>189<[Zawgyi & Unicode]

2.9K 297 0
                                    

[Zawgyi]

သူမရဲ့အိမ်မက်ဆိုး

"သူမက ဘာလို့အခုထိ ထွက်မလာသေးတာလဲ?" ခန်လင်း/လင်းချင်ကဲတစ်ယောက် ဒေါသကြောင့် အော်လိုက်လေသည်။ သူမနှင့်လုရီဖုန်း၏ ပတ်သက်မှုအကြောင်းနှင့် လက်ထပ်ပွဲသတင်းသည် ကမ္ဘာတဝန်း ပျံ့နှံ့သွားသည်မှာ တောမီးကဲ့သို့ပင်မြန်လွန်းလှပေမယ့် သတင်းထွက်ခဲ့သည့် သုံးလလုံးရော ယခုထိ ရှမေလင်းသည် မပေါ်လာသေး။ ရှမေလင်းသာ မပေါ်လာရင် သူမနဲ့လုရီဖုန်းရဲ့ လက်ထပ်ပွဲကို ဘယ်လို ကြွားလုံးထုတ်လို့ရမှာလဲ?

ယုံပီချီသည်လည်း မကူမကယ်နိုင်စွာပင် ရှအကြီးအကဲများနှင့် သူမ၏ သမီးအကြောင်း သိချင်နေသည်။ သတင်းတွေပျံ့နှံ့ပြီးသွားသည့်တိုင် ရှအကြီးအကဲများသည် ပေါ်မလာသလို ရှမေလင်းသည်လည်း လူလုံးထွက်ပြမလာသေး။ ဖြစ်နိုင်တာက လုမိသားစုကို ဖျက်စီးပစ်ဖို့ ရှမိသားစုက ကြောက်နေတာလား ဒါမှမဟုတ် တခြားတစ်ခုခုကြောင့်လား?

iPadအားကြည့်နေရင်းမှ အောက်သို့ဆွဲချလိုက်ပြီး ခန်လင်းဘက်လှည့်ကြည့်လိုက်ပြီး "လုရီဖုန်းကို ဆွဲချဖို့ videoကို ဖြန့်ရမယ့်အချိန်ရောက်ပြီ"

ယုံပီချီစကားကြားသည့်အခါ ခန်လင်းသည် ခနတာ ဆိုင်းတွနေလေ၏။ "နောက်လကုန်ကျရင် လုရီဖုန်းနဲ့ကျွန်မက လက်ထပ်တော့မယ်။ တကယ်လို့ အဲ့videoသာ ဖြန့်လိုက်ရင်.....ကျွန်မတို့ ပတ်သက်မှုက ပြီးဆုံးသွားလိမ့်မယ်။ ပြီးတော့ ကျွန်မတို့မှာ သူ့သားရှ်ိနေတာပဲ မလား? အဲ့တာကြောင့် စိုးရိမ်စရာမလိုတော့ပါဘူး ကျွန်မတို့လိုချင်တာကို သူသေချာပေါက် လုပ်ပေးလာမှာပဲ"

ယုံပီချီ မျက်လုံးတို့ကျဉ်းမြောင်းသွားကာ "နောက်ဆုံးမှာ သူဘယ်သူ့ကိုပိုပြီးရွေးချယ်မယ်လို့ မင်းထင်နေတာလဲ? သူ့သားလား ဒါမှမဟုတ် သူ့မိန်းမလား?"

"အချစ်...စိတ်အေးအေးထားပါ" ယုံပီချီအား ဘေးတိုက်ဖက်ထားသော အသက်အရွယ်အလယ်အလတ်ရှိသော ခန့်ညားသည့်ယောက်ျားတစ်ယောက် ပြောလိုက်သည်။

"ကျွန်မ ထားနေတယ်"

ဖုန်းဟွေ့ချင် ပြုံးလိုက်ပြီးနောက် သူမလည်တိုင်အား နမ်းလိုက်လေ၏။ "မင်းလိုချင်တဲ့အတိုင်းပဲ အရာအားလုံးက ချောချောမွေ့မွေ့ဖြစ်နေတာပဲလေ။ ရှမေလင်းလည်း မကြာခင် သေချာပေါက် လူလုံးထွက်ပြလာမှာပဲ"

BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေးWhere stories live. Discover now