[Zawgyi]
ယင်ကောင်တစ်ကောင်?
တစ်နာရီ မကြာခင်မှာပဲ fashion showသည် ပြီးဆုံးသွားတာမို့ နျန်ကျယ်ကျန်း အလုပ်သို့ ထွက်သွားလေတော့၏။
အပြင်ဘက်တွင် နာမည်ကြီးအနုပညာရှင်များကို စောင့်နေသည့် သတင်းထောက်များကို မျက်ခြေဖျက်ရန် ရန်ရှီယွမ်တစ်ယောက် မိန်းကလေးလိုဝတ်ဆင်ပြီး ရှမေလင်းနားသွား၏။
"နျန်ကျယ်ကျန်းရော?" အနားတဝိုက်အား ရှာကြည့်ရင်း မေးလိုက်သည်။
"အလုပ်သွားပြီ" ရှမေလင်း လက်ပိုက်လိုက်၏။ သူမကို နျန်ကျယ်ကျန်းအိမ်ပြန်လိုက်ပို့မည်ဆိုတုန်းက ငြင်းခဲ့သော အကြောင်းအရင်းသည် ဒီအချစ်ငှက်နှစ်ကောင်အတွက် သူမတွင် အစီအစဉ်ရှိနေသောကြောင့် ဖြစ်သည်။
ရန်ရှီယွမ် စိတ်ထဲမှသာ သက်ပြင်းချလိုက်၏။ အဆုံးထိ သူမကိုဒီမှာနေခဲ့ဖို့ မစွမ်းဆောင်နိုင်ခဲ့ဘူးဘဲ။ သူ့ကို အဲ့လောက်ထိ စိတ်ဆိုးနေတာလား?
"ငါတနေရာသွားစရာရှိလို့ လိုက်ခဲ့ဦးမလား?"
"အဲ့တာက.....အနုပညာရှင်တွေအတွက် ပါတီပွဲတက်စရာရှိပေမယ့်လည်း ကိုယ်ဝန်ဆောင်သည်ကိုတော့ တစ်ယောက်တည်းမလွှတ်နိုင်ဘူး။ သူတို့ ငါ့ကိုစောင့်နိုင်လောက်မှာပါ" သူ ပြုံးလိုက်ပြီးနောက် အမှီပြုရန် လက်မောင်းအား ကမ်းပေးလိုက်၏။
သူမသည်လည်း သူ့လက်မောင်းကို တွဲဖို့ရာ တုံ့ဆိုင်းမနေတော့။
ကားပါကင်ဆီသို့ ရန်ရှီယွမ်နှင့် သူမအတူ လျှောက်သွားပြီးနောက် သူမအတွက် ကားတံခါးအား ရန်ရှီယွမ်ဖွင့်ပေးလိုက်၏။ ရှမေလင်း ခရီးသည်ခုံတွင် ဝင်ထိုင်လိုက်ပြီးနောက် ခါးပတ်ပတ်လိုက်သည်။
ရန်ရှီယွမ်သည်လည်း ကားထဲဝင်ဖို့လုပ်လိုက်ပေမယ့် မန်နေဂျာကြောင့် သူ့ခြေလှမ်းတို့ ရပ်တန့်သွား၏။
"ရှီအာ!"
ရှမေလင်း မန်နေဂျာဖြစ်သူဘက် လှည့်လိုက်ပြီး မျက်ခုံးနှစ်ဖက်ပင့်ကာ "ဘာဖြစ်လို့လဲ? တစ်ခုခုလိုလို့လား?"
"ဒါကျန်ခဲ့လို့" စက္ကူအိတ်ထုတ်အား သူ့ဆီကမ်းပေးလိုက်လေ၏။

YOU ARE READING
BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေး
Romanceသူ့ကို အသက်ရှင်နေတဲ့လူသားနတ်ဆိုး တစ်ယောက်လို့ သူမအမြဲတွေးခဲ့တယ်။ ထိုသူကျူးလွန်ခဲ့တဲ့အရာတွေအပေါ် သူမခံစားလိုက်ရတာက သူမ သူ့ကိုကြောက်တယ် မုန်းခဲ့တယ် သို့ပေမယ့် သူဟာ သူမအတွက် သူ့ကိုယ်သူ ကြိုးစားပြောင်းလဲနေခဲ့တယ်။ သူမ ထိုသူ့ရဲ့ အမှန်တရားတွေကို သိပြီးနောက...