>196<[Zawgyi & Unicode]

2.7K 280 4
                                    

[Zawgyi]

ငါ့ယောက်ျားဆီကို ခေါ်သွားပေး

ခန်လင်းအကြောင်း ရှာပေးရန် လီပင်းပင်းအား ရှမေလင်းအကူအညီတောင်းသည့်နေ့တွင်ပင် ခန်လင်းအကြောင်း အကုန် ရှာတွေ့ခဲ့၏။

"သူမက...လင်းချင်ကဲလား?" ရှမေလင်း အံ့သြစွာ မေးလိုက်လေသည်။

"ဟုတ်တယ်။ ကြည့်ရတာ သူ့ဦးလေး အကူအညီနဲ့နိုင်ငံခြား ပါသွားတဲ့ပုံပဲ။ လူတွေသူ့ကိုမမှတ်မိတော့မယ့် အချိန်ထိကို ဓားအောက်မှာ ခိုဝင်နေခဲ့တာ ပြီးတော့မှ တရုတ်ပြန်လာပြီး သူ့အလုပ်ကို မော်ဒယ်အနေနဲ့ ဆက်လုပ်ခဲ့တယ် နောက်ကြာတော့ မင်းသမီးပါဖြစ်လာခဲ့တယ်" လီပင်းပင်းက ရှင်းပြလေသည်။ "သူမက အဲ့လိုဆိုရင်တောင်....ငါတို့အာရုံအောက်မှာပဲ ရှိပါသေးတယ်။ ဒီလောက်နာမည်ကြီးလာတာတောင် သူမက လင်းချင်ကဲဆိုတာကို ငါတို့တွေမမှတ်မိနိုင်ကြဘူး"

ရှမေလင်း အဆုံးတွင် ရယ်လိုက်ကာ "ကောင်းတယ်။ ကောင်းတယ်! ဒီတကြိမ်တော့ ငါကိုယ်တိုင် အပြစ်ပေးလို့ရပြီ! ငါ့အဖွားရဲ့ အမျက်ဒေါသကနေ လွတ်သွားတာ အတော်ကံကောင်းတာပဲ!"

"အဲ့တော့ နင်အခုဘာလုပ်ဖို့ စိတ်ကူးထားလဲ? နင်နဲ့အတူ အပြင်ထွက်ပြီး လိုက်ဖြေရှင်းပေးချင်ပေမယ့်လည်း လုပ်လို့မရဘူး" လုရှန်းယွီကို သူမသည် ပုန်းနေခဲ့တာမို့ သူသိသွားအောင်လည်း လူလုံးထွက်ပြလို့ မဖြစ်ပေ "ငါ့မှာရူးနှမ်းနေတဲ့ stalkerရှ်ိတာ နင်လည်းသိမှာပါ"

သူမ ရယ်လိုက်ပြီး "နင့် နေရာကို ဖမ်းမမိဖို့ မကြာခန ပြောင်းရွှေ့ပေးနေတာ ပိုကောင်းတယ်လို့ အကြံပေးချင်တယ်။ နင်ဒီမှာပဲ ဆက်နေမယ်ဆိုရင် သူရှာတွေ့သွားလိမ့်မယ်။ အထူးသဖြင့် နင်ကဒီမှာရှ်ိနေတယ်ဆိုတာကိုပါ ငါ့ယောက်ျားက  သိနေတာလေ....ငါ့ယောက်ျားဆီက စကားတစ်ခွန်းလောက်နဲ့ နင့်အိမ်ရှေ့တံခါးကို လုရှန်းယွီချက်ချင်း လာခေါက်နိုင်တယ်"

လီပင်းပင်း မျက်ခုံးတို့ကျုံ့လိုက်၏။ ရှမေလင်းပြောတာ မှန်တယ်ဆိုတာ သူမ စတင်တွေးတောနေမိပြီ ဖြစ်သည်။  "ကျွတ်....ကောင်မလေးရဖို့ သူ့ဘာသူမရှာနိုင်ဘူးလား? တော်တော် ပြဿနာရှာတဲ့ လူ...."

BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေးWhere stories live. Discover now