[Zawgyi]
မစ္စလင်းလိုပဲ
"ကိုယ်အခုသွားရတော့မယ် မေလင်း" Laptopဘက်ကို သူပြန်လှည့်ကြည့်လာ၏။
ရှမေလင်း ထပ်ပြီးပြောချင်ပေမယ့်လည်း အခုချိန်သူမ လုပ်နို်င်သည်က ခေါင်းငြိမ့်ပြီး အားတင်းပြုံးလျက် "ကျွန်မ ရှင့်ကိုချစ်တယ်"
သူ့နှုတ်ခမ်းတွေသည် နူးညံ့စွာပင် အလိုအလျောက် ကော့တက်သွားကာ "အင်း...ကိုယ်ရောပဲချစ်တယ်"
Video callပြီးဆုံးသွားသည့်အခါ လုရီဖုန်း လုရှန်းယွီအား လှည့်ကြည့်လိုက်သလို အစောကနေရာယူနေခဲ့သော သူ့မျက်နှာပေါ်မှ နူးညံ့မှုတွေလည်း ရှိမနေတော့။
"သူမက ဘယ်မှာလဲ?" သူ့ကိုမျက်နှာချင်းဆိုင်လိုက်သည့်အခါ ဒါသည် လုရှန်းယွီ ပထမဆုံးမေးလာသည့် မေးခွန်း။
ီ"ဒီပြဿနာတွေ မဖြေရှင်းသေးခင်အထိ သူမဘယ်မှာလဲဆိုတာ ငါမပြောပြနိုင်ဘူး"
လုရှန်းယွီမျက်နှာတွင် ရှိနေတတ်သော ကျီစယ်သည့် အကြည့်တွေအစား အေးစက်မှုနှင့် မည်းမှောင်မှုတွေသာ အစားထိုးဝင်ရောက်နေ၏။ ရှုပ်ပွနေသော ရွှေရောင်ခပ်ဖျော့ဖျော့ ဆံပင်နှင့် မျက်လုံးအောက်မှ အညိုကွင်းတွေက အနားယူမှူမရှိဘူးဆိုတာ ဖော်ပြနေသည်မှာ အထင်းသား။
"ဒါဆို ဘာလို့သူမကို အခုပဲမဖမ်းတာလဲ? ဘာလို့များသူမကို လွတ်လပ်ခွင့်ပေးထားသေးရတာလဲ?" လုရှန်းယွီ အံကြိတ်ရင်းမေးလေ၏။
"ဥပဒေအတိုင်းပဲ လုပ်သွားမယ်လို့ သူမနဲ့သဘောတူ ထားတယ်" တရားဥပဒေအတိုင်းသွားပါက ယုံပီချီသည် လူသတ်မှုကျူးလွန်ခဲ့သည့်အပြစ်နှင့် ပြစ်ဒဏ်ချမှတ်ခံရမည်ဆိုတာကိုတော့ လုရီဖုန်းသေချာသည်။
"ဥပဒေအတိုင်း? ဒါဆိုရင်တော့ ကျွန်တော် မဟုတ်ဘဲ တခြား တစ်ယောက်ယောက်ကိုသွားအကူအညီတောင်းသင့်တာ!" အိပ်ရေးပျက်မှုများကြောင့် လုရှန်းယွီဒေါသတွေသည် မထိန်းချုပ်နိုင်တော့။
"ငါလုပ်လိုက်လို့ရတယ် ဒါပေမယ့် အဲ့လိုလုပ်လိုက်ရမလားဆိုတာ မင်းဘက်ကသေချာရဲ့လား?" လုပ်လက်စ ဖိုင်တွဲအားယူလိုက်ရင်း လုရီဖုန်း အေးဆေးစွာပြောလေ၏ "သူမဘယ်မှာလဲဆိုတာ မင်းသိချင်သေးလား?"
YOU ARE READING
BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေး
Romanceသူ့ကို အသက်ရှင်နေတဲ့လူသားနတ်ဆိုး တစ်ယောက်လို့ သူမအမြဲတွေးခဲ့တယ်။ ထိုသူကျူးလွန်ခဲ့တဲ့အရာတွေအပေါ် သူမခံစားလိုက်ရတာက သူမ သူ့ကိုကြောက်တယ် မုန်းခဲ့တယ် သို့ပေမယ့် သူဟာ သူမအတွက် သူ့ကိုယ်သူ ကြိုးစားပြောင်းလဲနေခဲ့တယ်။ သူမ ထိုသူ့ရဲ့ အမှန်တရားတွေကို သိပြီးနောက...