>208<[Zawgyi & Unicode]

2.7K 287 2
                                    

[Zawgyi]

ကျွန်မနိုင်တယ်

ဆေးရုံသို့ ရန်ရှီယွမ်ရောက်သည်နှင့် ပထမဆုံးလုပ်သည့်အလုပ်က နျန်ကျယ်ကျန်းအား ရှာခြင်းဖြစ်သည်။

"နာမည်က နျန်ကျယ်ကျန်းပါ။ သူမ ဘယ်အခန်းမှာလဲ?" ကောင်တာရှိ သူနာပြုအား လျင်မြန်စွာမေးလေ၏။

သူနာပြုသည် ရန်ရှီယွမ်၏ ပရိသတ်တစ်ဦးဖြစ်တာမို့ အလျုင်အမြန်ပင် မှတ်မိသွားသည်။ ဒါ့အပြင် ထွက်လာခဲ့ပြီးသော  သတင်းတွေကိုလည်း သိပြီးဖြစ်တာမို့  "ရှင်က သူမရဲ့....?"

"ချစ်သူ! အခု သူမဘယ်အခန်းလဲ ပြောပြတော့!"

ရန်ရှီယွမ်၏ စိုးရိမ်လွန်သော မျက်နှာအနေအထားကြောင့် သူနာပြုမလေးသည်လည်း ခပ်မြန်မြန်ပင် နျန်ကျယ်ကျန်း၏ အခန်းနံပါတ်အား ပြောပြလိုက်၏။ "အခန်းနံပါတ် C-435မှာပါ"

မျက်တောင်တမှိတ်အတွင်းမှာပင် နျန်ကျယ်ကျန်းအခန်းဆီသို့ ရန်ရှီယွမ်သည် ပြေးထွက်သွား၏။

အခန်းတံခါးအား အလျင်အမြန် တွန်းဖွင့်လိုက်ရင်ပဲ အိပ်ယာပေါ်တွင် သူမ၏ပါတနာ အယ်လ်လန်ရူဆိုနှင့် စကားပြောနေသော နျန်ကျယ်ကျန်းကို တွေ့လိုက်ရသည်။

ရုတ်တရက် ပေါ်လာသော ရန်ရှီယွမ်၏ လှုပ်ရှားမှုကြောင့် နျန်ကျယ်ကျန်းရော အယ်လ်လန်ပါ လှည့်ကြည့်လာကြ၏။

သူမ အသက်ရှင်နေသည်ကို မြင်လိုက်ရသောအခါ ရန်ရှီယွမ်စိတ်အစဉ်သည် ပေါ့ပါးသွားလေသည်။ သူမဆီသို့ ခြေလှမ်းကျဲကြီးများနှင့် လျှောက်သွားပြီးနောက် ဖက်လိုက်လေသည်။

"အာ့!" ရန်ရှီယွမ်ဖက်လိုက်သည့်အခါ ခံစားလိုက်ရသော နာကျင်မှုကြောင့် နျန်ကျယ်ကျန်း အသံထွက်မိသွား၏။

ချက်ချင်းပင် ရန်ရှီယွမ်သည် ခွာလိုက်ကာ "ကိုယ် တောင်းပန်ပါတယ်" ထို့အစား သူမလက်ကိုသာ ဆုပ်ကိုင်လိုက်ရင်း "ကိုယ့်ကို အဲ့လိုမျိုးကြီး မခြောက်ပါနဲ့လား"

ရန်ရှီယွမ်၏ စိုးရိမ်မှုတွေကို မြင်လိုက်ရသည့်အခါ နျန်ကျယ်ကျန်းမျက်ဝန်းတွေသည် နူးညံ့လာသလို သူ့လက်အားပြန်လည် ဆုပ်ကိုင်ကာ ပြုံးလိုက်ပြီး "စိတ်မပူပါနဲ့ ကျွန်မအဆင်ပြေပါတယ်"

BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေးWo Geschichten leben. Entdecke jetzt