>201<[Zawgyi & Unicode]

2.8K 285 0
                                    

[Zawgyi]

ကျန်းကျန်း

"နင်က ဘာလို့ ဒီရောက်နေတာလဲ?"

ခရီးသည်ခုံတွင် ထိုင်နေသောအမျိုးသမီးအား  ရှမေလင်း စူးရဲစွာစိုက်ကြည့်ရင်းမေးလိုက်သည်။

"တစ်လလောက်အားလပ်ရက်ရလို့ ဒီကိုလာလည်မယ်စိတ်ကူးလိုက်တာ" အပြုံးတစ်ခုကို နှုတ်ခမ်းတွင်ဆင်မြန်းထားရင်း နျန်ကျယ်ကျန်းပြောလိုက်သည်။

ရှမေလင်းကတော့ လုရီဖုန်းဘက်လှည့်ကာ အမှန်တရားကိုသိချင်သည့်အလား မေးခွန်းပါသော မျက်ဝန်းတို့ဖြင့် ကြည့်လိုက်လေ၏။

"ကိုယ်နောက်မှ ပြောပြမယ်" သူမအား စိတ်အေးအေးထားနိုင်အောင် ကြိုးစားပေးရင်းဖြင့် ရှမေလင်းခေါင်းအား ညင်သာစွာ ပွတ်ပေးကာ "စုလေ့ အနီရောင်ဥယျာဉ်ကို"

"ဟုတ်ကဲ့ သူဋ္ဌေး" သူတို့ညစာစားမည့်နေရာအား စုလေ့ ဦးတည်မောင်းလိုက်သည်။

"တစ်လတောင် အားလပ်ရက်ရတယ်....နင်အမြဲတမ်း အလုပ်ရှုပ်နေခဲ့တာ မဟုတ်ဘူးလား?"

"အင်း...သီးသန့်ကြီးအားလပ်ရက် ရတာမျိုးတော့ မဟုတ်ဘူးပေါ့။ စစ်ဆေးစရာ ကိစ္စတစ်ခုရှိလို့"

"ကိစ္စတစ်ခု?"

"ဟုတ်တယ်။ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့က ကွင်းဆက်လူသတ်သမား နောက်ကို လိုက်နေတာ။ သူ့ကိုစုံစမ်းဖို့ စေလွှတ်လိုက်တဲ့ အထူးအေးဂျင့်တွေထဲမှာ ငါလည်းအပါအဝင်ပဲ" နျန်ကျယ်ကျန်း ရှင်းပြလေ၏။

သူမစကားတွေက ရှမေလင်းအာရုံကို အစတည်းက ဖမ်းစားနိုင်ခဲ့သည်မို့ မျက်ဝန်းထဲမှ တောက်ပနေမှုတို့ပျောက်ကွယ်နေလျက် "အဲ့လူသတ်သမားက ဒီနိုင်ငံထဲမှာ ရှိနေတယ်ဆိုတာ ဘယ်လိုသိသွားကြတာလဲ?"

"လူသတ်သမားရဲ့ အမှတ်အသားကြောင့်"

"အမှတ်အသားကြောင့်?" ရှုပ်ထွေးနေသည့်မျက်ဝန်းတို့ဖြင့် ရှမေလင်း မေးလိုက်လေ၏။

"လက်မှတ်/အမှတ်အသား ဆိုတာ အနုပညာရှင်တွေရဲ့အောင်မြင်မှုကို အောင်ပွဲခံခြင်းနဲ့တူတယ်။ ဆန့်ကျင်ဘက်အနေနဲ့ လူသတ်သမားရဲ့ လက်မှတ်၊ အထူးသဖြင့် ဖြစ်ပျက်နေတဲ့ဖြစ်ရပ်တွေနောက်မှာ ကျန်ခဲ့တဲ့ အမှတ်အသားလိုမျိုး တံဆိပ်တုံးလိုမျိုးကိုပြောတာ။ အဲ့တာက စိတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်ခြင်းရဲ့ရလဒ်လည်း ဖြစ်နိုင်တယ်။ တချို့ပြစ်မှုကျူးလွန်သူတွေက  အလောင်းတစ်လောင်းကို လိင်ပိုင်းဆိုင်ရာနှိုးဆွတဲ့ လိင်အနေအထားတွင်ထားရှိတာတို့၊ ခန္ဓာကိုယ်ပေါ်မှာတစ်ခုခုထွင်းထုခဲ့တာတို့၊ ဒါမှမဟုတ် အလောင်းမှာသိမ်းထားတဲ့ ပစ္စည်းတွေ ဒါမှမဟုတ် အမှတ်တရလက်ဆောင်ပစ္စည်းတွေကို ယူဆောင်တတ်တာမျိုးတွေကို ပြောချင်တာ။ ဒါက ပြီးပြည့်စုံတဲ့ လူသတ်သမားတစ်ယောက်ရဲ့ အရည်အသွေးရှိချင်သူတွေက အမှတ်အသားတွေ ချထားခဲ့ပြီး ပြစ်မှုကျူးလွန်တာမျိုးပေါ့"

BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေးМесто, где живут истории. Откройте их для себя