>183<[Zawgyi & Unicode]

2.9K 258 0
                                    

[Zawgyi]

ငါ့ကိုစိတ်မပျက်စေတာ ပိုကောင်းမယ်

တရုတ်နိုင်ငံအတွင်း အနောက်ပိုင်း စားသောက်ဆိုင်တွင်ဖြစ်သည်။

"သူတို့  ဒီနိုင်ငံထဲမှာ မရှိဘူး?" အညိုရောင် ဆံပင်အတိုရှိသော သက်လတ်ပိုင်းအရွယ် မိန်းမတစ်ယောက်သည် အေးစက်စွာမေးလာလေ၏။

အသက်အရွယ်ရှိနေပြီသော်ငြား ထိုမိန်းမသည် မူရင်းရှိရင်းစွဲအသက်ထက်ပင် ငယ်သယောင်ထင်ရသည်။သစ်အယ်သီးအရောင် မျက်ဝန်းတွေသည် မြေခွေးတစ်ကောင်လို အနည်းငယ် တိမ်းစောင်းနေသလို မီးတောက်တစ်ခုတောက်လောင်နေသကဲ့သို့ နှစ်သက်ဖွယ်ကောင်းလွန်းလှ၏။ ချောမွေ့နေသော မျက်ခုံးတွေသည် အဖော်ဖြစ်သူပြောလိုက်သည့်စကားကြောင့် ကျုံ့နေလေသည်။

သူမရှေ့တွင် ထိုင်နေသည့် သက်လတ်ပိုင်းအရွယ်ရှိသော ခပ်ဝဝယောက်ျားတစ်ယောက်သည် ခေါင်းငြိမ့်လိုက်ရင်း "ဟုတ်တယ်။ ရှစစ်နျန်ရော ရှမေလင်းပါ ဒီနိုင်ငံထဲက ထွက်သွားကြပြီ။ သူတို့သွားတဲ့နေရာနဲ့ ပတ်သက်ပြီးလဲ ဘာသတင်းအချက်အလက်ကိုမှ  ငါ့လူတွေလည်း ရှာမရဘူးဖြစ်နေတယ်....ရုတ်တရက်ကြီး မြေပုံထဲကကို ပျောက်သွားတာ"

မိန်းမကြီး၏မျက်လုံးသည် မဲမှောင်လာသလို အခန်းတွင်းအပူချိန်သည် ပြောင်းလဲသွား၏ "သူတို့က....ပျောက်သွားတယ်?"

"သူတို့ကိုခြေရာ ဖျောက်ပေးနိုင်တဲ့ တစ်ယောက်တည်းသောလူက....ရှမေလင်းယောက်ျား လုရီဖုန်းပဲ"

"အဲ့ခွေးက ဘာလို့အဲ့လောက်ထိ ကံကောင်းနေရတာလဲ?" ဆံပင်ရွှေရောင်ဖျော့ဖျော့ ပိုင်ဆိုင်ထားသော မိန်းမတစ်ယောက်သည် အံကြိတ်ရင်းပြောလာသည်။ မျက်တောင်ရှည်ရှည်နှင့် မျက်နှာခပ်သေးသေးပိုင်ဆိုင်ထားသော ထိုမိန်းမသည် လှပလေ၏။ သူမအလှအား ပို၍ဆွဲဆောင်မှုရှိအောင် ပြုလုပ်ထားပေးသည်က ညာဘက်မျက်လုံးအောက်ပင်။

"သူမ ကံကောင်းချင်ကံကောင်းနေမှာပါ ဒါပေမယ့် ကြာကြာတော့ခံမှာ မဟုတ်ဘူး" သူ့အရှေ့တွင် ထိုင်နေသော မိန်းမအား ကြည့်ရင်း ထိုယောက်ျားသည် အေးဆေးစွာပြောလာလေ၏ "ဟုတ်တယ်မလား ယုံပီချီ?"

BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေးOpowieści tętniące życiem. Odkryj je teraz