>209<[Zawgyi & Unicode]

2.7K 275 3
                                    

[Zawgyi]

လာပြီးလက်မှတ်ထိုး

ရန်ရှီယွမ်နှင့်နျန်ကျယ်ကျန်းတို့ရဲ့ စေ့စပ်မှု အောင်မြင်မှုကို ဂုဏ်ပြုပြီးသွားသည့်အခါ ရှမေလင်းနှင့်လုရီဖုန်းတို့ အတူတူအိမ်ပြန်လာကြသည်။

အိမ်အဝကိုရောက်ရင်ပဲ သူမတို့အား ထိပ်ဆုံးမှ ရှေးဦးစွာ အပြေးနှုတ်ဆက်လာသူက ဖရဲသီးလေးဖြစ်၏။

"မာမား! ဒါဒါ!"

ရှမေလင်း ဒူးတဖက်ထောက်လိုက်ပြီးနောက် ဖရဲသီးလေးအား လှမ်းဖက်လိုက်လေသည်။ ရင်ခွင်ထဲတွင် သားဖြစ်သူကို ထွေးပွေ့ထားရသည့် ခံစားချက်ကြောင့် ရှမေလင်း ခန္ဓာကိုယ်သည် ပျော်ရွှင်မှုဖြင့်ပြည့်နှက်သွားသည်။ သားဖြစ်သူကို မတွေ့ခဲ့ရသည့်အချိန်မှာ ရက်သတ္တပတ်လောက်သာ ရှိနေပေမယ့်လည်း နှစ်ပေါင်းများစွာကြာသလို ခံစားခဲ့ရ၏။

"အရမ်းလွမ်းနေခဲ့တာ ရှောင်ကွားလေးကို!" ဖရဲသီးလေးနှာခေါင်းအား သူမနှာထိပ်နှင့် ပွတ်ပေးလိုက်တော့ ဖရဲသီးလေးဆီမှ ရယ်သံထွက်လာလေသည်။

"ဟီးဟီး...မယ်လိုလည်း လွမ်းနေတာ မာမား!" ဖခင်ရှိရာဘက် လှည့်ကြည့်လိုက်ကာ "မယ်လိုက ဒါဒါ့ကိုလည်း လွမ်းနေခဲ့တာ"

ဖရဲသီးလေး၏ ရွှင်လန်းနေသော မျက်နှာအားကြည့်ရင်း  လုရီဖုန်းအကြည့်တွေသည် နူးညံ့လာသည်။ "အင်း...ဖေဖေလည်း လွမ်းနေခဲ့တာ"

"အာဂူး!" အနီးအနားဆီမှ ချစ်စရာကောင်းပြီး သေးငယ်သော အသံလေး ထွက်လာလေ၏။

သူတို့ခေါင်းတွေအား လှည့်ကြည့်လိုက်သည့်အခါ
နွေဦးလေးအားချီထားသည့် ကျင်းယွဲ့နှင့် သူမဘေးမှ ကျီယုံနှင့်ရှကျားမူအား တွေ့လိုက်ရသည်။

ချစ်ဖို့ကောင်းပြီး ရွှင်လန်းနေတတ်သော နွေဦးလေးသည်  မိဘဖြစ်သူတွေ ချီစေချင်သည့်နှယ် သူမလက်သေးသေးလေးနှစ်ဖက်အား ဆန့်ထုတ်လေ၏။

ထိုအချိန် သူမရဲ့အမွှာဖြစ်သော တိတ်ဆိတ်နေတတ်သည့် ကြယ်လေးကိုတော့ အဖိုးလု ချီထားလေသည်။

"ပြန်လည်ကြိုဆိုပါတယ်" အပြုံးသေးသေးအား ဆင်မြန်းထားရင်း လုချန်ပြောလိုက်သည်။

BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေးDonde viven las historias. Descúbrelo ahora