>205<[Zawgyi & Unicode]

2.7K 283 0
                                    

[Zawgyi]

သူမကအခု မင်းအပိုင်ပဲ

"ကျွန်မမိဘတွေ သေဆုံးခဲ့တာ မတော်တဆမှုကြောင့်လို့ လူတိုင်းသိထားကြပေမယ့် အဲ့အကြောင်းအရာက အမှန်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ လေးရက်က ကျွန်မခင်ပွန်းကို ရဲစခန်းကသွားထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ရဲစခန်းသွားခဲ့တဲ့  အကြောင်းအရင်းက အဲ့တစ်ခုတည်းကြောင့် မဟုတ်ဘူး။ ကျွန်မမိဘတွေရဲ့ သေးဆုံးမှုကို ထပ်ပြီးစစ်ဆေးပေးဖို့ ပြောမယ့်အတွက်ကြောင့်လည်း ပါပါတယ်" ရှမေလင်းသည် တည်တံ့စွာပြောလေ၏ "ကျွန်မမိဘတွေကို သတ်ခဲ့တဲ့လူရဲ့လက်အောက်မှာပဲ ခန်လင်းက အလုပ်လုပ်နေတာ။ ပြီးတော့ အဲ့လူက အခုဆို ကျွန်မတို့ရဲ့မိသားစုကို ဖျက်စီးဖို့ကြံစည်နေပြီ"

သူမစကားကြားလိုက်ရသည့် လူတိုင်းသည် ထိတ်လန့်စွာ ပင့်သက်ရှိုက်မိကြ၏။ ရှမိသားစုကို တစ်ယောက်ယောက်က ဖျက်စီးဖို့ကြံနေတယ်?

"ဒီကိစ္စက....ကျွန်မအတွက်  အရမ်းကို အထိမခံဖြစ်လွန်းတဲ့အကြောင်းအရာ ဖြစ်နေတာမို့ သက်သေတွေ လူတိုင်းကို မပြနိုင်မှာလည်း ဆိုးတယ်" သူမ မျက်ဝန်းထဲတွင် မျက်ရည်တို့စတင် ရစ်ဝိုင်းလာကာ "ကျွန်မအဖေက ကျွန်မအမေကို ပိုချစ်တာမို့ သူမကိုတစ်ယောက်တည်း မထားခဲ့နိုင်ဘူး။ ကျွန်မမိဘတွေနဲ့  အဖိုးအဖွားတို့ ရှင့်အပေါ် လုပ်ခဲ့တဲ့အမှားတွေအတွက် စိတ်ရင်းနဲ့ကို တောင်းပန်ပါတယ် ဒါပေမယ့်....ကျွန်မကို ရှင့်ဆီကနေ ခေါ်သွားပေးခဲ့တဲ့ အဖိုးနဲ့အဖွားကိုလည်း တကယ်ကိုကျေးဇူးတင်တယ်"

သူမ စကားတို့ရပ်လိုက်ပြီးနောက် ကင်မရာအား တည့်တည့်ကြည့်လိုက်ပြီး "ယုံပီချီ ရှင့်အပေါ်သူတို့က အမှားလုပ်ခဲ့ရင်တောင် သူတို့ကို ဝေဒနာခံစားရအောင်လုပ်ပြီး သတ်တာမျိုးတော့ မလုပ်ခဲ့သင့်ဘူး။ တရားဥပဒေကို သုံးပြီး ကျွန်မကိုပြန်ရအောင် ကြိုးစားလို့ရရဲ့သားနဲ့....ကျွန်မအဖေက ရှင့်ကိုလက်ခံလာဖို့ကိုပဲ တွေးနေခဲ့တယ်။ ရှမိသားစုသွေးတွေက ခန္ဓာကိုယ်ထဲ စီးဆင်းနေတာနဲ့ပဲ ကိုယ့်သမီးအရင်းကိုတောင် သတ်ဖို့ကြိုးစားနေတဲ့ အခြေအနေကိုတော့ ဘယ်လိုမှ တွေးကြည့်လို့ကိုမရဘူး။ ရှင်က ဘယ်လိုမိခင်လဲ?"

BOOK-2 နတ်ဆိုးရဲ့ အိပ်ပျော်နေသော အလှလေးNơi câu chuyện tồn tại. Hãy khám phá bây giờ