်သည့်အခါ ပုခုံးတို့လှုပ်နေသည်ကို မြင်လိုက်ရသည်။
"မုန့်မုန့်? သမီး အဆင်ပြေရဲ့လား?" လီပင်းပင်း စိုးရိမ်စွာ မေးလေ၏။
လုမုန့်ကျယ် ခေါင်းငြိမ့်လိုက်ပေမယ့်လည်း သူမမျက်နှာတစ်ပြင်လုံးသည် လီပင်းပင်း၏ ရင်ဘတ်တွင်သာ နစ်ဝင်နေ၏။
လီပင်းပင်းသည် သူမလေးဆီမှ ဖယ်ခွာရင်း ထထိုင်လိုက်သည့်အခါ သမီးဖြစ်သူ ငိုနေသည်ကို မြင်လိုက်ရ၏။ လုမုန့်ကျယ်အား ယခုလိုမြင်လိုက်ရသည့်အခါ သူမ နှလုံးသားတစ်ခုလုံး ကျေမွသွားသလို ခံစားလိုက်ရသည်။
"မာမား....." လုမုန့်ကျယ်သည် ထထိုင်လိုက်ပြီး မိခင်ရင်ဘတ်ထဲ ခေါင်းတစ်ခုလုံးနစ်မြုပ်သွားသည်အထိ ထပ်မံဖက်လာ၏။
လီပင်းပင်း အောက်နှုတ်ခမ်းသာကိုက်လိုက်သည်။ လုမုန့်ကျယ်ယခုလို ဖြစ်ရတာ သူမ အမှားပင်ဖြစ်၏။ သူမသည် အမေခေါ်ဖို့တောင် မထိုက်တန်သော မိန်းမဖြစ်သည်။
"မေမေတောင်းပန်ပါတယ် မုန့်မုန့်...." လီပင်းပင်းသည်လည်း မုန့်ကျယ်အား ပြန်လည်ဖက်ထားလိုက်သလို မျက်ရည်တို့လည်း ကျဆင်းလာ၏။ "သမီးကို နာကျင်အောင်လုပ်မိတဲ့အတွက် မာမား တကယ်ကို တောင်းပန်ပါတယ်"
"မာမား....ကျေးဇူးပြုပြီး မုန့်မုန့်ကို မမုန်းလိုက်ပါနဲ့" မိခင်အား မျက်နှာချင်းဆိုင်ကြည့်ရင်း မုန့်ကျယ် တောင်းဆိုလေ၏။ "လိမ္မာပါ့မယ်လို့ မုန့်မုန့် ကတိပေးပါတယ်။ ဒါကြောင့်မို့....မုန့်မုန့်ကို မထားခဲ့ပါနဲ့"

VOCÊ ESTÁ LENDO
BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေး
Romanceသူ့ကို အသက်ရှင်နေတဲ့လူသားနတ်ဆိုး တစ်ယောက်လို့ သူမအမြဲတွေးခဲ့တယ်။ ထိုသူကျူးလွန်ခဲ့တဲ့အရာတွေအပေါ် သူမခံစားလိုက်ရတာက သူမ သူ့ကိုကြောက်တယ် မုန်းခဲ့တယ် သို့ပေမယ့် သူဟာ သူမအတွက် သူ့ကိုယ်သူ ကြိုးစားပြောင်းလဲနေခဲ့တယ်။ သူမ ထိုသူ့ရဲ့ အမှန်တရားတွေကို သိပြီးနောက...