>188<[Zawgyi & Unicode]

2.8K 334 1
                                    

[Zawgyi]

ညီမလေးတွေကို မာမားဆီက ဘယ်သူယူသွားတာလဲ?

ရှမေလင်းအား ကိုယ်ပိုင်လူနာခန်းသို့ ရွှေ့ပြောင်းပြီးသည့်အခါ ပင်ပန်းနေပြီမို့ ချက်ချင်းပင် အိပ်မောကျသွားလေ၏။

"မာမား!" ဖရဲသီးလေး တံခါးအားတွန်းဖွင့် ဝင်လာလေသည်။

သူမအော်သံကို ကြားလိုက်ချိန်တုန်းက ဖရဲသီးလေးသည်လည်း မကူမကယ်နိုင်စွာ ထိတ်လန့်သွားခဲ့သည်။ မွေးဖွားခန်းထဲသို့ တခါတည်း အပြေးဝင်သွားလိုက်ချင်ပေမယ့် သုံဟွာသည် တားထားခဲ့သည်။

သခင်လေး၏ စိတ်အား ယုံကြည်အောင်ဖြောင်းဖြပေးပြီးနောက် စိတ်အေးအေးထားနိုင်ရန် ဆေးရုံ၏ကဖေးသို့ ယုံရှောင်ယောင်း၊ယုံဝေ့ချင်တို့နှင့် အတူ ဖရဲသီးလေးအား ခေါ်သွားခဲ့လေ၏။

မိခင်ဖြစ်သူ ခန္ဓာကိုယ်တွင်ဒဏ်ရာတစ်စုံတခု ရှိမရှိ ဖရဲသီးလေး အရင်ဆုံးစစ်ဆေးလိုက်သည်။ သူ့မျက်လုံးတစ်ခုလုံးပြူးကျယ်သွားသည်က သူ့မိခင်၏ ဖောင်းနေသော ဗိုက်သည် မရှိတော့ပြီ။ "သားရဲ့ညီမလေးတွေရော?! မာမားဆီက ဘယ်သူယူသွားတာလဲ?!"

လုရီဖုန်း နှုတ်ခမ်းပေါ်တွင် လက်ညှိုးတစ်ချောင်းတင်ပြလိုက်ရင်း "တိုးတိုး သူတို့ကိုနိုးစေချင်လို့လား? သားမေမေက ပင်ပန်းနေပြီ နားခွင့်ပေးလိုက်ဦး"

ထိုအချိန်မှ မိခင်ဖြစ်သူအိပ်ပျော်နေပြီကို ဖရဲသီးလေး သဘောပေါက်လေ၏။ ဖခင်ဖြစ်သူအား ပြန်လှည့်ကြည့်ချိန် ဘေးမှ ပုခက်အားသတိပြုမိသွားလေသည်။

ပုခက်ရှိရာဆီသို့လျှောက်သွားပြီးနောက် အထဲသို့ငုံ့ကြည့်လိုက်၏။ ချစ်စရာကောင်းပြီး လှပသော ကလေးနှစ်ယောက်သည် သူ့မိခင်လိုပဲ အသံထွက်ပြီးအိပ်နေသည်ကို မြင်လိုက်ရလေသည်။ အိပ်နေရင်းပင် လုရှင်းရန်နှင့် လုဝေချွမ်းတို့နှစ်ယောက်သည် တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ထားကြလေ၏။

"ပန်းရောင်လေးနဲ့တစ်ယောက်က သားညီမလေး လုဝေချွမ်း  ပြီးတော့ အပြာနဲ့တစ်ယောက်က လုရှင်းရန်" တီးတိုးပြောယုံအသံလောက်နှင့် လုရီဖုန်း ပြောပြလေသည်။

BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေးTempat cerita menjadi hidup. Temukan sekarang