>215<[Zawgyi & Unicode]

3.1K 291 11
                                    

[Zawgyi]

အကို ညီမအပေါ် အကြွေးတင်သွားပြီနော်

အီတလီနိုင်ငံ Sicilyမြို့တွင်ဖြစ်သည်။

နွေဦးရာသီရောက်ပြီမို့ နေမင်း၏  အနွေးဓာတ်ကား အားလုံးအပေါ်တွင် ဖြန့်ကျက်နေလေသည်။ တိမ်ကင်းစင်နေသည်မို့ ယနေ့အတွက် ပြီးပြည့်စုံနေသည့် နေ့လည်းဖြစ်၏။ အပြာရောင်ကောင်းကင်ပေါ်မှ ကျရောက်လာသော အလင်းသည် အစိမ်းရောင်မြင်ကွင်းပေါ် လွှမ်းမိုးနေသည်မို့ ပန်းချီကားတစ်ချပ်နှယ် ပြည့်စုံလွန်းလှ၏။

"ကိုကိုမယ်လို...မာမီ့ကိုတွေ့သေးလား?" သူမရှေ့မှ ခန့်ညားသော ယောက်ျားလေးအားကြည့်ရင်း ချစ်ဖို့ကောင်းသော ကလေးမသည် မေးလိုက်သည်။

ကလေးမလေးသည် သူမအကြိုက်နှစ်သက်ဆုံး အရုပ်အား ကိုင်ထားသည်။ သူမတွင် နက်မှောင်သော ဆံသားတို့ပိုင်ဆိုင်ထားပြီး အသားအရည်မှာ နှင်းပွင့်ကဲ့သို့ ဖြူစင်လေ၏။ သဘာဝအတိုင်း ပါးပြင်သည် မသိမသာ ပန်းရောင်သမ်းနေသည်။ ကြီးမားသော မျက်ဝန်းတွေနှုင့် နဂိုအတိုင်း နီရဲနေသည့် နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်ထားသည်။ ကလေးမလေးသည် အသက်ရှင်နေသော အရုပ်မလေးနှင့်တူလွန်းသည်မို့ လူတိုင်းသည် သမင်ပြန်လည်ပြီးမလှည့်ကြည့်ဘဲ မနေနိုင်သည်အထိ ဖြစ်ကြ၏။

"အာ...မုန့်မုန့်...အန်တီပင်းပင်းနဲ့အမေက ဥယျာဉ်ထဲမှာ ရှိတယ်" ဖရဲသီးလေးသည် ကြင်နာစွာပြုံးပြရင်း ပြောလိုက်သည်။

"မုန့်မုန့် နင်ကဒီမှာပဲ"  ရှမုန့်ကျယ်နှင့် အရွယ်တူ အနက်ရောင်ဆံပင်ရှ်ိသော ကလေးမလေးသည်  ကျားသစ်အားစီးနေရင်း သူမဝမ်းကွဲအား မြင်လိုက်သည့်အခါ ပျော်ရွှင်စွာ အော်လိုက်လေ၏။

"ရှောင်ချွမ်း..."

"လာလေ!" ကျားသစ်ပေါ်မှ ဆင်းလိုက်ကာ ညည်းသံထွက်လာစေရန် ခေါင်းအားပွတ်ပေးလိုက်လေ၏။ "တင်မီနဲ့ ကစားကြရအောင်!"

၆နှစ်ရှိပြီဖြစ်သော  နွေဦးလေးသည် ချစ်စရာကောင်းပြီး ချိုသာသည့် ကလေးမလေးဖြစ်သည်။ သူမလေးသည် ဆံပင်ကို ဖဲပြားပန်းရောင်နှင့် ခပ်မြင့်မြင့်စည်းနှောင်ထားသည်။

BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေးWhere stories live. Discover now