>177<[Zawgyi & Unicode]

3.6K 278 0
                                    

[Zawgyi]

တာဝန်ယူမယ်?

ရန်ရှီယွမ် မကူမကယ်နိုင်စွာပင် ကိုယ့်မျက်နှာကိုယ်ရိုက်ချင်သွား၏။ "နင်က တကယ်ပဲ အထူးအေးဂျင့်ပါနော်?"

"ဟမ်?"

"ဒီလောက် လူအများကြီးကိတ်နေတဲ့အထဲမှာ ဘာလို့ နင်ကပြားနေရတာလဲ?"

သူမ မျက်ခုံးတို့ကျဉ်းမြောင်းသွားပြီး သူ့အား စူးရဲစွာကြည့်လျက် "နင် ငါ့ကိုစော်ကားနေတာလား?"

သူမ လက်တို့အား သူ့လက်မောင်းထဲဝှက်လိုက်ပြီးနောက် သူမရင်ဘတ်ပေါ် သူ့ခေါင်းအားတင်လိုက်ပြီး ပွတ်သီးပွတ်သပ်လုပ်ကာ "ပြားချပ်နေတာပဲ....အဲ့လိုပြားနေတဲ့ဟာကို မကြာခန နှိပ်နယ်ပေးရင် ကြီးလာဖို့အထောက်အပံ့ပေးတယ်ဆိုတာ သိလား? ငါနင့်ကို နှိပ်နယ်ပေးရမလား?"

သူ့စကားကြောင့် သူမမျက်နှာတစ်ပြင်လုံး ချက်ချင်းပင် ရဲတွတ်လာပြီး "နင့်ပြားချပ်နေတဲ့ဟာကိုပဲ နင့်ဘာနင်လုပ်!"

သူမပုံစံအားကြည့်ရင်း သူခပ်ဖျော့ဖျော့ ရယ်လိုက်ကာ "ငါ့အတွက်က သာမန်ပါပဲ" သူမ မေးစေ့အား ကိုင်ကာ ဖြတ်ကနဲနမ်းလိုက်လေ၏။

သူမ မျက်နှာလွှဲလိုက်ပြီးနောက် စိတ်ကောက်ဟန်ဖြင့် လက်ပိုက်ကာ "အဲ့တာဆိုလည်း အဲ့လိုပေါ့။ ပြီးတော့ ငါ့ဟာကမပြားဘူး! ချစ်စရာကောင်းတဲ့ အရွယ်အစား ရှိယုံတင်!"

သူမ ရှပ်အင်္ကျီအား သူဆုပ်ကိုင်လိုက်ပြီး "ငါ ကြည့်လို့ရမလား?"

သူ့လက်အား ပြန်ဆုပ်ကိုင်လိုက်ရင်း နျန်ကျယ်ကျန်း တားလိုက်သည် "နင့်ကို ဒီကနေ ကန်ထုတ်စေချင်နေတာလား?"

ရှမေလင်း ဧည့်ခန်းဆီချောင်းကြည့်သည်။ သူတို့နှစ်ယောက် ဘယ်လောက်ထိ ရင်းနှီးနေလဲဆိုတာ သူမတွေ့လိုက်တော့ ပျော်ရွှင်မိသွား၏။ ဖုန်းထုတ်လိုက်ပြီးနောက် သူတို့နှစ်ယောက်ပုံအား ခိုးရိုက်လိုက်သည်။

ကြည့်ရတဲ့ပုံစံကတော့ နှစ်ယောက်လုံး အဆင်ပြေနေဆဲ။ ရန်ရှီယွမ်ရဲ့တကယ့်အစစ်အမှန်က ယောက်ျားလေးဆိုတာ နျန်ကျယ်ကျန်းသိသွားရင် ဘယ်လိုမျိုး တုံ့ပြန်လာမလဲဆိုတာ ရှမေလင်း သိချင်မိ၏။

BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေးTempat cerita menjadi hidup. Temukan sekarang